Pages

Tuesday, September 17, 2013

ဖန်စီကာလာတွေနဲ့ သင့်ဘဝထဲ အရောင်တွေပေါင်းထည့်ပေးမယ့် Germin Fitness နာရီများ

Photo: ဖန်စီကာလာတွေနဲ့ သင့်ဘဝထဲ အရောင်တွေပေါင်းထည့်ပေးမယ့် Germin Fitness နာရီများ
Tuesday, September 17, 2013

Fitness Tracker နဲ့ GPS Device တွေထုတ်လုပ်ရာမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ Germin က Fitness နာရီနှစ်မျိုးကို ထပ် ပြီးမိတ်ဆက်လိုက်ပါပြီ။ Forerunner 620 နဲ့ Forerunner 220 အမည်ရတဲ့ ဒီနာရီနှစ်မျိုးက အားကစားသမားတွေနဲ့ လိုက် ဖက်အောင် အရောင်တောက်တောက်တွေနဲ့ ဒီဇိုင်းဆင်ထားတယ်၊ အပြေးလေ့ကျင့်ချိန်မှာ မြန်နှုန်းအတက်အကျ (Cadence) ကို ထောက်လှမ်းပေးနိုင်ပြီး မြေပြင်နဲ့ ခြေထောက် ထိချိန်၊ ခြေကြွချိန်တွေကိုတောင် အာရုံခံမှတ်သားပေးနိုင် တယ်။

 နှလုံးခုန်နှုန်းတိုင်းပေးနိုင်တဲ့ ဂတ်ဂျက်နဲ့ တွဲလိုက်ရင် အားကစားလုပ်နေတုန်းမှာရှိတဲ့ အမြင့်ဆုံး အောက်စီဂျင်လို အပ်ချက် (VO2 max) ကို ခန့်မှန်းပေးနိုင်ပြီး ဒီအတွက် လိုအပ်တဲ့ စွမ်းအားဖြည့်အချိန်ပိုင်း (Recovery Time) ကို နာရီမှာ ပါတဲ့ လက်တံကနေတစ်ဆင့် ဖော်ပြပေးနိုင်တယ်။ ပြောချင်တာက ဘယ်လောက်ပြေးပြီးတဲ့အခါ ဘယ်လောက်အချိန်အ တိုင်းအတာအထိ နားသင့်သလဲ၊ အပြေးလေ့ကျင့်မှု Session တစ်ခုနဲ့တစ်ခုကြား ဘယ်လောက်ကြာကြာနားသင့်သလဲဆို တာကို စနစ်တကျ တွက်ချက်အကြံပေးနိုင်တာ ဖြစ်ပါတယ်။

နာရီနှစ်မျိုးစလုံးက စမတ်ဖုန်းတွေနဲ့ Pair လုပ်နိုင်တယ်။ 620 က Function ပိုများတဲ့အတွက် အားသာချက်လည်း ပိုများတယ်။ သူက Germin ရဲ့ HRM-Run Recovery Advisor ဆားဗစ်နဲ့လည်း ချိတ်ဆက်နိုင်ပြီး အပြေးလေ့ကျင့်နေ ချိန်မှာ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးနိုင်တယ်။ 

ဒါ့အပြင် WiFi ကနေတစ်ဆင့် Germin Connect Workout Log ကို လှမ်းချိတ်ဆက်ပြီး လေ့ကျင့်ခန်းတွေကို မှတ်တမ်းတင်ပေးနိုင်တယ်။ နောက်အားသာချက်တစ်ခုက Touchscreen ကို သုံး ထားပြီး လက်အိတ်တွေနဲ့ သုံးရင်တောင် အဆင်ပြေတယ်။ ဈေးနှုန်းထက်ဝင်လောက်ကွာတဲ့ 220 ကတော့ Touchscreen မရပါဘူး၊ ခလုတ်တွေနဲ့ပဲ အသုံးပြုရမှာပါ။

ဈေးနှုန်းတွေအနေနဲ့ကတော့ 660 က USD400 (HR Belt ပါရင် USD 450) နဲ့ 220 က USD 250 (HR Belt USD 300) လောက်ရှိပါတယ်။ ဒါက UK က ဈေးနှုန်းဖြစ်ပြီး အသုံးပြုချင်လို့ နိုင်ငံခြားကို လှမ်းမှာရင် ဒီ့ထက်ပိုကုန်နိုင်ပါတယ်။ ထုတ်ပေးမယ့်ရက်က သူတို့ဆီက မိုးရာသီမှာပါတဲ့။ နောက်ဆုံးပြောဖို့ကျန်တာတစ်ခုက ဒီနာရီနှစ်မျိုးစလုံးကို လက်မှာ မပတ်ဘဲ ခါးပတ်၊ ကျောပိုးအိတ်လက်သိုင်းကွင်း လိုမျိုးတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်ပြီး ရေအတက် ၅၀ မီတာအထိ Waterproof ဖြစ်ပါသတဲ့။

Source: http://www.stuff.tv
Stuff Myanmar

RangonNewsDaily:: September 17, 2013

Fitness Tracker နဲ့ GPS Device တွေထုတ်လုပ်ရာမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ Germin က Fitness နာရီနှစ်မျိုးကို ထပ် ပြီးမိတ်ဆက်လိုက်ပါပြီ။ Forerunner 620 နဲ့ Forerunner 220 အမည်ရတဲ့ ဒီနာရီနှစ်မျိုးက အားကစားသမားတွေနဲ့ လိုက် ဖက်အောင် အရောင်တောက်တောက်တွေနဲ့ ဒီဇိုင်းဆင်ထားတယ်၊ အပြေးလေ့ကျင့်ချိန်မှာ မြန်နှုန်းအတက်အကျ (Cadence) ကို ထောက်လှမ်းပေးနိုင်ပြီး မြေပြင်နဲ့ ခြေထောက် ထိချိန်၊ ခြေကြွချိန်တွေကိုတောင် အာရုံခံမှတ်သားပေးနိုင် တယ်။ နှလုံးခုန်နှုန်းတိုင်းပေးနိုင်တဲ့ ဂတ်ဂျက်နဲ့ တွဲလိုက်ရင် အားကစားလုပ်နေတုန်းမှာရှိတဲ့ အမြင့်ဆုံး အောက်စီဂျင်လို အပ်ချက် (VO2 max) ကို ခန့်မှန်းပေးနိုင်ပြီး ဒီအတွက် လိုအပ်တဲ့ စွမ်းအားဖြည့်အချိန်ပိုင်း (Recovery Time) ကို နာရီမှာ ပါတဲ့ လက်တံကနေတစ်ဆင့် ဖော်ပြပေးနိုင်တယ်။
 
 ပြောချင်တာက ဘယ်လောက်ပြေးပြီးတဲ့အခါ ဘယ်လောက်အချိန်အ တိုင်းအတာအထိ နားသင့်သလဲ၊ အပြေးလေ့ကျင့်မှု Session တစ်ခုနဲ့တစ်ခုကြား ဘယ်လောက်ကြာကြာနားသင့်သလဲဆို တာကို စနစ်တကျ တွက်ချက်အကြံပေးနိုင်တာ ဖြစ်ပါတယ်။

နာရီနှစ်မျိုးစလုံးက စမတ်ဖုန်းတွေနဲ့ Pair လုပ်နိုင်တယ်။ 620 က Function ပိုများတဲ့အတွက် အားသာချက်လည်း ပိုများတယ်။ သူက Germin ရဲ့ HRM-Run Recovery Advisor ဆားဗစ်နဲ့လည်း ချိတ်ဆက်နိုင်ပြီး အပြေးလေ့ကျင့်နေ ချိန်မှာ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးနိုင်တယ်။

ဒါ့အပြင် WiFi ကနေတစ်ဆင့် Germin Connect Workout Log ကို လှမ်းချိတ်ဆက်ပြီး လေ့ကျင့်ခန်းတွေကို မှတ်တမ်းတင်ပေးနိုင်တယ်။ နောက်အားသာချက်တစ်ခုက Touchscreen ကို သုံး ထားပြီး လက်အိတ်တွေနဲ့ သုံးရင်တောင် အဆင်ပြေတယ်။ ဈေးနှုန်းထက်ဝင်လောက်ကွာတဲ့ 220 ကတော့ Touchscreen မရပါဘူး၊ ခလုတ်တွေနဲ့ပဲ အသုံးပြုရမှာပါ။

ဈေးနှုန်းတွေအနေနဲ့ကတော့ 660 က USD400 (HR Belt ပါရင် USD 450) နဲ့ 220 က USD 250 (HR Belt USD 300) လောက်ရှိပါတယ်။ ဒါက UK က ဈေးနှုန်းဖြစ်ပြီး အသုံးပြုချင်လို့ နိုင်ငံခြားကို လှမ်းမှာရင် ဒီ့ထက်ပိုကုန်နိုင်ပါတယ်။ 
 
ထုတ်ပေးမယ့်ရက်က သူတို့ဆီက မိုးရာသီမှာပါတဲ့။ နောက်ဆုံးပြောဖို့ကျန်တာတစ်ခုက ဒီနာရီနှစ်မျိုးစလုံးကို လက်မှာ မပတ်ဘဲ ခါးပတ်၊ ကျောပိုးအိတ်လက်သိုင်းကွင်း လိုမျိုးတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်ပြီး ရေအတက် ၅၀ မီတာအထိ Waterproof ဖြစ်ပါသတဲ့။

Source: http://www.stuff.tv/
Stuff Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment