Pages

Sunday, August 4, 2013

Rick Heizam + ဆုဝေလှိုင်နဲ့ ဦးဝီရသူရဲ့ မျိုးစောင့်ဥပဒေကို ဘယ်လိုဖြေရှင်းမလဲ

ဒီ သြဂုတ်လ စစချင်း မြန်မာမီဒီယာများကြားနဲ့ ရခိုင်လူမျိုးတို့ကြား ရေပန်းစားနေသော သူတစ်ဦး ရှိခဲ့လေသ
ည်။ ထိုသူမှာ ဘယ်သူနည်း။ထိုသူကတော့ ……….
သြဂုတ်လတစ်ရက်နေ့ကရန်ကုန်တိုင်း ဒေသကြီး စင်ထရယ်ဟော်တယ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်း
ပွဲမှာ “ရခိုင်က မွတ်စ်လင်မ်တွေကို ဘင်္ဂလာဒေ့ရှ်ကို ပို့ပြီး၊ ဘင်္ဂလာဒေ့ရှ်က ဗုဒ္ဓဘာသာတွေကို ရခိုင်ကို ခေါ်
ရမယ်” လို့ ပြောသွားပြီး အဲဒီလိုတွေ လူမျိုး အလဲအလှယ် လုပ်မှ မြန်မာပြည်အေးချမ်းသွားမယ်လို့ လူပုံအ
လည်မှာ ပြောဆိုခဲ့တဲ့ အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Mr. Rick Heizman ပဲ ဖြစ်ပါတယ်။ 

၎င်း ပြောဆိုခဲ့တဲ့ စကားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာများတွင် ဖော်ပြခဲ့ပြီး လူစိတ်ဝင်စား
မှု များပြားခဲ့ခြင်းနဲ့ အတူ ရခိုင်ဒေသမှ ရခိုင်တိုင်းရင်းသားတို့မှလည်း Mr. Rick Heizman အား ချီးကျူးထောပ
နာ ပြုခဲ့ကြပါတယ်။

တကယ်တော့ Mr. Rick Heizman က မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်လူမျိုးများနှင့် မရင်းနှီးတဲ့ သူမဟုတ်ပါ။ အကြောင်းမှာ Mr. Rick Heizman ၂၀၀၉ ခုနှစ်၊ မတ်လ၊ ၇ ရက်နေ့တွင် လက်ထပ်ထိမ်းမြားထားသောသူမှာ

 မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသူ မဆုဝေလှိုင် ဆိုသူ ဖြစ်သောကြောင့် ဖြစ်ပေသည်။

၎င်းတို့နှစ်ဦးသည်ချစ်ခင်စုံမက်၍လက်ထပ်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့ရဲ့လက်ထပ်ပွဲသို့ မြန်မာနိုင်ငံမှ ဘုန်းတော်ကြီး
များကိုယ်တိုင် တတ်ရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပျော်ရွှင်စရာများဖြင့် လက်ထပ်ပွဲ ပြီးဆုံးခဲ့ကြောင်း ၄င်းတို့ ဇနီးမောင်နှံနဲ့ ရင်းနီးသူ အမည်မဖော်လိုတဲ့ ဆရာဝန်မတစ်ဦးက ယခုလို ပြောပြခဲ့ပါတယ်။

- မေး ။ ။ မင်္ဂလာပါဒေါက်တာ၊ ဒေါက်တာအခုနေတာအမေရိကန် ပြည်ထောင်စုမှာလို့သိရပါတယ်။ နောက်

ပြီး Mr & Mrs Rick (Mr. Rick Heizman & မဆုဝေလှိုင်) တို့ ဇနီးမောင်နှံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်
တယ်ဆိုတာ သိရပါတယ်အစ်မ။ အဲဒါ Mr. Heizman နဲ့ ပတ်သက်ပြီး အမ ကို မေးမြန်းချင်လို့ပါ။

- ဖြေ ။ ။ ဟုတ် … ။ ရပါတယ် ။ ကျမနဲ့ သူတို့ လင်မယား အလုပ်အတူတူ လုပ်ခဲ့ဖူးပါတယ်။ Mr. Rick နဲ့လည်း ရင်းနှီးပါတယ်။ ကျမ သိသလောက် ပြောပြပေးမယ်လေနော်။

- မေး ။ ။ ကျေးဇူးပါဒေါက်တာ။ တစ်နေ့က စင်ထရယ် ဟော်တယ်မှာ ကျင်းပခဲ့တဲ့ ပွဲမှာ Mr. Rick ပြောသွား

တာတွေအမ ကြားသိရမှာပေါ့။အဲဒါ အမအနေနဲ့ ဘယ်လို သုံးသပ်မလဲ။ သူပြောထားတဲ့ အချက်အလက်တွေ
မှာ ရခိုင်ပြည်နယ် အတွက် ဆိုတာထက် တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ထင်ထားလားဗျ။

- ဖြေ ။ ။ ရှင်းလင်းပွဲမှာ “ရခိုင်က မွတ်စ်လင်မ်တွေကို ဘင်္ဂလာဒေ့ရှ်ကို ပို့ပြီး၊ ဘင်္ဂလာဒေ့ရှ်က ဗုဒ္ဓဘာသာတွေ

ကို ရခိုင်ကို ခေါ်ရမယ်” အဲဒီ စကားနဲ့ ပတ်သက်ပြီး မေးတာလား မောင်လေး။

- မေး ။ ။ ဟုတ် ….. ဟုတ်ပါတယ်ခင်ဗျ။ အစ်မ အမြင်လေး ပြောပြပါဦး။

 
- ဖြေ ။ ။ (ရယ်လျက်) အဲဒီလိုသာ ကမ္ဘာကို ချပြရင် မောင်လေးရယ် ဖြစ်မှ ဖြစ်ပါ့မလား။ သူ (Mr. Rick) က သ

ဘာဝလွန် လုပ်တဲ့ Psycho တစ်မျိုးရှိတယ်။ 

အစ်မ သူ့ကို ဆေးကုပေးနေရတာ။ အဲဒါ ထားပါ ပြီးမှ ဆက်ပြောပြမယ်။သူဒီလို ပြောတာကိုရခိုင်လူမျိုးတွေ
က သဘောကျမှာတော့ အမှန်ပဲ။ သူအဲလို ပြောပြီးတော့ အဲသတင်း အင်တာနက်ကို တတ်လာတော့ ဆုဝေ (Mr. Rick Heizman ရဲ့ ဇနီး) ၀မ်းသားအားရနဲ့ ဖုန်းဆက်လာတယ်။ သူ့ခင်ပွန်း ရခိုင်တွေရဲ့ ဂုဏ်ကို ဆောင်
လိုက်ပြီတဲ့။ ကျမ ပြုံးမိတယ်။ ဖြစ်စဉ်က ရခိုင် တစ်ခုထဲကိုမှ ကြည့်လို့မရတာ မောင်လေးရယ်။ 

ကမ္ဘာပေါ်မှာ လူမျိုးတိုင်း ရှိတယ်။ သီးခြား နေလို့မှ မရတာ။ ခိုးဝင် ဘင်္ဂါလီဆိုတာ အစ္စလာမ် ဘာသာဝင်
 ဖြစ်နေမှ ခိုးဝင် ဘင်္ဂါလီ မခေါ်ဘူးလေ၊ ရခိုင်မှာ အစ်မတို့ သိသလောက် တစ်ဖက်က ခိုးဝင်လာတဲ့ ဗုဒ္ဓဘာ
သာ ဘင်္ဂါလီတွေ အများကြီးပဲ။ 

သူပြောသလို ဒီဘက်က ဘာသာခြားတွေကို ဟိုဘက်ကိုပို့ ဟိုဘက်က ဗုဒ္ဓဘာသာတွေကို ဒီဘက်ကို ခေါ်ဆို
တာ ပြောရရင်သာလွယ်တာဘင်္ဂလားဒေ့ရှ်အစိုးရ က လက်ခံမယ် လက်မခံဘူးဆိုတာထက် ကမ္ဘာ့ အလယ်
မှာ နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံအပေါ်မှာ ထပ်ပြီး အထင်သေးဖို့ပဲ ရှိတယ်။

-မေး ။ ။ ဒေါက်တာပြောတဲ့ သဘာဝလွန် လုပ်တဲ့ Psycho ဆိုတာ Mr. Rick Heizman မှာရှိတာလား။ ဘယ်

လိုမျိုးလဲဆိုတာ ပြောပြပေးလို့ ရမလား။

-ဖြေ ။ ။ ရပါတယ်။ အပေါ်ယံပဲ ပြောပြမယ်နော်။ ကိုယ့်လူနာ ဖြစ်နေတော့ သူ့ သိက္ခာက ရှိသေးတယ်။ ပြော

ရရင် သူ့မှာ အဲလို သဘာဝလွန် ဖြစ်ရပ် ရှိနေတယ်ဆိုတာ ဆုဝေ ပြောမှ သိတာ။ 

သူတို့ အိမ်ထောင်ကျပြီး ၃ လ လောက် နေတော့ နေမယ် ဂျွန်လ လောက်ဖြစ်မယ် ဟုတ်တယ် အဲဒီအချိန်
လောက်မနက်အစောကြီးဆုဝေ ဖုန်းဆက်လာတယ်။ ကျမနဲ့ တွေ့ချင်တယ် တိုင်ပင်ချင်တယ်ပေါ့။ ပြီးတော့ Mr. Rick Heizmanနဲ့လည်းကွာရှင်းချင်တယ်လို့ ပြောတယ်။ ကျမလည်း စိတ်ပူပြီးတော့ ကျမအိမ်ကို ချက်ခြင်း
 လာခဲ့ဖို့ ပြောလိုက်တယ်။ သူ တံခါးခေါက်ပြီး ၀င်လာတော့ ကျမ ဆုဝေကို မြင်လိုက်တာ လန့်သွားတာ။ 

ပုံစံက လုံးဝ ပျက်နေပြီး ငိုပြီး ကျမကို ပြေးဖက်လာတယ်။ ဒီအဖြူကောင်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး သူသေ
လိမ့်မယ်ဆိုပြီးအစချီပြီး ပြောတယ်။ ကျမလည်း မေးတာပေါ့ ဘယ်လိုဖြစ်လဲ လို့ မေးတော့ သူက ပြောတယ်။
 အဲဒီလူ အဖြူကောင် လူကို သဘာဝလွန် ကိစ္စတွေ ကျူးလွန်တယ်။ 

သူ့စိတ်ပြောင်းသွားရင် အဲလိုတွေ လုပ်တာ။ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ဘူး …… ။

- မေး ။ ။ (ဖြတ်၍ မေးသည် )ဒေါက်တာ ဘယ်လို သဘာဝလွန် ကျူးလွန်တာလဲ။


- ဖြေ ။ ။ မောင်လေးရယ် အစ်မ ပြောထားတာ ပြန်စဉ်းစားလေ၊ ဆုဝေ အိမ်ကိုလာတာ ဘယ်လိုပုံစံလည်း။ အဲဒါကို ပြန်စဉ်းစားရင် မောင်လေး နားလည်လာလိမ့်မယ်။


- မေး ။ ။ အာာာာ … ဆော်ရီး ဒေါက်တာ နားလည်ပြီ၊ တော်တော်ဆိုးတာပဲ။ အဲဒါနဲ့ ဘယ်လိုဆက်ဖြစ်ကျလဲ ပြောပါဦး …


- ဖြေ ။ ။ အဲဒါနဲ့ ကျမလည်း ဆုဝေကို သေချာ မေးတယ်၊ စစ်ဆေးကြည့်တော့ ဆုဝေ ဖျော့ဖတ်ဖတ်ပဲ ကျန်

တော့တယ်။ သူ့ကို စိတ်ဓါတ် ပြန်တတ်လာအောင် အိမ်မှာ ၂ ပတ်လောက်ထားတယ်။ Mr . Rick Heizman ကိုအစ်မ နေ့တိုင်းသွားတွေ့တယ်၊သူဖြစ်နေတာတွေသူလုပ်နေတဲ့သဘာဝလွန် ဖြစ်ရပ်တွေကို ဖြည်းဖြည်း
ချင်း ပျောက်သွားအောင်၊ အဲလို ဖြစ်လာရင် တခြားနည်းလမ်းနဲ့ စိတ်ကို ဖြေဖို့ အစ်မ ဖျောင်းဖြခဲ့တယ်။ 

အဲလိုနဲ့ ဆုဝေနဲ့ သူ ပြန်ပေါင်းပြီး အစ်မလည်း ဆုဝေကို ဆက်သွယ် ကြည့်တယ်။ ဆုဝေ အဆင်ပြေနေပါပြီ
တဲ့။ တစ်ခါတစ်လေ သဘာဝလွန် လုပ်ရပ်လေးတွေကို ချစ်တဲ့ စိတ်နဲ့ လိုက်လျောပေးခဲ့ပေမယ့် Mr. Rick Heizman ကလည်း သူ့စိတ်ကိုသူ ဖြေပါတယ်တဲ့။ အဲလို စိတ်တွေ ဖြစ်လာရင် သူ ထူးထူးဆန်းဆန်းတွေပြော
မယ်။ 

အိမ်ထဲမှာကချေသည်တစ်ယောက်လိုကမယ်၊ ပြောချင်တာ ပြောမယ်။ ကမ္ဘာက လက်မခံရင်နေ သူပြောချင်
တာ ပြောမယ် အဲလို နည်းနဲ့ သူ့စိတ်ကို သူဖြေလေ့ရှိတယ်လို့ ဆုဝေ က ပြောတယ် ။

(နှစ်ယောက်သား ၂ မိနစ်လောက် ရယ်လျက် )


- မေး ။ ။ အဲဒါဆိုရင် သူ စင်ထရယ်ဟိုတယ်မှာ ဖြေခဲ့တာက ???????

 
- ဖြေ ။ ။ ဟိတ် မောင်လေး၊ အဲဒါတော့ အစ်မ မဖြေဘူး၊ မောင်လေး သိသင့်ပါတယ် ( အဟား ဟား )

- မေး ။ ။ ခက်တော့ ခက်သားဗျ အစ်မရေ၊ ကျနော် နောက်ဆုံးမေးခွန်း တစ်ခု မေးမယ်နော်၊ ဒေါက်တာ ကို

 ကျေးဇူးလည်း တင်ပါတယ်။ ဒီ Issue က အရမ်း ဟော့နေတော့ ဒေါက်တာ အချိန်ယူဖြေပေးတာကိုပဲ ကျေး
ဇူးတင်လှပါပြီ

- ဖြေ ။ ။ ရပါတယ် မေးပါ။ နောက် ၁၀ မိနစ်ဆိုရင် အမ ပြန်တော့မယ်

- မေး ။ ။ Mr. Rick Heizman နဲ့ မဆုဝေတို့ လင်မယားက ဘာသာမတူဘူးပေါ့ ဒါဆို၊ အခုအတိုင်းဆိုရင် အခု

 ခေတ်စားနေတဲ့ မျိုးစောင့် ဥပဒေကို သူတို့နှစ်ဦးရဲ့ တုန့်ပြန်ပုံလေးရယ်၊ သူတို့ လင်မယား နှစ်ယောက်အနေ
နဲ့ ဆရာတော် ဦးဝီရသူအပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာလေး သိပါရစေဗျ။ 

- ဖြေ ။ ။ ထင်တယ် မင်း ဒီမေးခွန်းမေးတော့မယ်ဆိုတာ။ ဒါက လွယ်ပါတယ်။ သိပ်မခက်ပါဘူး။ သူတို့ လက်

ထပ်ထားတာ ၂၀၀၉ ခုနှစ်ကပေါ့။ ၄ နှစ်အရင်ကပေါ့။ နိုင်ငံခြားမှာ ဒီလို မြန်မာပြည်က အမျိုးသမီးတွေ နိုင်
ငံခြားသားတွေနဲ့ လက်ထပ်တာ အများကြီးပါ။ 

ဒါပေမယ့် မဆုဝေလှိုင်က ရခိုင်လူမျိုး ဆိုတော့ ဒီမေးခွန်းကို မောင်လေး မေးတာ မဆန်းပါဘူး။ ၄ နှစ် အရင်
က လက်ထပ်ခဲ့တာဆိုတော့ ဒီဥပဒေကို သူတို့ဂရုမစိုက်တဲ့ ပုံပဲ။ ဆုဝေ နဲ့ တောင် ပြောဖြစ်သေးတယ်၊ နင်တို့
 အခုချိန်မှာ လက်ထပ်ရင် မျိုးစောင့် ဥပဒေ နဲ့ ငြိပြီး ဝေးရမှာဆိုတော့ ဆုဝေက ပြောတယ်။ 

အမလေး ဒေါက်တာရယ်တဲ့ ၊ အခုပြည်ပကနေ Facebook ပေါ်မှာ မျိုးစောင့်ဥပဒေ ထောက်ခံနေတဲ့ ၇၅ ရာ
ခိုင်နှုန်း အဖြူကောင်တွေနဲ့ မကင်းဘူးတဲ့။ ဘ၀ ရပ်တည်မှုအတွက် ဘာမျိုးစောင့် ဥပဒေမှ မလိုအပ်ဘူး တဲ့။ 
 နောက်ပြီး ဦးဝီရသူ အကြောင်းလေး ဆုဝေ ပြောပြတာ ပြောပြမယ်။ 

တကယ်လို့ မြန်မာပြည်မှာ ဦးဝီရသူ ကို နိုင်ငံတော်က အရေးယူလို့ လူဝတ်လဲပြီး ထွက်ပြေးရင် ထိုင်းနယ်စပ်
ကို အရင်ဆုံး ထွက်ပြေးဖို့ Mr. Rick Heizman က စီစဉ်ပေးထားတယ်လို့ ပြောတယ်။ အဲဒီကမှ တဆင့် အမေ
ရိကန်ကို ခေါ်မယ်ပေါ့။ 

 ပြီးရင် ဒီမှာ ဦးဝီရသူ နေထိုင်ဖို့ Mr. Rick Heizmanကစီစဉ်ပေးမယ် ဆိုပြီးဦးဝီရသူကိုEmail ကနေ ဆက်သွယ်
ထားတယ်။ ဦးဝီရသူလည်း လက်ခံတယ်။ သူတစ်ခုခု ဖြစ်ရင် လူဝတ်လဲ ပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့မယ်
လို့ ဦးဝီရသူက ကတိပေးခဲ့တယ်လို့ ဆုဝေ က ပြောထားဖူးတယ်။

-မေး ။ ။ အော် ဟား ဟား ၊ ဒါဆိုရင် သူတို့ မျိုးစောင့်ဥပဒေကို ဆန့်ကျင်ခဲ့တဲ့ အတွက် ဦးဝီရသူကို ဒီလိုနည်းနဲ့ အပိုင်ချည်လိုက်တဲ့ သဘောလား ဒေါက်တာ ဟား ဟား … ။ 


- ဖြေ ။ ။ ဟိတ် …အဲဒါ အစ်မ မပြောဘူးနော်။ ဟား ဟား ။ကဲ ကဲ သွားတော့မယ်။ဘိုင့် ဘိုင် ။“ဟုတ်ကဲ့ ကျေး

ဇူးပါ ဒေါက်တာ အခုလို ဖြေကြားပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်”


Mr . Rick Heizman ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ --- https://www.facebook.com/rick.heizman

သူ့ ဇနီး ရခိုင် တိုင်းရင်းသူ မဆုဝေလှိုင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ---
https://www.facebook.com/su.hlaing.16718

၎င်းတို့ မင်္ဂလာဆောင် ဓါတ်ပုံများ ---
http://www.facebook.com/l.php?u=https%3A%2F%2Fplus.google.com%2Fphotos%2F109622891463796718984%2Falbums%2F5317029557093815457%2F5317030885346920242%3Fpid%3D5317030885346920242%26oid%3D109622891463796718984&h=KAQHM_cri


Mr . Heizman တို့ လင်မယားအကြောင်း ပြောပြပေးတဲ့ ဒေါက်တာကို ကျေးဇူးတင်ပါတယ်

(သတင်းသမားလေး မောင်ဥသြ)

RangonNewsDaily
kolatt (Pabedan): 4.8.2013

0 comments:

Post a Comment