Pages

Saturday, November 2, 2013

ဖူလ်ဟမ် - မန်ယူနိုက်တက် ပွဲမတိုင်မီ ထူးခြားချက်များ

Photo: ဖူလ်ဟမ် - မန်ယူနိုက်တက် ပွဲမတိုင်မီ ထူးခြားချက်များ
Saturday, October 2, 2013

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ကစားကြမည့် ဖူလ်ဟမ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ပြိုင်ပွဲ မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကိုတင်ပြအပ်ပါသည်။

ဖူလ်ဟမ် အသင်းခေါင်းဆောင် ဘရီဒီ ဟန်ဂယ်လန်းဟာ ခြေထောက် အာရုံကြော ပြဿနာကြောင့် ပါဝင်နိုင်မည် မဟုတ်သလို တိုက်စစ်မှူး ရော့ဒီယယ်ဂါလည်း လွဲချော်အုံးမည် ဖြစ်သည်။ နည်းပြ မာတင်ဂျိုးဟာ ကပ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲမှာ လူစာရင်း အပြောင်းအလဲ ၉ ခု ပြုလုပ်ခဲ့ပြီး ဘာဘာတော့ဗ်၊ စကော့တ် ပါကား၊ ဆက်စ်ချာ ရီသာနှင့် ကာဆာမီတို့ဟာ ယခုပွဲစဉ်မှာ ပွဲထွက် ကစားသမားအဖြစ် ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ဟာ ဒူးဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ လွဲချော်မည် ဖြစ်သည်။ လာမည့် ဗုဒ္ဓဟူးနေ့မှာ ရီးရဲဆိုစီဒက်ကွင်းကို သွားရောက် ကစားစရာ ရှိနေသည့် မန်ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အချို့ ရှိနိုင်သည့် ပွဲစဉ် ဖြစ်သည်။

☻ ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ဆုံးတွေ့ဆုံခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲစလုံး မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိထားပြီး ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိထားသည်။

☻ ပရီးမီးယားလိဂ် တွေ့ဆုံမှုပေါင်း ၂၄ ပွဲ ရှိခဲ့ရာမှာ ဖူလ်ဟမ်အသင်းက ၃ ပွဲသာ အနိုင်ရခဲ့သည်။

☻ ဖူလ်ဟမ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး အောက်တိုဘာလ အစောပိုင်းက စတုတ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲဖြစ်သည်။

☻ ဖူလ်ဟမ်အသင်းဟာ ရာသီအစ ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲမှာ ၂ ပွဲ အနိုင်ရထားသည်။

☻ ဖူလ်ဟမ်အသင်းဟာ ယခုနှစ် အိမ်ကွင်း ၄ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သေးသည်။ ပြီးခဲ့သည့် နှစ် ဘောလုံးရာသီက အိမ်ကွင်း အစ ၄ ပွဲမှာ ၁၀ အထိ သွင်းယူနိုင်ခဲ့ကြသည်။

☻ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်မရသေးပဲ ယခုပွဲစဉ်မှာ ပထမဆုံးအကြိမ် နှစ်ပွဲဆက် အနိုင်ရဖို့ ကြိုးပမ်းလာမည် ဖြစ်သည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲစဉ် ၉ အပြီးမှာ ၁၄ မှတ်သာ ရယူနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘောလုံးရာသီက ၉ ပွဲအပြီး ၂၁ မှတ်နှင့် နှိုင်းယှဉ်ပါက ဆန့်ကျင်ဘက် အနေအထားဖြစ်သည်။

☻ ပွဲစဉ် ၉ အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသွင်းယူနိုင်သည့် ကစားသမားပေါင်း ၅ ဦးသာ ရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်က ပွဲစဉ် ၉ အပြီးမှာ မန်ယူနိုက်တက် ကစားသမားပေါင်း ၁၃ ယောက်အထိ ဂိုးသွင်းယူခဲ့ကြပြီး ဖြစ်ခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
FOOTBALL CAFE

