Pages

Wednesday, August 28, 2013

တရုတ်ဆေးရုံသင်္ဘော သီလ၀ါဆိပ်ကမ်းရောက်ရှိ

Photo

RangonNewsDaily:: Aug 28, 2013
တရုတ်နိုင်ငံ ရေတပ်ကကုတင်၃၀၀ဆံ့ ဆေးရုံသင်္ဘောPeace Ark ဟာ သြဂုတ်လ၂၈ ရက်နေ့က ရန်ကုန်မြို့ 
သီလဝါဆိပ်ကမ်းကိုဆိုက်ရောက်လာပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်းထုတ်ပြန်ထားတဲ့အတိုင်း
 လူနာတွေကို တပတ်တိတိ အခမဲ့ကုသပေးတော့မှာ ဖြစ်ပါတယ်။ တရုပ်ရေတပ် ဆေးကုသေ၇းအဖွဲ့ဟာ ရန်ကုန်မြို့မှာ တပတ်လောက် ကြာမှာဖြစ်ပြီး ။ သြဂုတ်လ ၂၉ ရက
နေ့မှာတော့ မြန်မာစစ်တပ်နဲ့မိသားစုတွေကိုဦးစားပေးကုသမှာဖြစ်ပါတယ်။သြဂုတ်လ ၃၀၊ ၃၁ နဲ့ စက်တင်
ဘာလ ၁ ရက်နေ့တွေမှာတော့ မြန်မာပြည်သူတွေကို ကုသပေးမှာဖြစ်ပြီး စက်တင်ဘာ၂ ရက်နေ့မှာတော့
 ပြန်လည်ထွက်ခွာမယ်လို့သိရပါတယ်။
 
ဆေးကုသခံယူလိုသူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို သွားရောက်စာရင်း ပေးသွင်းရ
မှာဖြစ်ပြီး သဘောင်္ပေါ်မှာ ပညာရှင်တွေနဲ့ ခေတ်မီဆေးပညာတွေအပြင် တရုတ်ရိုးရာ ဆေးပညာရှင်တွေ
လည်းပါဝင်လာမှာ ဖြစ်တဲ့အတွက် ဆေးပညာရပ်နဲ့ယဉ်ကျေးမှုဆိုင်ရာတွေကို မြန်မာနိုင်ငံကတာဝန်ရှိသူတွေ
နဲ့ ဆွေးနွေးဖလှယ်ဖို့လည်း ရှိနေပါတယ်။
 
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အဲဒီ ဆေးရုံသဘောင်္ကြီးဟာ အကျယ်အဝန်း စတုရန်းပေ ၄၃၀၅၆ ရှိပြီး သဘောင်္ပေါ်မှာ အထူးကြပ်မတ်ကုသဆောင် ၂၀၊ ခွဲစိတ်ခန်း ၈ ခန်း ပါဝင်ကာ တနေ့ကို ခွဲစိတ်
မှုအကြိမ် ၄၀ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
 
DVB TV News , RangonNewsDaily
kolatt (Pabedan): 28.8.2013

0 comments:

Post a Comment