Pages

Wednesday, August 28, 2013

မွန်ပြည်နယ်၊ မုဒုံမြို့တွင် လူငယ်မူးယစ်ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်နေ

RangonNewsDaily:: Aug 28, 2013
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းသားလူငယ်များအကြား ဂိုဏ်းဂဏပုံသဏ္ဌန်အသင်းအဖွဲ့များ ပေါ်ပေါက်လျက်ရှိပြီး လူငယ်ကျောင်းသားများအကြား၌ မူးယစ်စိတ်ကြွဆေးများ သုံးစွဲနေသည်ဆိုသော သတင်းများကြောင့် ကျောင်းသားမိဘများနှင့် မြို့ခံ ရပ်မိရပ်ဖများမှာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။ မုဒုံမြို့သည် မွန်ပြည်နယ်အတွင်း ပညာရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်သောကြောင့် ရပ်နီးရပ်ဝေးမှ မိဘများကမိမိတို့ သားသမီးပညာရေး ထူးချွန်စေရန် မုဒုံမြို့တွင် ကျောင်းလာထားလေ့ရှိကြောင်း၊ ယခုအခါ ကျောင်းသားလူငယ်များကို ပစ်မှတ်ထားသည့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများမှာ မုဒုံမြို့၌ များပြားလာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
မှုးအိမ်ဇော် မွန်ပြည်နယ် 
(မြစ်မခ) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၈.၈.၂၀၁၃

0 comments:

Post a Comment