RangonNewsDaily:: November . 2 .2013
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ကစားကြမည့် ဖူလ်ဟမ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့
ပြိုင်ပွဲ မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကိုတင်ပြအပ်ပါသည်။ ဖူလ်ဟမ် အသင်းခေါင်းဆောင်ဘရီဒီဟန်ဂယ်လန်းဟာ ခြေထောက် အာရုံကြော ပြဿနာကြောင့်ပါဝင်နိုင်မည်
မဟုတ်သလို တိုက်စစ်မှူး ရော့ဒီယယ်ဂါလည်း လွဲချော်အုံးမည် ဖြစ်သည်။ နည်းပြ မာတင်ဂျိုးဟာ ကပ်ပီတယ်
ဝမ်း ဖလားပြိုင်ပွဲမှာ လူစာရင်း အပြောင်းအလဲ ၉ ခု ပြုလုပ်ခဲ့ပြီး ဘာဘာတော့ဗ်၊ စကော့တ် ပါကား၊ ဆက်စ်
ချာ ရီသာနှင့် ကာဆာမီတို့ဟာ ယခုပွဲစဉ်မှာ ပွဲထွက် ကစားသမားအဖြစ် ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ဟာ ဒူးဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ လွဲချော်မည် ဖြစ်
သည်။ လာမည့် ဗုဒ္ဓဟူးနေ့မှာ ရီးရဲဆိုစီဒက်ကွင်းကို သွားရောက် ကစားစရာ ရှိနေသည့် မန်ယူနိုက်တက်
အနေနဲ့ ယခုပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အချို့ ရှိနိုင်သည့် ပွဲစဉ် ဖြစ်သည်။

☻ ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ဆုံးတွေ့ဆုံခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲစလုံး မန်ချက်စတာယူနိုက်တက်
အသင်းက အနိုင်ရရှိထားပြီး ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိထားသည်။

☻ ပရီးမီးယားလိဂ် တွေ့ဆုံမှုပေါင်း ၂၄ ပွဲ ရှိခဲ့ရာမှာ ဖူလ်ဟမ်အသင်းက ၃ ပွဲသာ အနိုင်ရခဲ့သည်။

☻ ဖူလ်ဟမ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး အောက်တိုဘာ
လ အစောပိုင်းက စတုတ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲဖြစ်သည်။

☻ ဖူလ်ဟမ်အသင်းဟာရာသီအစ ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲမှာ ၂ ပွဲ အနိုင်
ရထားသည်။

☻ ဖူလ်ဟမ်အသင်းဟာ ယခုနှစ် အိမ်ကွင်း ၄ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သေးသည်။ ပြီးခဲ့သည့် နှစ် ဘော
လုံးရာသီက အိမ်ကွင်း အစ ၄ ပွဲမှာ ၁၀ အထိ သွင်းယူနိုင်ခဲ့ကြသည်။

☻ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်မရသေးပဲ ယခုပွဲစဉ်
မှာ ပထမဆုံးအကြိမ် နှစ်ပွဲဆက် အနိုင်ရဖို့ ကြိုးပမ်းလာမည် ဖြစ်သည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲစဉ် ၉ အပြီးမှာ ၁၄ မှတ်သာ ရယူနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘောလုံး
ရာသီက ၉ ပွဲအပြီး ၂၁ မှတ်နှင့် နှိုင်းယှဉ်ပါက ဆန့်ကျင်ဘက် အနေအထားဖြစ်သည်။

☻ ပွဲစဉ် ၉ အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသွင်းယူနိုင်သည့် ကစားသမားပေါင်း ၅ ဦးသာ ရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်က ပွဲစဉ် ၉ အပြီးမှာမန်ယူနိုက်တက် ကစားသမားပေါင်း ၁၃ ယောက်အထိ ဂိုးသွင်း
ယူခဲ့ကြပြီး ဖြစ်ခဲ့သည်။

FOOTBALL CAFE   , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment