Pages

Wednesday, September 11, 2013

ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်ပေါင်းမည်

Photo: ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်ပေါင်းမည်
 Wednesday, September 11, 2013

ရန်ကုန် ၊ စက်တင်ဘာ ၁၀။     ။ ကရင် လူမျိုးများ၏ တစ်ခုတည်းသော တပ်ဖွဲ့အဖြစ်ရပ်တည်ရန် ကရင် လက်နက်ကိုင်အဖွဲ့များ စုပေါင်း ၍ ၂၀၁၅တွင် အပြီးသတ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း  DKBA မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်သက် က ပြော သည်။ ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်းရန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၂၀၁၅မတိုင်မီတစ်ခုတည်းသော ကရင်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း နိုင်ရေး ကြိုးပမ်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာ၉ရက် က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြော သည်။

ဗိုလ်မှူးချုပ် ကျော်သက်က ''အခုတော့ပြန်ပေါင်းဖို့ ကျွန်တော်တို့စပြီး ညှိနှိုင်းနေပါပြီ။ ဒီလိုပူး ပေါင်းလိုက်ရင် ကရင်ပြည်နယ် မှာ အခုလိုတပ်ဖွဲ့လေးငါးဖွဲ့ရှိတော့ မှာ မဟုတ်ဘူး။ တစ်ဖွဲ့တည်းရှိ တော့မယ်။ ပူးပေါင်းပြီးရင် လက်ရှိ မှာလုပ်ဖို့လို အပ်နေ တဲ့ မြေမြှုပ် မိုင်းရှင်းလင်းခြင်းနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပိုမိုပူးပေါင်းဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။ ယင်းသို့ကရင်လက်နက် ကိုင်အဖွဲ့များ ပူးပေါင်းရန်အတွက်  DKBA အနေဖြင့် အသင့်ရှိနေ ပြီဖြစ်ပြီး တပ်ဖွဲ့ အား လုံးပူးပေါင်း ပါက နိုင်ငံတော်၊ ကရင်လူထုနှင့် ငြိမ်းချမ်းရေးအတွက် များစွာအ ရေးပါလာမည်ဟု ယုံကြည်ကြောင်း လည်း ဗိုလ်မှူးချုပ်ကျော်သက် က ဆိုသည်။

လက်ရှိ ရပ်တည်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အား လုံးမှာ KNU မှ ခွဲထွက်ခဲ့ခြင်းဖြစ် ပြီးခွဲထွက်ချိန်က ရာထူးအနိမ့်ဖြင့် ခွဲထွက်ခဲ့သော်လည်း ယခုအချိန် တွင် သက်ဆိုင်ရာတပ်ဖွဲ့များ၌ ရာထူးအမြင့်ဖြင့် ရပ်တည်နေသူ အချို့ရှိနေ သည့် အတွက် ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်း စည်းပါက ရာထူးနေရာခွဲဝေမှု အတွက် အခက်အခဲဖြစ်ပေါ်နိုင် ကြောင်း KNU မှ ဗဟိုအလုပ် အမှုဆောင် စောသမိန်ထွန်းက ဩဂုတ်လအတွင်းက ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးတွင် သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ်က ပြောခဲ့ဖူး သည်။ KNU ၏ ပြောကြားထား ချက်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ကျော်သက်က ''ရာထူးကိစ္စက ပြ ဿနာမရှိပါဘူး။ ကျွန်တော်တို့ အချင်းချင်း ညီညွတ်ဖို့ပဲလိုတယ်'' ဟု ပြောသည်။

ကရင်ပြည်နယ်တွင် KNU/ KNLC, KNU/KNLC(PC), DKBA, DKBA  ကလို့ထူးဘော တပ်ဖွဲ့၊ နယ်ခြားစောင့်တပ် BGF  နှင့် ပြည်သူ့စစ်တပ်ဖွဲ့  KTPF တို့ အခြေပြု တပ်စွဲထားကြကြောင်း သိရသည်။

၅၇ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားအား ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးတစ်ဦး ကြည့်ရှုနေစဉ်။Photo:AFP
လင်းအောင်
The Yangon Times

၅၇ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားအား ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးတစ်ဦး ကြည့်ရှုနေစဉ်။Photo:AFP
RangonNewsDaily:: September 11, 2013

ရန်ကုန် ၊ စက်တင်ဘာ ၁၀။ ။ ကရင် လူမျိုးများ၏ တစ်ခုတည်းသော တပ်ဖွဲ့အဖြစ်ရပ်တည်ရန် ကရင် လက်နက်ကိုင်အဖွဲ့များ စုပေါင်း ၍ ၂၀၁၅တွင် အပြီးသတ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း DKBA မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်သက် က ပြော သည်။ ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်းရန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၂၀၁၅မတိုင်မီတစ်ခုတည်းသော ကရင်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း နိုင်ရေး ကြိုးပမ်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာ၉ရက် က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြော သည်။

ဗိုလ်မှူးချုပ် ကျော်သက်က ''အခုတော့ပြန်ပေါင်းဖို့ ကျွန်တော်တို့စပြီး ညှိနှိုင်းနေပါပြီ။ ဒီလိုပူး ပေါင်းလိုက်ရင် ကရင်ပြည်နယ် မှာ အခုလိုတပ်ဖွဲ့လေးငါးဖွဲ့ရှိတော့ မှာ မဟုတ်ဘူး။ တစ်ဖွဲ့တည်းရှိ တော့မယ်။ ပူးပေါင်းပြီးရင် လက်ရှိ မှာလုပ်ဖို့လို အပ်နေ တဲ့ မြေမြှုပ် မိုင်းရှင်းလင်းခြင်းနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပိုမိုပူးပေါင်းဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။ ယင်းသို့ကရင်လက်နက် ကိုင်အဖွဲ့များ ပူးပေါင်းရန်အတွက် DKBA အနေဖြင့် အသင့်ရှိနေ ပြီဖြစ်ပြီး တပ်ဖွဲ့ အား လုံးပူးပေါင်း ပါက နိုင်ငံတော်၊ ကရင်လူထုနှင့် ငြိမ်းချမ်းရေးအတွက် များစွာအ ရေးပါလာမည်ဟု ယုံကြည်ကြောင်း လည်း ဗိုလ်မှူးချုပ်ကျော်သက် က ဆိုသည်။

လက်ရှိ ရပ်တည်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အား လုံးမှာ KNU မှ ခွဲထွက်ခဲ့ခြင်းဖြစ် ပြီးခွဲထွက်ချိန်က ရာထူးအနိမ့်ဖြင့် ခွဲထွက်ခဲ့သော်လည်း ယခုအချိန် တွင် သက်ဆိုင်ရာတပ်ဖွဲ့များ၌ ရာထူးအမြင့်ဖြင့် ရပ်တည်နေသူ အချို့ရှိနေ သည့် အတွက် ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်း စည်းပါက ရာထူးနေရာခွဲဝေမှု အတွက် အခက်အခဲဖြစ်ပေါ်နိုင် ကြောင်း KNU မှ ဗဟိုအလုပ် အမှုဆောင် စောသမိန်ထွန်းက ဩဂုတ်လအတွင်းက ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးတွင် သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ်က ပြောခဲ့ဖူး သည်။ KNU ၏ ပြောကြားထား ချက်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ကျော်သက်က ''ရာထူးကိစ္စက ပြ ဿနာမရှိပါဘူး။ ကျွန်တော်တို့ အချင်းချင်း ညီညွတ်ဖို့ပဲလိုတယ်'' ဟု ပြောသည်။

ကရင်ပြည်နယ်တွင် KNU/ KNLC, KNU/KNLC(PC), DKBA, DKBA ကလို့ထူးဘော တပ်ဖွဲ့၊ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့ KTPF တို့ အခြေပြု တပ်စွဲထားကြကြောင်း သိရသည်။
လင်းအောင်
The Yangon Times , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment