Pages

Saturday, November 2, 2013

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များအတွင်း ၀န်ထမ်းအယောင်ဆောင်၍ လိမ် လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များအတွင်း ၀န်ထမ်းအယောင်ဆောင်၍ လိမ်
လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ



kolatt(PBDN): November . 2 .2013

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များ၌အထက်အကြီးအကဲများ၏အမည်အားအသုံး
ပြုကာ အယောင်ဆောင်လိမ်လည်မှုကျူးလွန်နေကြောင်း သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်
ဆိုသူအား စုံစမ်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။
::
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်
ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ ဒဂုံ
တောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်ကြောင်း အတည်ပြုစုံစမ်းရရှိခဲ့သည်။
::
သတင်းအရ ၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ (ဘ)ဦးကျင်သိန်း
အား ၁ဂ/၆၅၉၉နံပါတ်တပ်ဆင်ထားသည့် NISSAN BLUE BIRD အနက်ရောင် (မှန်များ၌စတေ
ကာကပ်) မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
သို့ခေါ်ယူ၍ ရှာဖွေစစ်ဆေးခဲ့ပါသည်။
::
ကျော်မိုးနိုင်(ခ)ကျော်ကျော်၏ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းစီးနင်းအသုံးပြုသည့် ယာဉ်အတွင်းမှ 

ဗိုလ်မှူးကြီးအဆင့်ဆောင်းသည့် ရွှေချည်ထိုးဦးထုပ် (၁)လုံး

အနီရောင်ဝါယာလက်မီးလုံး (၁)လုံး

လက်ထိပ် (၂)ကွင်း

အနက်ရောင်လက်ကိုင်စကားပြောစက် (၁)လုံး၊

ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးစာတမ်းပါ အစိမ်းရောင်ကဒ်(၁)ခု

ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်မောင်းတံဆိပ်တစ်စုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးစာတမ်းပါ မှတ်စုစာအုပ် (၁)အုပ်

ယာဉ်၏အမိုးပေါ်တွင်တင်သုံးသည့် စကားပြော စက်ဧရိယာတိုင် (၁)ခု၊

ကျော်မိုးနိုင်အမည်ပါလိပ်စာကဒ် (၂၀)ခုတို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျော်မိုးနိုင်(ခ)ကျော်
ကျော်အား ဒဂုံမြို့မရဲစခန်း(ပ)၂၃၅/၂၀၁၃၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေပုဒ်မ ၆(၁)ဖြင့်လည်းကောင်း
၊ (ပ)၂၃၆/၂၀၁၃၊ ပုဒ်မ ၁၄၀/၁၇၀ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်ထားရှိပါသည်။
::
အထက်ပါအမှုများဖြင့် အရေးယူဆောင်ရွက်သူ ကျော်မိုးနိုင်(ခ)ကျော်ကျော်သည်အခြားမြို့နယ်များ
တွင်လည်းအထက်အကြီးအကဲများ၏အမည်များအသုံးပြု၍့ အရာရှိအဖြစ်အယောင်ဆောင်ကာ
လိမ်လည်မှုများကျူးလွန်ထားကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police ::--



See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 2 .2013 ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များ၌အထက်အကြီးအကဲများ၏အမည်အားအသုံး
ပြုကာ အယောင်ဆောင်လိမ်လည်မှုကျူးလွန်နေကြောင်း သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်
ဆိုသူအား စုံစမ်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်
ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိသူ ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ ဒဂုံ
တောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်ကြောင်း အတည်ပြုစုံစမ်းရရှိခဲ့သည်။
::
သတင်းအရ ၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ (ဘ)ဦးကျင်သိန်း
အား ၁ဂ/၆၅၉၉နံပါတ်တပ်ဆင်ထားသည့် NISSAN BLUE BIRD အနက်ရောင် (မှန်များ၌စတေ
ကာကပ်) မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
သို့ခေါ်ယူ၍ ရှာဖွေစစ်ဆေးခဲ့ပါသည်။
::
ကျော်မိုးနိုင်(ခ)ကျော်ကျော်၏ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းစီးနင်းအသုံးပြုသည့် ယာဉ်အတွင်းမှ

ဗိုလ်မှူးကြီးအဆင့်ဆောင်းသည့် ရွှေချည်ထိုးဦးထုပ် (၁)လုံး

အနီရောင်ဝါယာလက်မီးလုံး (၁)လုံး

လက်ထိပ် (၂)ကွင်း

အနက်ရောင်လက်ကိုင်စကားပြောစက် (၁)လုံး၊

ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးစာတမ်းပါ အစိမ်းရောင်ကဒ်(၁)ခု

ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်မောင်းတံဆိပ်တစ်စုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးစာတမ်းပါ မှတ်စုစာအုပ် (၁)အုပ်

ယာဉ်၏အမိုးပေါ်တွင်တင်သုံးသည့် စကားပြော စက်ဧရိယာတိုင် (၁)ခု၊

ကျော်မိုးနိုင်အမည်ပါလိပ်စာကဒ် (၂၀)ခုတို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျော်မိုးနိုင်(ခ)ကျော်
ကျော်အား ဒဂုံမြို့မရဲစခန်း(ပ)၂၃၅/၂၀၁၃၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေပုဒ်မ ၆(၁)ဖြင့်လည်းကောင်း
၊ (ပ)၂၃၆/၂၀၁၃၊ ပုဒ်မ ၁၄၀/၁၇၀ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်ထားရှိပါသည်။
::
အထက်ပါအမှုများဖြင့် အရေးယူဆောင်ရွက်သူ ကျော်မိုးနိုင်(ခ)ကျော်ကျော်သည်အခြားမြို့နယ်များ
တွင်လည်းအထက်အကြီးအကဲများ၏အမည်များအသုံးပြု၍့ အရာရှိအဖြစ်အယောင်ဆောင်ကာ
လိမ်လည်မှုများကျူးလွန်ထားကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police ::-- , kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment