Pages

Tuesday, September 17, 2013

အောင်လံမြို့တွင် မြစ်ရေတက်လာသဖြင့် လူနေအိမ် (၁၀၀)ခန့် ရေနစ်မြုပ်

Photo: အောင်လံမြို့တွင် မြစ်ရေတက်လာသဖြင့် လူနေအိမ် (၁၀၀)ခန့် ရေနစ်မြုပ်
Tuesday, September 17, 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့ပေါ်တွင် ဧရာဝတီ မြစ်ရေတက်လာသဖြင့် မြို့ပေါ်ရပ်ကွက် အချို့ရှိ ကမ်းနားတန်းနေအိမ် (၁၀၀)ခန့် ရေနစ်မြုပ်နေကြောင်း တွေ့ရသည်။

“မြစ်ရေက ဒီတစ်ရက်နှစ်ရက်မှာ အရမ်းတိုးလာတော့ အိမ်တွေကို မြုပ်ကုန်ရော၊ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် အိမ်(၇၅) လုံးလောက်မြုပ်နေပြီ” ဟု သရက်တောရပ်ကွက် ဗိုလ်ကုန်းပိုင်းနေ ရေလုပ်သားတစ်ဦးက ပြောသည်။

သရက်တောရပ်ကွက် ဗိုလ်ကုန်းအပိုင်းသည် အောင်လံမြို့၏ အနိမ့်ဆုံးအပိုင်း တွင်တည်ရှိပြီး ရေလုပ်သားများ အများဆုံးနေထိုင်သော ကမ်းနားတန်းအရပ်ဖြစ်သည်။

သရက်နေတော ရပ်ကွက်အပြင် စက်ရုံရပ်ကွက် လယ်ပြင်နှင့် ရွာထောင်ကမ်းနားတမ်းတို့တွင်လည်း နေအိမ်အချို့ရေနစ်မြုပ် နေကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ မည်သည့် အကူအညီမျှ ရောက်ရှိမှု မရှိသေးသော်လည်း ယနေ့နေ့လည်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးတို့မှ တာဝန်ရှိသူများလာရောက် ကြည့်ရှု ခဲ့ပြီး ပြောင်းရွှေ့ ရာတွင်အခက်မအခဲရှိပါက စစ်တပ်မှ ကားများဖြင့် ကူညီပေးမည်ဟု ပြောပြသွားကြောင်းလည်း ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါသည်။

ရေနစ်မြုပ်သော နေအိမ်များမှ မိသားစုများမှာ မိမိတို့၏ ဆွေမျိုးများနေအိမ်နှင့် နီးစပ်ရာ လွတ်သောနေရာများ၌ ယာယီ နေထိုင်နေရကြောင်း သိရပါသည်။

လင်းသက်
မြန်မာ့ခေတ်

RangonNewsDaily:: September 17, 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့ပေါ်တွင် ဧရာဝတီ မြစ်ရေတက်လာသဖြင့် မြို့ပေါ်ရပ်ကွက် အချို့ရှိ ကမ်း
နားတန်းနေအိမ် (၁၀၀)ခန့် ရေနစ်မြုပ်နေကြောင်း တွေ့ရသည် “မြစ်ရေက ဒီတစ်ရက်နှစ်ရက်မှာ အရမ်းတိုးလာတော့ အိမ်တွေကို မြုပ်ကုန်ရော၊ ကျွန်တော်တို့ ရပ်ကွက်မှာ
ဆိုရင် အိမ်(၇၅) လုံးလောက်မြုပ်နေပြီ” ဟု သရက်တောရပ်ကွက် ဗိုလ်ကုန်းပိုင်းနေ ရေလုပ်သားတစ်ဦးက
 ပြောသည်။

သရက်တောရပ်ကွက် ဗိုလ်ကုန်းအပိုင်းသည် အောင်လံမြို့၏ အနိမ့်ဆုံးအပိုင်း တွင်တည်ရှိပြီး ရေလုပ်သား
များ အများဆုံးနေထိုင်သော ကမ်းနားတန်းအရပ်ဖြစ်သည်။

သရက်နေတော ရပ်ကွက်အပြင် စက်ရုံရပ်ကွက် လယ်ပြင်နှင့် ရွာထောင်ကမ်းနားတမ်းတို့တွင်လည်း နေအိမ်
အချို့ရေနစ်မြုပ် နေကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ မည်သည့် အကူအညီမျှ ရောက်ရှိမှု မရှိသေးသော်လည်း ယနေ့နေ့လည်ပိုင်းတွင် မြို့နယ်
အုပ်ချုပ်ရေးနှင့်စည်ပင်သာယာရေးတို့မှတာဝန်ရှိသူများလာရောက် ကြည့်ရှု ခဲ့ပြီး ပြောင်းရွှေ့ ရာတွင်အခက်
မအခဲရှိပါက စစ်တပ်မှ ကားများဖြင့် ကူညီပေးမည်ဟု ပြောပြသွားကြောင်းလည်း ရပ်မိရပ်ဖ တစ်ဦးက ပြော
ပြပါသည်။

ရေနစ်မြုပ်သော နေအိမ်များမှ မိသားစုများမှာ မိမိတို့၏ ဆွေမျိုးများနေအိမ်နှင့် နီးစပ်ရာ လွတ်သောနေရာများ
၌ ယာယီ နေထိုင်နေရကြောင်း သိရပါသည်။

လင်းသက်
မြန်မာ့ခေတ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment