Pages

Saturday, November 2, 2013

နယူးကာဆယ် နဲ့ ချယ်ဆီးအသင်း တို့၏ ပွဲစဉ်မတိုင်မှီ ထူးခြားချက်များ နှင့် သုံးသပ်ချက်များ

Photo: နယူးကာဆယ် နဲ့ ချယ်ဆီးအသင်း တို့၏ ပွဲစဉ်မတိုင်မှီ ထူးခြားချက်များ နှင့် သုံးသပ်ချက်များ
Saturday, October 2, 2013

          ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ၏ အစောဆုံးပွဲစဉ်အဖြစ် နယူးကာဆယ် ယူနိုက်တက်အသင်းနှင့် ချယ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသည်။ လက်ရှိနယူးကာဆယ်အသင်း၏ အခြေအနေက ခံစစ်ပိုင်းအားနည်းခြင်းပါ။ ပိုဆိုးသည်က နယူးကာဆယ်အသင်းမှာ ဗဟိုနောက်ခံလူ စတီဗင် တိုင်လာ ပါဝင်နိုင်မည် မဟုတ်သေးသလို အသင်းခေါင်းဆောင် ကိုလိုချီနီဟာလည်း ပေါင်ခြံ ဒါဏ်ရာကြောင့် ပါဝင်ဖို့ မလွယ်ကူသေးပေ။ တံကောက်ကြော ဒါဏ်ရာကြောင့် ပေါလ် ဒမ်ဘတ်လည်း လွဲချော်အုံးမည် ဖြစ်လို့ အိမ်ကွင်းမှာ သရေလဒ်ကိုတောင် မနည်းရုန်းကန်ရဖွယ် ဖြစ်နေတယ်။ ခုတလော ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်နေပြီး မော်ရင်ညို၏ နည်းဗျူဟာနှင့် အသားကျလာနေတဲ့ ချယ်ယ်ဆီး ဖြင့် ယှဉ်ရမှာမို့ မလွယ်ကူနိုင်ပါ။ ဒါပေမယ့် လက်ရှိအခြေအနေအရ သုံးသပ်မိရင် အော်စကာ၊ ဟာဇက် နှင့် တောရက်စ်တို့အကောင်းဆုံး အနေအထားရှိနေသည့်အတွက် ချဲယ်ဆီးအနိုင်ဆိုတာကို အလေးပေးမိချင်ပါတယ်။

          ပွဲစဉ်မတိုင်မီ ဒါဏ်ရာရပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကိုလည်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။ ချယ်ဆီးအသင်းမန်နေဂျာ ဂျို့စ် မော်ရင်ဟိုအနေနှင့် ကပ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲမှာ အရံလူ အများအပြားကို နေရာပေးခဲ့ပြီး ယခုပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အများအပြား ပြုလုပ် ပွဲထွက်လာဖွယ် ရှိနေသည်။ ပြီးခဲ့သည့် ကယ်တီတယ် ၀မ်းဖလားပွဲစဉ်များမှာ နယူးကာဆယ်အသင်းက မန်စီးတီးအသင်းကို ရှုံးနိမ့်ထားပါတယ်။ ကပ်ပီတယ်ဝမ်း ဖလားပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ချယ်ဆီးအသင်းအနေဖြင့် ဒါဏ်ရာ ကင်းစင်နေသည့်အပြင် အောင်မြင်မှုအတွက် ယုံကြည်မှုတွေ တိုးလာနေသည်ကို တွေ့ရပါတယ်။ ပွဲစဉ်မတိုင်မှီ ထူးခြားချက်အဖြစ် …

☻ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ်မှာ နယူးကာဆယ်အသင်းဟာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၃-၂ ဂိုး ရလာဒ်ထွက်ပေါ်လာအောင် တန်ပြန်စွမ်းဆောင်နိုင်ခဲ့သည်။ ထိုစဉ်က မော်ဆာ ဆီဆိုကိုက နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။

☻ စိန့်ဂျိမ်းပါ့ခ်မှာ ရင်ဆိုင်ခဲ့သည့် နောက်ဆုံး ၆ ပွဲမှာ နယူးကာဆယ်အသင်းဟာ အဆိုပါ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲသရေ ချယ်ဆီးအသင်းက ၃ ပွဲ အနိုင်ရထားသည်။

