Pages

Sunday, November 17, 2013

သာကေတမြို့နယ်တွင် မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး

RangonNewsDaily:: November . 17 .2013
၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည်သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်း
မကြီးဘေး မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ်
သာကေတဓါတ်အားပေးစက်ရုံမှ သီတာဓါတ်အားခွဲရုံသို့သွယ်တန်းထားသော 66 KV ဓါတ်အား
ကြိုးမှဓါတ်လိုက်ပြီး မယ်ဇလီပင် ပေါ်တွင် ချိတ်တွယ်သေဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းသေ
မှုသေခင်းအမှတ်စဉ် ၅/၂၀၁၃ ဖြင့် ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ၁၂၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၂)နေ အောင်သူထွန်း(ဘ)ဦးလှစိုးသည် စက်မှုဇုံ(၂)၊ ဦးအောင်သူလမ်းနှင့်ဦးမိုးလမ်းထောင့်ရှိ မယ်ဇလီပင်ပေါ်သို့မယ်ဇလီဖူးတက်ခူးစဉ်
 11 KV ဓါတ်အားကြိုးကို ကိုင်ဆွဲမိကာမယ်ဇလီပင်ပေါ်တွင် ဓါတ်လိုက်သေဆုံးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၇၅/၂၀၁၃ဖြင့် ဖွင့်လှစ်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment