Pages

Tuesday, September 17, 2013

ဆီးရီးယား ရဟတ်ယာဉ်ကို တူရကီတိုက်လေယာဉ် ပစ်ချ

ဆီးရီးယား ရဟတ်ယာဉ်ကို တူရကီတိုက်လေယာဉ် ပစ်ချ

စက်တင်ဘာ ၁၇ ရက် ၂၀၁၃

ဆီးရီးယား ရဟတ်ယာဉ်သည် တူရကီ လေပိုင်နက်ထဲ (၂)ကီလိုမီတာမျှ ကျူးကျော်လာသည့်နောက် မိမိတို့၏ တိုက်လေယာဉ် တစ်စင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘူးလန့်အာရင့်က ဆိုသည်။

မိမိတို့ လေပိုင်နက်ထဲ ကျူးကျော်လာသည့်နောက် ဆီးရီးယား စစ်သုံးရဟတ်ယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း တူရကီ အစိုးရက ပြောကြားလိုက်သည်။ ဆီးရီးယား ရဟတ်ယာဉ်သည် တူရကီ လေပိုင်နက်ထဲ (၂)ကီလိုမီတာမျှ ကျူးကျော်လာသည့်နောက် မိမိတို့၏ တိုက်လေယာဉ် တစ်စင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘူးလန့်အာရင့်က ဆိုသည်။ "ကျွန်တော်တို့ အတန်တန် သတိပေးတယ်။ ဒါပေမဲ့ မျက်ကွယ်ပြုနေခဲ့တဲ့နောက် ကျွန်တော်တို့ရဲ့ F-16 တိုက်လေယာဉ်က ပစ်ချခဲ့တာပါ။ ဒါပေမဲ့ ရဟတ်ယာဉ်ဟာ ဆီးရီးယား ပိုင်နက်ဘက်မှာပဲ ပျက်ကျသွားပါတယ်"ဟု အာရင့်က ပြောဆိုသွားသည်။ ၎င်းက တူရကီ ရဟတ်ယာဉ်မှူးများ၏ အခြေအနေကို မသိရှိကြောင်းလည်း ဆိုသည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့မှ ရာမီအက်ဘ်ဒူလ်ရာမန်းက ယခုရဟတ်ယာဉ်တွင် မောင်းနှင်သူ ပိုင်းလော့နှစ်ဦး ပါရှိပြီး တစ်ဦးကို ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး သူပုန်များက ဖမ်းဆီးကာ ကျန်တစ်ဦး၏ ကံကြမ္မာကို မသိရှိရဟု မှတ်ချက်ပြုခဲ့သည်။ တူရကီနှင့် ဆီးရီးယားတို့သည် နယ်စပ်ပြဿနာကြောင့် တင်းမာမှုများ ရှိနေခဲ့ပြီး တူရကီသည် မိမိတို့ကို ဆန့်ကျင်သည့် သူပုန်များကို ထောက်ပံ့ပေးနေကြောင်း ဆီးရီးယားက စွပ်စွဲခဲ့ဖူးသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူက တနင်္လာနေ့ လေပိုင်နက် ကျူးကျော်မှုကဲ့သို့ စော်ကားခြင်းမျိုးအား မိမိတို့ လုံးဝ သည်းခံမည် မဟုတ်ဟု ပြောကြားခဲ့သည်။

၎င်းက "တူရကီရဲ့ ပိုင်နက်ကို ဒီလိုနည်းမျိုးနဲ့ ဘယ်သူမှ မကျူးကျော်ရဲဘူး။ ခုလက်ရှိ ကိစ္စအတွက် လိုအပ်တဲ့ သုံးသပ်မှုတွေကို ပြန်ပြီး လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုထားသည်။ (၂၀၁၂)ခုနှစ်က တူရကီ တိုက်လေယာဉ်တစ်စင်း လက်နက်တပ်ဆင်မှု မရှိဘဲ ဆီးရီးယားပြင်ပ နိုင်ငံတကာ လေပိုင်နက်တွင် ပျံသန်းနေစဉ် အတောအတွင်း ဆီးရီးယား၏ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၏ ပစ်ချခဲ့မှု ကြုံခဲ့ရသည့်နောက်ပိုင်း ယခုတစ်ကြိမ်တွင် တူရကီက လက်စားချေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကမူ ဆီးရီးယားက အဆိုပါ လေယာဉ်သည် ဆီးရီးယား လေပိုင်နက်ထဲသို့ အနိမ့်ပျံ ဝင်ရောက်လာကြောင်း စွပ်စွဲခဲ့ဖူးသည်။

Planet Myanmar Network

RangonNewsDaily:: September 17, 2013
ဆီးရီးယား ရဟတ်ယာဉ်သည် တူရကီ လေပိုင်နက်ထဲ (၂)ကီလိုမီတာမျှ ကျူးကျော်လာသည့်နောက် မိမိတို့၏ တိုက်လေယာဉ် တစ်စင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘူးလန့်အာရင့်က ဆို
သည်။ မိမိတို့ လေပိုင်နက်ထဲကျူးကျော်လာသည့်နောက်ဆီးရီးယားစစ်သုံးရဟတ်ယာဉ်တစ်စင်းကိုပစ်ချခဲ့ကြောင်း
တူရကီ အစိုးရက ပြောကြားလိုက်သည်။ ဆီးရီးယား ရဟတ်ယာဉ်သည် တူရကီ လေပိုင်နက်ထဲ (၂)ကီလိုမီ
တာမျှ ကျူးကျော်လာသည့်နောက် မိမိတို့၏ တိုက်လေယာဉ် တစ်စင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တူရ
ကီ ဒုတိယ ဝန်ကြီးချုပ် ဘူးလန့်အာရင့်က ဆိုသည်။ 
 
"ကျွန်တော်တို့ အတန်တန် သတိပေးတယ်။ ဒါပေမဲ့ မျက်ကွယ်ပြုနေခဲ့တဲ့နောက် ကျွန်တော်တို့ရဲ့ F-16 တိုက်
လေယာဉ်က ပစ်ချခဲ့တာပါ။ ဒါပေမဲ့ ရဟတ်ယာဉ်ဟာ ဆီးရီးယား ပိုင်နက်ဘက်မှာပဲ ပျက်ကျသွားပါတယ်"ဟု အာရင့်က ပြောဆိုသွားသည်။ ၎င်းက တူရကီ ရဟတ်ယာဉ်မှူးများ၏ အခြေအနေကို မသိရှိကြောင်းလည်း ဆို
သည်။

ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့မှရာမီအက်ဘ်ဒူလ်ရာမန်းကယခုရဟတ်ယာဉ်တွင် မောင်းနှင်
သူ ပိုင်းလော့နှစ်ဦး ပါရှိပြီး တစ်ဦးကို ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး သူပုန်များက ဖမ်းဆီးကာ ကျန်တစ်ဦး၏ ကံကြမ္မာကို မသိရှိရဟု မှတ်ချက်ပြုခဲ့သည်။ 
 
တူရကီနှင့်ဆီးရီးယားတို့သည် နယ်စပ်ပြဿနာကြောင့် တင်းမာမှုများ ရှိနေခဲ့ပြီး တူရကီသည် မိမိတို့ကို ဆန့်ကျင်
သည့်သူပုန်များကို ထောက်ပံ့ပေးနေကြောင်း ဆီးရီးယားက စွပ်စွဲခဲ့ဖူးသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး အာ
မက်ဒါဗူတိုဂလူက တနင်္လာနေ့ လေပိုင်နက် ကျူးကျော်မှုကဲ့သို့ စော်ကားခြင်းမျိုးအား မိမိတို့ လုံးဝ သည်းခံမည် မဟုတ်ဟု ပြောကြားခဲ့သည်။

၎င်းက "တူရကီရဲ့ ပိုင်နက်ကို ဒီလိုနည်းမျိုးနဲ့ဘယ်သူမှမကျူးကျော်ရဲဘူး။ ခုလက်ရှိ ကိစ္စအတွက် လိုအပ်တဲ့ သုံး
သပ်မှုတွေကို ပြန်ပြီး လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုထားသည်။ 
 
(၂၀၁၂)ခုနှစ်ကတူရကီတိုက်လေယာဉ်တစ်စင်းလက်နက်တပ်ဆင်မှုမရှိဘဲဆီးရီးယားပြင်ပ နိုင်ငံတကာလေ
ပိုင်နက်တွင် ပျံသန်းနေစဉ် အတောအတွင်း ဆီးရီးယား၏ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၏ ပစ်ချ
ခဲ့မှု ကြုံခဲ့ရသည့်နောက်ပိုင်း ယခုတစ်ကြိမ်တွင် တူရကီက လက်စားချေခဲ့ခြင်း ဖြစ်သည်။ 
 
ထိုစဉ်ကမူဆီးရီးယားကအဆိုပါ လေယာဉ်သည်ဆီးရီးယား လေပိုင်နက်ထဲသို့အနိမ့်ပျံ ဝင်ရောက်လာ
ကြောင်း စွပ်စွဲခဲ့ဖူးသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment