Pages

Sunday, August 4, 2013

မန္တလေးမြို့တွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတုပွဲ အစီအစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် တင်ပြရ

RangonNewsDaily:: Aug 4, 2013
မန္တလေးမြို့တွင် အထက်မြန်မာပြည် ကိုယ်စားပြု ကျင်းပမည့် ရှစ်လေးလုံးငွေရတု အခမ်းအနား အစီအစဉ်များနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးရုံးသို့ အသေးစိတ် တင်ပြခဲ့ရပြီး ခွင့်ပြုချက် ရရှိခဲ့သည်ဟု သိရှိရသည်။သြဂုတ် ၂ ရက် ညနေပိုင်းက ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရေး ကော်မတီအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၂၅ နှစ်ပြည့်ပွဲ အစီအစဉ်များအား အသေးစိတ် တင်ပြစေခဲ့ရခြင်း ဖြစ်သည်ဟု ပွဲကျင်းပရေးနှင့် ပြန်ကြားရေး ကော်မတီမှ သိရသည်။

"ခေါ်တွေ့တယ် ဆိုပေမယ့် ပြေပြေလည်လည် ရှိပါတယ်။ ပွဲအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းတယ်။

အစီအစဉ်တွေ အသေးစိတ် တင်ပြပြီးတဲ့အခါမှာ ခွင့်ပြုပေးပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင်း အနေနဲ့ တက်ရောက်ဖို့နဲ့ ငွေလှူဒါန်းမယ် ဆိုတာမျိုး ကမ်းလှမ်းတာတော့ မရှိဘူး" ဟု ပွဲကျင်းပရေးနှင့် ပြန်ကြားရေး ကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။

"၂၅ နှစ်ပြည့် အစီအစဉ်ထဲမှာ ပါတဲ့အကြောင်းအရာ တစ်ခုကိုတော့ သူတို့ဘက်က သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိလို့ ထပ်ပြီးမေးမြန်း ထားပါတယ်။ အဲဒီအစီအစဉ်ကို ကန့်သတ်တာမျိုး၊ ခွင့်မပြုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်ပြီးဆွေးနွေး ရဦးမယ်" ဟု ဆက်လက်ပြောပါသည်။

အထက်မြန်မာပြည် ကိုယ်စားပြု ရှစ်လေးလုံး ၂၅ နှစ်ပြည့်ပွဲကို မန္တလေးမြို့တွင် သြဂုတ် ၆ ရက် နံနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်တွင် စတင်ဖွင့်လှစ်ကာ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်သည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 4.8.2013

0 comments:

Post a Comment