Pages

Wednesday, September 11, 2013

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ပြတိုက် ဖွင့်မည်

RangonNewsDaily:: September 11, 2013

ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု၏ သမိုင်းကြောင်းကို လေ့လာ ကြည့်ရှုနိုင်ရန် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ပြတိုက်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဌေးကြွယ် က The Voice သို့ပြောကြားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် ရှစ်လေးလုံးသမိုင်း သတင်းအချက်အလက် များကို မှားယွင်းစွာ ထုတ်ပြန်ခဲ့မှုများ ရှိခဲ့သောကြောင့် ဒီမိုကရေစီလှုပ်ရှားမှု အစစ်အမှန်များကို အချိန်မရွေး လေ့လာနိုင်သော ပြတိုက်တစ်ခု ဖွင့်လှစ်ရေးအတွက် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး ကော်မတီ စုံညီအစည်းအဝေးတွင် တင်ပြထားကြောင်း ၄င်းကဆိုသည်။
"ပန်းချီ ဓာတ်ပုံနဲ့ မှတ်တမ်း ပစ္စည်းတွေကို ပြသဖို့ စီစဉ်ထားပါတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါပြတိုက် ဖွင့်လှစ်ရေး အတွက် ကော်မတီစုံညီ အစည်းအဝေးတွင် အများသဘောတူညီမှု အတွက် ဆက်လက်ဆွေးနွေးမည် ဖြစ်ပြီး တစ်နိုင်ငံ လုံးရှိ ရှစ်လေးလုံးတွင် ကျဆုံးသွားသူများ စာရင်းကို မော်ကွန်းရေးထိုး ကာ ပြတိုက်တွင် ထားရှိမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ဝင် ဦးမြင့်အောင် ကပြောကြားသည်။"အစိုးရ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိနှိုင်း ပြီးမှ ပြတိုက်ဖွင့်မှာပါ" ဟု၎င်းက ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး MCC ခန်းမတွင် သုံးရက်တိုင် ကျင်းပခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှု အမှတ်တရ ကဗျာ၊ ဓာတ်ပုံ၊ ပန်းချီပြပွဲများ ပြုလုပ်ခဲ့ကာ တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးအင်အားစု များပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

(ဟိန်သွင်ထက်)
The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment