Pages

Monday, November 25, 2013

မန်းလေး ဘောလုံးဒိုင်မှာ နှစ်လောင်းပြိုင်လူသတ်မှုတရားခံများ ၂၄နာရီအတွင်းဖမ်းဆီးရမိ


RangonNewsDaily:: November . 25 .2013
နိုဝင်ဘာ ၂၅ နိုဝင်ဘာ ၂၄ နေ့တစ်နာရီခန့်က မန်းလေး မဟာအောင်မြေမြို့နယ် စိမ်းပေါင်းရပ်
ကွက် ၃၈-၃၉လမ်း၊၈၂-၈၃လမ်းကြားမှာ နာမည်ကြီးဘောလုံးဒိုင်ရှိ ၀န်ထမ်း၂ဦးကို ရက်ရက်စက်
စက် ဓါးနဲ့အချက်ပေါင်းများစွာဝင်ရောက်ခုတ်ခဲ့လို့ ၂လောင်းပြိုင်လူသတ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအပေါ်မှာ မြို့ပေါ်က လူတွေက စိတ်ဝင်တစားရှိနေ သုံးသပ်နေကြတာပါ နေ့ခင်းကြောင်တောင်
ဒီလောက်ရက်ရက်စက်စက်ဝင်ရောက်သတ်သွားတာဆိုတော့ မြို့ခံတွေ စိတ်မှာစိုး၇ိမ်ပူပန်နေကြပါ
တယ်၊

ခုတော့ ယင်းလူသတ်တရားခံတွေကို မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ကျိုးစားဖေါ်ထုတ်နိုင်ခဲ့ပါပီ ယင်းလူသတ်သူတွေဟာရန်ငြိုးကြောင့်
လို့သိရပါတယ် ။
::
၎င်းတို့ကတော့ ကျော်မျိုးလွင်၊ဦးလုံးဥသျှောင်ရပ်ကွက်နေသူနဲ့ လင်းလင်းထွန်း(ခ)ကိုလင်း
တို့ဖြစ်ကြပါတယ်လို့သိရပါတယ် ယင်းတို့ကို ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။

Credit:: အောင်မိုး ::--   ,kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment