Pages

Sunday, November 17, 2013

လှိုင်သာယာမြို့နယ်တွင် လိုင်းကား (၂)စီးတိုက်မိ၍ ခရီးသည် (၉)ဦး ဒဏ်ရာရ

RangonNewsDaily:: November . 17 .2013
၁၆.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ရန်ကုန်- ပုသိမ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်းမြ၀င်း(ဘ) ဦးလှဦး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်လာသော ၃က/----၊ တိုယိုအေ့အပြာရောင်၊ အမှတ် (၁၁၀)အ၀ါလိုင်းယာဉ်သည် ဘုရင့်နောင်တံတားဖြတ်သန်းခကောက်ခံရေးဂိတ်အရောက်တွင် ၄င်းရှေ့မှ ယာဉ်မောင်း ဦးခင်ထွန်း(ဘ)ဦးစိုးမြင့်၊ ကုလားကြီးစုကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော ၃င/----၊ ဟွန်းဒိုင်းအပြာရောင်၊မေတ္တာလှိုင်း(၄)ယာဉ်အား နောက်မှဝင်တိုက်မိပြီး ၃က/----ယာဉ်မှာ ဆက်လက်၍ လမ်းလယ်ဘလောက်တုံးနှင့် တံတားဖြတ်သန်းခကောက်ခံရေးအဆောက်အဦအား တိုက်မိခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မြ၀င်းတွင် ယာခြေသလုံးနှင့် ၀ဲပေါင်တို့တွင်ဖူးယောင်စုတ်ပြဲ ဒဏ်ရာများနှင့် မြ၀င်း၏ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီသည် မနီလာကျော်ပါ (၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင် အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်ဆေးကုသမှုခံယူနေကြ ရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူမြ၀င်းအား လှိုင်သာယာမြို့မ ရဲစခန်းယာဉ်(ပ)၁၃၀/၂၀၁၃၊ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment