Pages

Sunday, November 17, 2013

အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ

အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ
===============================
အောက်တိုဘာ- ၁၇၊ ၂၀၁၃
M-Media

ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။ 

အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို  မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
==========================================

ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာမ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

အစ္စလာမ်သာသနာကိုစော်ကားထားသော - အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထားပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေကြပါသည်။

ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါလျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

လက်ခံ၍မရနိုင်သော ဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုံ့ချကြရန်၊ ဘာသာရေးလူမျိုးရေးဆိုင်ရာအမုန်းတရားထိုးဆွနေသည့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြပါရန် ကျွန်ုပ်တို့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။ 

အစ္စလာမ်ကိုဆန့်ကျင်သည့် ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အား ခွင့်ပြုနေသည့်အပေါ် ပြတ်သားရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။
 
မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံးထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေးချယ်ပါမည်။

မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
MAPIM ဥက္ကဌ
ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ်


RangonNewsDaily:: November . 17 .2013
ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။ အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ 
 
ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။
 
 ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်

အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ


အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်

==========================================

ဤရက်ပိုင်းအတွင်းအိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ်မနှစ်မြို့ခြင်း
ကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာ
မ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

အစ္စလာမ်သာသနာကိုစော်ကားထားသော - အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်
ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်
မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့
အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထား
ပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေ
ကြပါသည်။

ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါ
လျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

လက်ခံ၍မရနိုင်သောဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကိုကန့်ကွက်ရှုံ့ချကြရန်၊ဘာသာရေးလူမျိုးရေး
ဆိုင်ရာအမုန်းတရားထိုးဆွနေသည့်အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက်
မြန်မာအစိုးရကိုဖိအားပေးကြပါရန်ကျွန်ုပ်တို့မှအာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။ 

အစ္စလာမ်ကိုဆန့်ကျင်သည့်ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အားခွင့်ပြုနေသည့်အပေါ် ပြတ်သား
ရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်
ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။

မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံး
ထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိ
ပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေး
ချယ်ပါမည်။

မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
MAPIM ဥက္ကဌ
ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ် 

M-Media  ,, kolatt(PBDN)
RangonNewsDaily
 

0 comments:

Post a Comment