☻ နယူးကာဆယ်အသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ၃ ပွဲ ရှုံးနိမ့်ထားသည်။

☻ နယူးကာဆယ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ခံစစ်ညံ့ဖျင်းနေပြီး ပေးဂိုး ၁၆ ဂိုးအထိ ရှိခဲ့သည်။ နယူးကာဆယ်အသင်းထက် ပေးဂိုးများသည့် အသင်းဟူ၍ ဇယားအောက်ဆုံးမှ ဆန်းဒါးလန်းအသင်းနှင့် ခရစ္စတယ်ပဲလေ့စ် အသင်းတို့သာ ရှိသည်။

☻ နယူးကာဆယ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားသည်။

☻ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရဖို့ ကြိုးပမ်းလာမည် ဖြစ်ပြီး ပြိုင်ပွဲစုံ ၇ ပွဲဆက် အနိုင်ရဖို့ ကြိုးပမ်းမည့် ပွဲဖြစ်သည်။

☻ ချယ်ဆီးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ်များမှာ အိမ်ကွင်း ရလာဒ်အကောင်းဆုံး အသင်းဖြစ်သော်လည်း အဝေးကွင်းပွဲစဉ်များမှာ တစ်ပွဲသာ အနိုင်ရရှိထားပြီး အဝေးကွင်းရမှတ်များကို ဇယားစီပါက အဆင့် ၁၃ နေရာမှာ ရပ်တည်နေမည် ဖြစ်သည်။

☻ ချယ်ဆီးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ပေးဂိုး တစ်ဂိုးအထက် ပေးရသည့် ပွဲ တစ်ပွဲမှ မရှိခဲ့ပေ။

          စနေနေ့ညနေတွင် အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည့် ချယ်လ်ဆီးအသင်း နှင့် နယူးကာဆယ်အသင်း၏ ပွဲစဉ်သုံးသပ်ချက်များကို အက်ဒမင်အကိုတစ်ယောက်၏ Data ရှာဖွေပေးမှု အချက်အလက်တွေနှင့်အတူ သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။

Written by မိုးတိမ် (တမာမြေ)

FOOTBALL CAFE

RangonNewsDaily:: November . 2 .2013
ပရီးမီးယားလိဂ် ပွဲစဉ်၁၀ ၏ အစောဆုံးပွဲစဉ်အဖြစ် နယူးကာဆယ် ယူနိုက်တက်အသင်းနှင့် ချယ်ဆီး အသင်း
တို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသည်။ လက်ရှိနယူးကာဆယ်အသင်း၏ အခြေအနေက ခံစစ်ပိုင်းအားနည်းခြင်းပါ။ ပိုဆိုးသည်က နယူးကာဆယ်အ
သင်းမှာ ဗဟိုနောက်ခံလူ စတီဗင် တိုင်လာ ပါဝင်နိုင်မည် မဟုတ်သေးသလို အသင်းခေါင်းဆောင် ကိုလိုချီနီ
ဟာလည်း ပေါင်ခြံ ဒါဏ်ရာကြောင့် ပါဝင်ဖို့ မလွယ်ကူသေးပေ။ 
 
တံကောက်ကြော ဒါဏ်ရာကြောင့် ပေါလ် ဒမ်ဘတ်လည်း လွဲချော်အုံးမည် ဖြစ်လို့ အိမ်ကွင်းမှာ သရေလဒ်
ကိုတောင် မနည်းရုန်းကန်ရဖွယ် ဖြစ်နေတယ်။ ခုတလော ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်နေပြီး မော်ရင်ညို၏ နည်းဗျူဟာနှင့် အသားကျလာနေတဲ့ ချယ်ယ်ဆီး ဖြင့် ယှဉ်ရမှာမို့ မလွယ်ကူနိုင်ပါ။
 
ဒါပေမယ့် လက်ရှိအခြေအနေအရ သုံးသပ်မိရင် အော်စကာ၊ ဟာဇက် နှင့် တောရက်စ်တို့အကောင်းဆုံး အနေအထားရှိနေသည့်အတွက် ချဲယ်ဆီးအနိုင်ဆိုတာကို အလေးပေးမိချင်ပါတယ်။

