Pages

Wednesday, September 11, 2013

စက်ရုံမီထိုးလုပ်သားတစ်ဦး ဘွိုင်လာအိုးပိ၍ သေဆုံး

RangonNewsDaily:: September 11, 2013

မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက္ကံစက်မှုဇုန်ရှိ ဂျယ်လီစက်ရုံတစ်ခုတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက် ၉နာရီခန့်တွင် လူတစ်ဦး ရေနွေးဘွိုင် လာအိုးပိ၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာချုပ်မှ
သိရသည်။

သေဆုံးသူသည် ခမ်းခမ်းဂျယ်လီစက်ရုံတွင် ဘွိုင်လားအိုးများ မီးထိုးသောလုပ်သားတစ်ဦးဖြစ်ပြီး ယင်းနေ့တွင် စက်ရုံးအတွင်းရှိ ဘွိုင်လာအိုးများ မီးထိုးနေကြောင်း၊ ထို့နောက် စက်ရုံးရှိဘွိုင်လာအိုးများ အပူချိန်မြင့်လာသောကြောင့် စက်ရုံအတွင်း ဝင်ရောက်၍ အပူချိန်ညှိနေစဉ် စက်ရုံးအပြင်ဘက်ရှိ ရေနွေးဘွိုင်လာမှ ပေါက်ထွက်ကာ ကွန်ကရစ်တိုင်း များ ပြုတ်ထွက်၍ အလုပ်ရုံသွပ်မိုးကိုဖောက်က ၎င်းအားပိ၍ သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ရွှေပေါက္ကံမြို့မ ရဲစခန်းမှ ဒုရဲအုပ်မင်းမောင်မောင်မျိုးမှ တရားလိုပြု တိုင်းတန်းထားမှုကို အမှုစစ် ရဲအုပ်တင်အောင်မှ လက်ခံ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ပိုင်လေး
The Myanma Age , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment