RangonNewsDaily:: November . 17 .2013
စက်မှုဇုန်များရှိ ညဆိုင်းဆင်း အမျိုးသမီးအလုပ်သမားများသည်
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကြုံတွေ့ရ မည့်ကို စိုးရိမ်နေကြသည်ဟု
ရန်ကုန်စက်မှုဇုန်များရှိ အလုပ်သမားများအခြေအနေစစ်တမ်းကောက်ယူမှုရ သိရသည်ဟု Labour Right Clinic (L.R.C) မှ ကိုချစ်ဦးမောင်က မဇ္ဈိမကိုပြောသည်။ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၁၂ ခုရှိ အလုပ်သမားပေါင်း ၄၀၀၀ ကို
စစ်တမ်းကောက်ယူမှုများအရ အလုပ်သမား နှစ်ထောင်မှာ
ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရွှေပေါက်ကံစက်မှုဇုန် တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်း ၊
ဒဂုံအရှေ့စက်မှုဇုန်များရှိ ညဆိုင်းဆင်းအမျိုးသမီး အ လုပ်သမားများသည်
လိင်ပိုင်ဆိုင်ရာ မဖွယ်မရာကြုံတွေ့ရမည်ကို စိုးရိမ်မှုများရှိနေသည်။
ကိုချစ်ဦးမောင်က ည ၂ နာရီ ၃ နာရီအထိ ညဆိုင်းဆင်းနေရသည့်
အမျိုးသမီးအလုပ်သမားတွေက အ လုပ်သွား၊ အလုပ်ပြန်
စိုးရိမ်မှုရှိတဲ့အကြောင်းကို ကာယကံရှင်တွေရဲ့ ထွက်ဆိုချက်အရသိရသည်။
ဖယ်ရီမရှိဘူး၊ အလုပ်ရုံကထွက်ရင် အုပ်စုလိုက်ထွက်တုန်းအချိန်မှာ
ကိစ္စမရှိဘူး၊ လူစုခွဲပြီးအိမ်ကို တစ်ဦး တည်းပြန်ချိန်မှာ အရက်မူးသမားတွေ
နှောင့်ယှက်မှုကို မကြာခဏ ခံစားရတယ်လို့ ဖြေဆိုကြတယ်ဟု ပြောသည်။
စားသောက်ကုန်လုပ်ငန်း အထည်ချုပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊
စာရေးကိရိယာလုပ်ငန်း (ဘော်ပင် စက်ရုံ) အစရှိသည့် စက်ရုံအငယ်လေးများသည်
ညဆိုင်းအလုပ်ဆင်းချိန် အများဆုံးရှိနေပြီး စက်ရုံအငယ် လေးများတွင်
ဝန်ထမ်းများကို ဖယ်ရီစီစဉ်ပေးနိုင်ခြင်းမရှိသဖြင့်
ယင်းစက်ရုံများရှိ အမျိုးသမီးအလုပ်သမား များသည် ကိုယ်ပိုင်အစီအစဉ်ဖြင့်
လိုင်းကားစီးပြန်ခြင်း၊ စက်မှုဇုန်များအနီးတွင် အမျိုးသမီးအလုပ်သမား
အချို့သည် လမ်းလျှောက်ပြန်ခြင်းများရှိနေသည်။
စက်မှုဇုန်များရှိ အမျိုးသမီးအလုပ်သမားတွင် ဘုံပြဿနာတစ်ခုမှာ ညဥ့်နက်၌
တစ်ယောက်တည်း အိမ်သို့ ပြန်ရခြင်းအပေါ် စိုးရိမ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။
စက်ရုံငယ်များတွင် ၀န်ထမ်းများအတွက် သယ်ယူပို့ ဆောင်ရေးအတွက်
တာဝန်မယူခြင်းကြောင့် အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများကို
အသုံးပြု နေရသည်။ အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ ည ၇း၀၀ တွင်
ပြေးဆွဲခြင်းမရှိတော့သဖြင့် လမ်းလျှောက်ပြန်ရခြင်း ရှိနေသည်။
ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ ဒေါ်ခင်ခင်ရီက ဖယ်ရီခနှစ်ရာကို စက်ရုံတွေက
ပေးလိုက်တယ်။ လိုင်းကားကလဲ မရှိတော့ လမ်းလျှောက်ပြန်ရတယ်။ နေတဲ့နေရာနဲ့
အလှမ်းဝေးတော့ လမ်းလျှောက်ပြန်ရတာ အခက်အခဲ တွေရှိတယ်ဟု ပြောသည်။
Labour Right Clinic (L.R.C) မှ ကောက်ယူသည့် စစ်တမ်းများအရ စက်မှုဇုန်ရှိ
အမျိုးသမီးအလုပ်သမား ၏ အခြေခံလစာက ၁၄,၀၀၀ ၀န်းကျင်သာရှိနေပြီး
အချိန်ပိုကြေး၊ ရက်မှန်ကြေး အားလုံးပေါင်းလျှင် လစာ ၄၅,၀၀၀ မှ
ငါးသောင်းဝန်းကျင်သာရကြသည်။ ကိုချစ်ဦးမောင်ကTaxi စုငှားပြီး အိမ်ပြန်ဖို့
သူတို့ဝင်ငွေနဲ့ မဖြစ်နိုင်ဘူး။ အမျိုးသမီး အလုပ်သမားလေးတွေ
ဝင်ငွေမြင့်မားလာရင် သူတို့နှင့်ပတ်သက်တဲ့ လုံခြုံရေးကို
စီစဉ်လာနိုင်ပါလိမ့်မယ်ဟု ပြောသည်။
ကိုချစ်ဦးမောင်က ည ၂ နာရီ ၃ နာရီအထိ ညဆိုင်းဆင်းနေရသည့် အမျိုးသမီးအလုပ်သမားတွေက အ လုပ်သွား၊ အလုပ်ပြန် စိုးရိမ်မှုရှိတဲ့အကြောင်းကို ကာယကံရှင်တွေရဲ့ ထွက်ဆိုချက်အရသိရသည်။
ဖယ်ရီမရှိဘူး၊ အလုပ်ရုံကထွက်ရင် အုပ်စုလိုက်ထွက်တုန်းအချိန်မှာ ကိစ္စမရှိဘူး၊ လူစုခွဲပြီးအိမ်ကို တစ်ဦး တည်းပြန်ချိန်မှာ အရက်မူးသမားတွေ နှောင့်ယှက်မှုကို မကြာခဏ ခံစားရတယ်လို့ ဖြေဆိုကြတယ်ဟု ပြောသည်။
စားသောက်ကုန်လုပ်ငန်း အထည်ချုပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ စာရေးကိရိယာလုပ်ငန်း (ဘော်ပင် စက်ရုံ) အစရှိသည့် စက်ရုံအငယ်လေးများသည် ညဆိုင်းအလုပ်ဆင်းချိန် အများဆုံးရှိနေပြီး စက်ရုံအငယ် လေးများတွင် ၀န်ထမ်းများကို ဖယ်ရီစီစဉ်ပေးနိုင်ခြင်းမရှိသဖြ
စက်မှုဇုန်များရှိ အမျိုးသမီးအလုပ်သမားတွင် ဘုံပြဿနာတစ်ခုမှာ ညဥ့်နက်၌ တစ်ယောက်တည်း အိမ်သို့ ပြန်ရခြင်းအပေါ် စိုးရိမ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည
ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ ဒေါ်ခင်ခင်ရီက ဖယ်ရီခနှစ်ရာကို စက်ရုံတွေက ပေးလိုက်တယ်။ လိုင်းကားကလဲ မရှိတော့ လမ်းလျှောက်ပြန်ရတယ်။ နေတဲ့နေရာနဲ့ အလှမ်းဝေးတော့ လမ်းလျှောက်ပြန်ရတာ အခက်အခဲ တွေရှိတယ်ဟု ပြောသည်။
Labour Right Clinic (L.R.C) မှ ကောက်ယူသည့် စစ်တမ်းများအရ စက်မှုဇုန်ရှိ အမျိုးသမီးအလုပ်သမား ၏ အခြေခံလစာက ၁၄,၀၀၀ ၀န်းကျင်သာရှိနေပြီး အချိန်ပိုကြေး၊ ရက်မှန်ကြေး အားလုံးပေါင်းလျှင် လစာ ၄၅,၀၀၀ မှ ငါးသောင်းဝန်းကျင်သာရကြသည်။ ကိုချစ်ဦးမောင်ကTaxi စုငှားပြီး အိမ်ပြန်ဖို့ သူတို့ဝင်ငွေနဲ့ မဖြစ်နိုင်ဘူး။ အမျိုးသမီး အလုပ်သမားလေးတွေ ၀င်ငွေမြင့်မားလာရင် သူတို့နှင့်ပတ်သက်တဲ့ လုံခြုံရေးကို စီစဉ်လာနိုင်ပါလိမ့်မယ်ဟု ပြောသည်။
0 comments:
Post a Comment