ပွဲစဉ်မတိုင်မီ ဒါဏ်ရာရပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကိုလည်း အောက်ပါအတိုင်း တင်ပြအပ်ပါ
သည်။ချယ်ဆီးအသင်းမန်နေဂျာဂျို့စ် မော်ရင်ဟိုအနေနှင့်ကပ်ပီတယ်ဝမ်းဖလားပြိုင်ပွဲမှာအရံလူ အများအပြား
ကို နေရာပေးခဲ့ပြီး ယခုပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အများအပြား ပြုလုပ် ပွဲထွက်လာဖွယ် ရှိနေသည်။
 
 ပြီးခဲ့သည့် ကယ်တီတယ် ၀မ်းဖလားပွဲစဉ်များမှာ နယူးကာဆယ်အသင်းက မန်စီးတီးအသင်းကို ရှုံးနိမ့်ထား
ပါတယ်။ ကပ်ပီတယ်ဝမ်း ဖလားပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ချယ်ဆီးအသင်းအနေဖြင့် ဒါဏ်
ရာ ကင်းစင်နေသည့်အပြင် အောင်မြင်မှုအတွက် ယုံကြည်မှုတွေ တိုးလာနေသည်ကို တွေ့ရပါတယ်။ ပွဲစဉ်
မတိုင်မှီ ထူးခြားချက်အဖြစ် …

☻ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ်မှာ နယူးကာဆယ်အသင်းဟာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၃-၂ ဂိုး ရလာဒ်ထွက်ပေါ်လာအောင် တန်ပြန်စွမ်းဆောင်နိုင်ခဲ့သည်။ ထိုစဉ်က မော်ဆာဆီဆိုကိုကနာကျင်အချိန်
ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။

☻ စိန့်ဂျိမ်းပါ့ခ်မှာ ရင်ဆိုင်ခဲ့သည့် နောက်ဆုံး ၆ ပွဲမှာ နယူးကာဆယ်အသင်းဟာ အဆိုပါ တစ်ပွဲသာ အနိုင်
ရခဲ့ပြီး ၂ ပွဲသရေ ချယ်ဆီးအသင်းက ၃ ပွဲ အနိုင်ရထားသည်။

☻ နယူးကာဆယ်အသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ၃ ပွဲ ရှုံးနိမ့်ထားသည်။

☻ နယူးကာဆယ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ခံစစ်ညံ့ဖျင်းနေပြီး ပေးဂိုး ၁၆ ဂိုးအထိ ရှိခဲ့သည်။ နယူးကာဆယ်အသင်းထက် ပေးဂိုးများသည့် အသင်းဟူ၍ ဇယားအောက်ဆုံးမှ ဆန်းဒါးလန်းအသင်းနှင့် ခရ
စ္စတယ်ပဲလေ့စ် အသင်းတို့သာ ရှိသည်။

☻ နယူးကာဆယ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားသည်။

☻ ချယ်ဆီးအသင်းဟာပရီးမီးယားလိဂ်၎ ပွဲဆက်အနိုင်ရဖို့ ကြိုးပမ်းလာမည် ဖြစ်ပြီး ပြိုင်ပွဲစုံ ၇ ပွဲဆက် အနိုင်
ရဖို့ ကြိုးပမ်းမည့် ပွဲဖြစ်သည်။

☻ ချယ်ဆီးအသင်းဟာယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်များမှာအိမ်ကွင်း ရလာဒ်အကောင်းဆုံး အသင်းဖြစ်သော်
လည်း အဝေးကွင်းပွဲစဉ်များမှာ တစ်ပွဲသာ အနိုင်ရရှိထားပြီး အဝေးကွင်းရမှတ်များကို ဇယားစီပါက အဆင့် ၁၃ နေရာမှာ ရပ်တည်နေမည် ဖြစ်သည်။

☻ ချယ်ဆီးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ပေးဂိုး တစ်ဂိုးအထက် ပေးရသည့် ပွဲ တစ်ပွဲမှ မရှိခဲ့ပေ။

စနေနေ့ညနေတွင်အစောဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမည့်ချယ်လ်ဆီးအသင်း နှင့်နယူးကာဆယ်အသင်း
၏ ပွဲစဉ်သုံးသပ်ချက်များကို အက်ဒမင်အကိုတစ်ယောက်၏ Data ရှာဖွေပေးမှု အချက်အလက်တွေနှင့်အတူ သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။


FOOTBALL CAFE , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment