Pages

Tuesday, September 17, 2013

ဟံသာဝတီ လေဆိပ် စီမံကိန်းအနီး မြေကွက်များ အမြင့်ဆုံးကျပ် သိန်း ၂၅ဝဝ အထိ ပေါက်ဈေးရှိ

Photo: ဟံသာဝတီ လေဆိပ် စီမံကိန်းအနီး မြေကွက်များ အမြင့်ဆုံးကျပ် သိန်း ၂၅ဝဝ အထိ ပေါက်ဈေးရှိ
Tuesday, September 17, 2013

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အနီးပတ်ဝန်းကျင်ရှိ မြေကွက်များကို ဝယ်ယူသူ များလာခြင်းနှင့် အတူ မြေကွက် တစ်ကွက်လျှင် အမြင့်ဆုံး ငွေကျပ် သိန်း ၂၅ဝဝ အထိပေါက်ဈေး ရှိကြောင်း အဆိုပါ စီမံကိန်းအနီး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ယင်းစီမံကိန်း မဆောင်ရွက်မီက ဝယ်ယူသူ နည်းပါးသော မြေကွက်များ ဖြစ်ကြောင်း၊ စီမံကိန်း စတင် လုပ်ဆောင်ချိန်တွင် ဝယ်ယူ လိုသူများက စုံစမ်းမှု ရှိလာကြောင်း၊ မြေကွက် အဝယ် လိုက်ခြင်းကြောင့် မြေကွက် ရောင်းဈေးများမှာလည်း အမြင့်ဆုံးတွင် ရှိနေကြောင်း သိရသည်။

''စီမံကိန်းဆိုတာနဲ့ ပတ်ဝန်းကျင် မြေကွက်တွေကို ဝယ်ယူကြတာပဲ၊ ဈေးကစားလို့ ဈေးမြင့်တာ မဟုတ်ဘူး။ ထုံးစံလို ဖြစ်နေတာ။ ဒါကို ထိန်းချုပ်လို့ ရမယ် မထင်ဘူး။ ရောင်းသူနဲ့ ဝယ်သူ တွေမှာ မူတည်နေတာ ကြောင့်ပါ'' ဟု ဝန်းရန်နောင် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်မှု စီမံကိန်းကြောင့် ပဲခူးမြို့အတွင်း မြေကွက်များ သာမက ရန်ကုန်-ပဲခူးလမ်းမပေါ် မြေများလည်း အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ယခင်ပေ (၆ဝx၈ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ် သိန်း ၂ဝဝဝ ခန့်သာရှိပြီး ဝယ်ယူသူ နည်းပါးကြောင်း၊ ယခုငွေကျပ် ၂၅ဝဝ အထိ မြင့်တက်သွားပြီး ရောင်းချနေ ရကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း မြေဈေးကွက်၌ အငှားသာ ရှိနေချိန် ရန်ကုန်နှင့် ပဲခူးကြားရှိ မြေများ ဈေးနှုန်း အမြင့်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ထို့အပြင် လေဆိပ်နှင့် နီးသော ဒဂုံဆိပ် ကမ်းနှင့် ဆက်နွှယ်နေသော အမှတ် (၂) လမ်းပိုင်းများတွင် မြေအရောင်းအဝယ် ကောင်းမွန် နေပြီး ရန်ကုန်-ပဲခူးလမ်းပိုင်း အကြားရှိ မြေနေရာမှာ လေဆိပ် စီမံကိန်းအရ ကုန်သွယ်ရေးတွင် ရန်ကုန်နှင့် ပဲခူး တစ်ဆက်တည်း ဖြစ်လာသည့် အတွက်ကြောင့် အရောင်းအဝယ် ဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: September 17, 2013

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အနီးပတ်ဝန်းကျင်ရှိ မြေကွက်များကို ဝယ်ယူသူ များလာခြင်းနှင့် အတူ မြေကွက် တစ်ကွက်လျှင် အမြင့်ဆုံး ငွေကျပ် သိန်း ၂၅ဝဝ အထိပေါက်ဈေး ရှိကြောင်း အဆိုပါ စီမံကိန်းအနီး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ ယင်းစီမံကိန်း မဆောင်ရွက်မီက ဝယ်ယူသူ နည်းပါးသော မြေကွက်များ ဖြစ်ကြောင်း၊ စီမံကိန်း စတင် လုပ်ဆောင်ချိန်တွင် ဝယ်ယူ လိုသူများက စုံစမ်းမှု ရှိလာကြောင်း၊ မြေကွက် အဝယ် လိုက်ခြင်းကြောင့် မြေကွက် ရောင်းဈေးများမှာလည်း အမြင့်ဆုံးတွင် ရှိနေကြောင်း သိရသည်။

''စီမံကိန်းဆိုတာနဲ့ ပတ်ဝန်းကျင် မြေကွက်တွေကို ဝယ်ယူကြတာပဲ၊ ဈေးကစားလို့ ဈေးမြင့်တာ မဟုတ်ဘူး။ ထုံးစံလို ဖြစ်နေတာ။ ဒါကို ထိန်းချုပ်လို့ ရမယ် မထင်ဘူး။ ရောင်းသူနဲ့ ဝယ်သူ တွေမှာ မူတည်နေတာ ကြောင့်ပါ'' ဟု ဝန်းရန်နောင် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်မှု စီမံကိန်းကြောင့် ပဲခူးမြို့အတွင်း မြေကွက်များ သာမက ရန်ကုန်-ပဲခူးလမ်းမပေါ် မြေများလည်း အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ယခင်ပေ (၆ဝx၈ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ် သိန်း ၂ဝဝဝ ခန့်သာရှိပြီး ဝယ်ယူသူ နည်းပါးကြောင်း၊ ယခုငွေကျပ် ၂၅ဝဝ အထိ မြင့်တက်သွားပြီး ရောင်းချနေ ရကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း မြေဈေးကွက်၌ အငှားသာ ရှိနေချိန် ရန်ကုန်နှင့် ပဲခူးကြားရှိ မြေများ ဈေးနှုန်း အမြင့်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ထို့အပြင် လေဆိပ်နှင့် နီးသော ဒဂုံဆိပ် ကမ်းနှင့် ဆက်နွှယ်နေသော အမှတ် (၂) လမ်းပိုင်းများတွင် မြေအရောင်းအဝယ် ကောင်းမွန် နေပြီး ရန်ကုန်-ပဲခူးလမ်းပိုင်း အကြားရှိ မြေနေရာမှာ လေဆိပ် စီမံကိန်းအရ ကုန်သွယ်ရေးတွင် ရန်ကုန်နှင့် ပဲခူး တစ်ဆက်တည်း ဖြစ်လာသည့် အတွက်ကြောင့် အရောင်းအဝယ် ဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment