Pages

Sunday, August 4, 2013

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုတွင် လူငါးဦး သေဆုံးခဲ့ပြီး ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဦးရေ ၁၀၀၀၀ ကျော်အထိ ရှိနေ

F-4-8
ဘားအံမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်


ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပြီး ဘားအံမြို့၊ ရေဘေးကယ်ဆ
ယ်ရေး စခန်းများတွင် ရေဘေးသင့်ဦးရေ ကျား၊မ၊ ကလေး ၁၀၀၄၅ ဦးရှိကြောင်း သိရသည်။
 "သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲမှာ ရေကအနည်းငယ် ကျဆင်းခဲ့တဲ့ အနေအထားပဲ ရှိနေသေးတယ်။ မြစ်
ရေကြီးမှု အနေအထားက မနှစ်ကထက်ရင် နည်းနည်းအားပျော့ပါတယ်။ အခြေအနေ အရမ်းမဆိုးရွားပါဘူး" ဟု အမှတ် (၅)ရပ်ကွက် ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်သူတစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၈ ရက်မှ စတင်ကာ ဘားအံမြို့ မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေလွှမ်းမိုးမှု
ဖြစ်ပေါ်ခဲ့ပြီးနောက် ရေဘေးကယ်ဆယ်ရေး စခန်း ၁၂ ခုကို အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်ထားရှိပြီး ဇူလိုင် ၂၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရေဘေးကယ်ဆယ်ရေး စခန်း ၃ ခုကို ထပ်မံတိုးမြှင့် ဖွင့်လှစ်ထားရကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက်မှ စတင်ကာ မြစ်ရေလွှမ်းမိုးမှု ဖြစ်
ပေါ်ပြီး ရေလွှမ်းမိုးမှု ဖြစ်စဉ်တွင် မြ၀တီ၊ ပိုင်ကျုံမြို့နယ်ခွဲ၊ လှိုင်းဘွဲမြို့နယ်များတွင်လူ၅ဦး သေဆုံးမှု ဖြစ်ပေါ်
ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင်ဇူလိုင်၃၁ ရက်က မြ၀တီမြို့၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ကြံခင်းဈေးအရှေ့တွင်
ယောက်ျားတစ်လောင်း (စုံစမ်းဆဲ)တွေ့ရှိရကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် ပိုင်ကျုံမြို့နယ်ခွဲတွင် မြစ်ရေကြီး
မှုကြောင့် ၀င်းဖရကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာနေဦးခလောက်(၅၂)နှစ်နှင့်ဦးမောင်လှ (၆၅)နှစ်
တို့နှစ်ဦး ကျွဲတစ်ကောင် ရေစီးအရှိန်ဖြင့် မျောပါ၍ လိုက်လံဆယ်ယူရာမှ ရေနစ်မှုဖြစ်ပွားပြီး ဦးမောင်လှ၏
အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ဦးခလောက်မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊

ဇူလိုင် ၃၀ ရက်တွင် ၎င်းကျေးရွာ၌ ဦးကာတစ် (၅၆)နှစ်မှာလည်း ကျွဲရေမျော၍ ဆယ်ယူရာမှ ပျောက်ဆုံး
လျက်ရှိကြောင်း၊ ဇူလိုင် ၃၁ ရက်တွင် လှိုင်းဘွဲမြို့၌ နေထိုင်သူ မောင်မောင်သက်ဇင် အသက် (၂ နှစ် ၂ လ) သည် အိမ်ပေါ်တွင် ကစားနေရာမှ မတော်တဆပြုတ်ကျပြီး ရေအနက် ၄ ပေအောက်သို့ နစ်မြုပ်၍ သေဆုံး
ခဲ့ကြောင်း သိရသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 4.8.2013

0 comments:

Post a Comment