Pages

Saturday, November 2, 2013

ရန်ကုန်မြို့တော်ခန်းမရှေ့ လူငယ်တစ်ဦးထံမှ ငွေလေးထောင် လက်ခံသူ အမျိုးသမီး ပြည့်တန်ဆာပုဒ်မဖြင့် တရားစွဲခံရ ဟုဆို

RangonNewsDaily:: November . 2 .2013
ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့တွင် အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက ငွေ
ကျပ်လေးထောင် လာရောက်ပေးမှုကို လက်ခံခဲ့သည့် အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦး
ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြည့်တန်ဆာ ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူ မအေးမြလင်းက ပြော
ကြားသည်။မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးအေးမြင့်သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဆူးလေဘုရား ဂေါပကအဖွဲ့ဝင် (အစ်ကိုဝမ်းကွဲ တော်စပ်သူ) ဦးဟုတ်
ကြည်ထံ လစဉ် မုန့်ဖိုးကို လာရောက် တောင်းခံစဉ် အစ်ကိုမှာ အလုပ် မအားသေးသဖြင့် စောင့်
နေခဲ့ကြောင်း၊
::
ယင်းနောက် ဖရဲသီးစားချင်သောကြောင့်ဘုရားပေါ်မှဆင်းပြီးလမ်းလျှောက်ခဲ့ရာ မြို့တော်ခန်းမရှေ့
တွင် လူငယ်တစ်ဦး ရောက်ရှိလာပြီး ငွေလေးထောင်ကျပ် ကို လာပေးခဲ့ကြောင်း၊ အစ်ကိုဖြစ်သူက
 ပေးခိုင်းသည်ဟု တွေးထင်ကာ လက်ခံခဲ့ပြီးနောက် အိမ်ပြန်ရန် ဆူးလေကားဂိတ်သို့ လာစဉ် ယင်း
ကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းက ရှင်းပြသည်။
::
ကားဂိတ်သို့ ပြန်လာစဉ် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားပေါ်တင်ကာ စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် (ပ)၃၇၃/၁၃၊ ပြည့်တန်ဆာပုဒ်မ ၃(က) (ခ) ဖြင့် အမှုဖွင့်ကာ ကျောက်တံတားမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိပြီး အင်းစိန် အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားကြောင်း ၎င်းကထပ်မံပြောကြားသည်။
::
“အရင်က သူကကြက်သားရောင်းတယ်။ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တယ်။ အသိတွေ ဆေးရုံတက်ရင် လူနာစောင့် လိုက်ပေးတယ်။ ရပ်ကွက်ထဲ သူနေထိုင်ခဲ့တဲ့ တစ်လျှောက် ပြစ်မှု တစ်စုံတစ်ခု မရှိခဲ့ဘူး။ အခုဒီလို ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခံရတယ်ဆိုတော့ ယုံတောင် မယုံနိုင်ဘူး” ဟု အဖမ်းခံရသူ အမျိုးသမီးနှင့် တစ်အိမ်တည်း ငှားရမ်းနေထိုင်သူ ဒေါ်ဇာနည်ထွန်းက ဆိုသည်။
::
ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် မြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ရဲကျင့်ထုံး အက်ဥပဒေ ပြဋ္ဌာန်းချက်များ အရ ပြစ်မှုကျူးလွန်သူဟု သတင်းရရှိသူကို ဖမ်းဆီးအရေးယူရာတွင် သက်သေခံပစ္စည်းနှင့် သက်သေခံလူများ ခိုင်လုံစွာ ပါရှိမှသာ အမှုဖွင့် ဆောင်ရွက်နိုင်ကြောင်း၊
::
ယခုပြည့်တန်ဆာ ပုဒ်မဖြင့် အဖမ်းခံရသူ အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်အတွင်း ပြည့်တန်ဆာ လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ရှာဖွေ စစ်ဆေးခဲ့ပြီး သက်သေ ခိုင်လုံသောကြောင့် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်ကြိုင်က ပြောကြားသည်။
::
“သတင်းရရှိမှုကြောင့် တာဝန်အရ ရှာဖွေစစ်ဆေးပေမယ့် သက်သေ မခိုင်လုံဘူးဆိုရင် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒီအမှုကိစ္စကတော့ ကျွန်တော်တို့ ကျောက်တံတား ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခြင်း မဟုတ်ပါဘူး။ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်” ဟု ယင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
::
ရန်ကုန်မြို့လယ် ဆူးလေဘုရားပေါ်တွင် ပြည့်တန်ဆာများက ဘုရားဖူးပုံစံဖြင့် ပျော်ပါးရန် ဆွဲဆောင်
မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ တိုင်ကြားမှုများ ရရှိပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်
တွင် ၃၀ ဦးခန့် ဖမ်းဆီးအရေးယူပြီး ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိ ရသည်။
::
ပြည့်တန်ဆာ လုပ်ကိုင်သူကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များက သက်သေ အထောက်အထား ရယူ
ရန် ငွေစက္ကူများကို ကြိုတင် မှတ်တမ်းတင်ထားပြီးနောက် သက်သေအဖြစ် ဆောင်ရွက်မည့် အမျိုး
သားမှတစ်ဆင့် ပြည့်တန်ဆာကိုပေးကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်း
ထံမှ သိရှိရသည်။

The Voice  ::-- , kolatt(PBDN)
RangonNewsDaily





See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment