Pages

Wednesday, September 11, 2013

ပျို မေတို့ နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်

Photo: နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်
Wednesday, September 11, 2013

လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေကလည်း အဆွဲဆောင် ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။ အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရုစိုက်ပေး
ဖို့ အချိန်အခက်အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှ အလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါတယ်။ ဒါကြောင့် ရံဖန်ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေးရပါတော့တယ်။ ဒါမှလည်း ကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာ ကို တွေ့ရပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကို ပိုင်ဆိုင်လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။

လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ

သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ် ခမ်းနီဆိုးတာရပ်လိုက်ပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ် ထောပတ် အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှ နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။ တတ်နိုင်ရင်တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီ ဆိုးတာ အကောင်းဆုံးပါ။

နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီး လို့ခေါ်တဲ့ ထောပတ်တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ် ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။ ပြီးနောက် ရေ နဲ့ဆေးချပစ်ပါ။ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။

နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်းလေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ ညစဉ် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွား ပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။

လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေ စိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့်နှုတ်ခမ်းသားလေး တွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။

နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေးတွေပေါ် တစ်နေ့ကို ၃ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်းပေးပါ။ ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ် ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွားအောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balm လိမ်းပေးပါ။ နှုတ်ခမ်းတွေ မဲခြောက်လာပါက သံပရာရည်ကို ဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်းအား သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။

နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်း တစ်ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်း သားတွေ ခြောက်သွေ့မနေအောင် ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။

Credit - shwe beauty
ကျန်းမာရေးစာတိုများစုစည်းမှု

RangonNewsDaily:: September 11, 2013

လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေ
ကလည်း အဆွဲဆောင် ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်း
သားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။ အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရု
စိုက်ပေးဖို့ အချိန်အခက်အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှ အလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်
တော့ဘူး ဖြစ်လာပါတယ်။ 
 
ဒါကြောင့် ရံဖန်ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေးရပါတော့တယ်။ ဒါ
မှလည်း ကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ 
 
မိန်းကလေးအများစုဟာ နှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာ ကို တွေ့ရပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကို ပိုင်
ဆိုင်လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။

လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ

သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ် ခမ်းနီဆိုးတာရပ်လိုက်ပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ် ထောပတ် အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ 
 
ပြီးမှ နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။ တတ်နိုင်ရင်
တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီ ဆိုးတာ အကောင်းဆုံးပါ။

နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီ
ပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီး လို့ခေါ်တဲ့ ထောပတ်
တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ် ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။ ပြီးနောက် ရေ နဲ့
ဆေးချပစ်ပါ။ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။

နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်း
လေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့်အသာအယာနှိပ်နယ်ပေးပါ။ညစဉ်ထိုကဲ့သို့ ပြု
လုပ်ပေးနိုင်ပါတယ်။ ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွား ပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။

လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေ စိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့်နှုတ်
ခမ်းသားလေး တွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။

နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေးတွေ
ပေါ်တစ်နေ့ကို ၃ကြိမ်မှ၎ကြိမ်အထိသုတ်လိမ်းပေးပါ။ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ်ခမ်းသားခြောက်
သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွားအောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balm လိမ်းပေး
ပါ။ နှုတ်ခမ်းတွေ မဲခြောက်လာပါက သံပရာရည်ကို ဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်းအား သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။

နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်း တစ်ဝက်
ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်း သားတွေ ခြောက်သွေ့မနေအောင် ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။

Credit - shwe beauty
ကျန်းမာရေးစာတိုများစုစည်းမှု 
RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment