Pages

Sunday, August 4, 2013

အမ်းမရိတ်စ်မှာ မျက်နှာမပျက်ခဲ့ရတဲ့ အာဆင်နယ်

Photo: အမ်းမရိတ်စ်မှာ မျက်နှာမပျက်ခဲ့ရတဲ့ အာဆင်နယ်
Sunday, Augest 04, 2013

အမ်းမရိတ်စ်ဖလား ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်မှာတော့ (၂-၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲအတွက် နာပိုလီ လူစာရင်းမှာ ဟီဂူအင် ပါလာတာကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းခဲ့ပြီး ဒီကစားသမားဟာ အခုအပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်ကခေါ်ဖို့ကမ်းလှမ်းခဲ့ဖူးတဲ့
သူဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပေမယ့် ပွဲချိန် ၇မိနစ်မှာပဲ အင်ဆိုင်နီရဲ့ ညာခြေကန်ချက်နဲ့အတူ အဖွင့်ဂိုးစပေးခဲ့ရပါတယ်။ ဒီဂိုးဟာ အာဆင်နယ် ဘယ်တောင်ပံမှာလိုအပ်ချက်တွေ ဖြစ်နေပြီဆိုတာ
ထောက်ပြခဲ့ပြီး အင်ဆိုင်နီက အသာအယာ သွင်းယူခဲ့တာပါ။

ဒါပေမဲ့ အာဆင်နယ်ဟာ ပွဲချိန် ၁၇မိနစ်မှာတော့ ပင်နယ်တီ ရခဲ့ပြီး ဒီပင်နယ်တီဟာ ကွင်းလယ်ဒိုင်ကို ဝေဖန်သံတွေ ထွက်စေခဲ့ပါတယ်။ ဒီပင်နယ်တီကို ပိုဒေါစကီးကန်သွင်းရာမှာ လီဗာပူးကနေ အငှားလာကစားတဲ့ ဂိုးသမား ရေနာ ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ဒီဂိုးဟာလည်း ခံစစ်ကြောင်း အားနည်မှုက ပေးလိုက်ရတာဖြစ်ပြီး တစ်ကိုယ်တော် ထိုးဖောက်လာတဲ့ ဟမ်ဆစ်က လူကပ်မခံထားရတဲ့ ပန်ဒက်ဇ်ထံ ထိုးပေးရာကနေ ဒီကစားသမားက သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုတက်လာပြီး ပွဲချိန် ၇၂မိနစ်မှာတော့ ပထမဆုံး ချေပဂိုး စရသွားခဲ့ပါတယ်။ ဒီဂိုးဟာ ဂီးရော့ဒ်ရဲ့ နောက်ပြန် ကန်ချက်ကနေ ဆက်ဂ်ညာရဲ့ ကျောကိုထိပြီး ၀င်သွားခဲ့တာပါ။ ဒါ့အပြင် ပွဲချိန် ၈၅မိနစ်မှာ ဒုတိယမြောက် ချေပဂိုး ရသွားခဲ့ပြီး ဒီဂိုးဟာ ကိုစီယယ်နီရဲ့ လျှက်တစ်ပြက် ပိတ်သွင်းမှုကြောင့်လို့ ဆိုရပါလိမ့်မယ်။ဂီးရာ့ဒ်ရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်ကို
ရေနာကာကွယ်နိုင်ခဲ့ပေမယ့် ဒီကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ကိုစီယယ်နီ ပြေးဝင်ပိတ်သွင်းတာကိုတော့ ရေနာမတတ်နိုင်ခဲ့ဘဲ ချေပဂိုးပေးခဲ့ရတာပါ။

http://yoyarlay.com/sport/football/36961-2013-08-03-22-40-48
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: Aug 4, 2013

အမ်းမရိတ်စ်ဖလား ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်မှာတော့ (၂-၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲအတွက် နာပိုလီ လူစာရင်းမှာ ဟီဂူအင် ပါလာတာကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ
ကောင်းခဲ့ပြီးဒီကစားသမားဟာအခုအပြောင်းအရွှေ့ကာလမှာအာဆင်နယ်ကခေါ်ဖို့ကမ်းလှမ်းခဲ့ဖူးတဲ့သူဖြစ်
ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပေမယ့် ပွဲချိန် ၇မိနစ်မှာပဲ အင်ဆိုင်နီရဲ့ ညာခြေကန်ချက်နဲ့အတူ အဖွင့်ဂိုးစပေးခဲ့ရပါတယ်။ဒီဂိုးဟာအာဆင်နယ်ဘယ်တောင်ပံမှာလိုအပ်ချက်တွေ ဖြစ်နေပြီဆိုတာထောက်
ပြခဲ့ပြီး အင်ဆိုင်နီက အသာအယာ သွင်းယူခဲ့တာပါ။

ဒါပေမဲ့ အာဆင်နယ်ဟာ ပွဲချိန် ၁၇မိနစ်မှာတော့ ပင်နယ်တီ ရခဲ့ပြီး ဒီပင်နယ်တီဟာ ကွင်းလယ်ဒိုင်ကို ဝေဖန်
သံတွေ ထွက်စေခဲ့ပါတယ်။ ဒီပင်နယ်တီကို ပိုဒေါစကီးကန်သွင်းရာမှာ လီဗာပူးကနေ အငှားလာကစားတဲ့ ဂိုး
သမား ရေနာ ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ဒီဂိုး
ဟာလည်း ခံစစ်ကြောင်း အားနည်မှုက ပေးလိုက်ရတာဖြစ်ပြီး တစ်ကိုယ်တော် ထိုးဖောက်လာတဲ့ ဟမ်ဆစ်
က လူကပ်မခံထားရတဲ့ ပန်ဒက်ဇ်ထံ ထိုးပေးရာကနေ ဒီကစားသမားက သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုတက်လာပြီး ပွဲချိန် ၇၂မိနစ်မှာတော့ ပထမဆုံး ချေပဂိုး စရ
သွားခဲ့ပါတယ်။ ဒီဂိုးဟာ ဂီးရော့ဒ်ရဲ့ နောက်ပြန် ကန်ချက်ကနေ ဆက်ဂ်ညာရဲ့ ကျောကိုထိပြီး ၀င်သွားခဲ့တာ
ပါ။ 
 
ဒါ့အပြင် ပွဲချိန် ၈၅မိနစ်မှာ ဒုတိယမြောက် ချေပဂိုး ရသွားခဲ့ပြီး ဒီဂိုးဟာ ကိုစီယယ်နီရဲ့ လျှက်တစ်ပြက် ပိတ်
သွင်းမှုကြောင့်လို့ ဆိုရပါလိမ့်မယ်။ဂီးရာ့ဒ်ရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်ကိုရေနာကာကွယ်နိုင်ခဲ့ပေမယ့် ဒီ
ကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ကိုစီယယ်နီ ပြေးဝင်ပိတ်သွင်းတာကိုတော့ ရေနာမတတ်နိုင်ခဲ့ဘဲ ချေပ
ဂိုးပေးခဲ့ရတာပါ။

ဇော်ထွန်း(ရိုးရာလေး)
RangonNewsDaily
kolatt (Pabedan): 4.8.2013

0 comments:

Post a Comment