Pages

Wednesday, August 28, 2013

တပ်ထိန်းဒုတပ်ကြပ်က ပစ္စတိုနဲ့ ပစ်လို့ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး

မန္တလေး ၊RangonNewsDaily:: Aug 28, 2013

ပူတာအိုအခြေစိုက်တပ်မမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ်ခန့် စိန်က ပစ်စတိုနှင့် နားထင်တေ့ ပစ်ရာ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး သွားကြောင်း သေဆုံးသူရဲ့ ညီဖြစ်သူ ကပြောကြားပါတယ်။ပူတာအိုခရိုင်စာရင်းစစ်ရုံးအနီး အိန်ကျယ်စားသောက်ဆိုင်တွင် ည(၉)နာရီကျော်ခန့် က အခုလို ဒုတပ်ကြပ်ကပစ်စတိုနဲ့ @ပစ်လိုက် လို့ စာရင်းစစ် ဦးလမင်းမောင်မောင် သေဆုံးခဲ့တာဖြစ်ပါတယ်။ “ညက အကို(သေဆုံးသူ)က သူ့ သူငယ်ချင်းတစ်ယောက်နဲ့ အိန်ကျယ် စားသောက်ဆိုင်မှာ ယမ်ယမ်ခေါက် ဆွဲစားနေကြတာ။ ဆိုင်ရှင်က ည (၉)နာ ရီကျော်လို့ ဆိုင်တံခါးပိတ်ထားလိုက်တယ်။@အဲဒီအချိန်မှာ တပ်ထိန်း ကိုခန့် စိန်ရောက်လာပြီး တံခါးကို ခြေနဲ့  ကန်ဖွင့်တယ်။နောက်ဝင်လာပြီး ဘီယာချပေးဖို့ ပြောတယ်။

ဆိုင်ရှင်က ပိတ်တော့မှာလို့ ပြောတော့ ဒါဆိုလည်း ဟိုကောက်တွေပါ ပြန်ခိုင်း လို့ ပြောတယ်။အဲဒါနဲ့ ခေါက်ဆွဲစားနေတဲ့ (သေဆုံးသူ)က အကို(တပ်ကြပ်) စားလို့ ပြီးတော့မှာပါ။ဘာဖြစ်လို့  လဲလို့ 
့မေးလိုက်တာကို သေနတ်နဲ့ ပစ်သွားတာ ” လို့ သေဆုံးသူရဲ့ ညီဖြစ် သူက ပြန်ပြောပြပါတယ်။

ခရိုင်စာရင်းစစ် အရာရှိက“ညက သေဆုံးသွားတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ ဖြေကြားခွင့်မရှိပါဘူး။ @ရဲစခန်းကိုပဲမေးပါ။ ဒီကိစ္စနဲ့
ခေါင်းတွေလည်း ကိုက်လှပြီ။ ”လို့ တယ်လီဖုန်းကတဆင့် ဖြေကြားခဲ့ပါတယ်။

သေဆုံးသူ ဦးလမင်းမောင်မောင်ဟာ အသက်၂၆ နှစ်အရွယ်ရှိပြီး အကွက်(၆)နန်းရှေ့၊ ဒေါနဘွားရပ်၊အောင်မြေသာစံမြို့ နယ်၊မန္တလေးမြို့  မှာ နေထိုင်သူဖြစ်ပါတယ်။ လုပ်သက် ရှစ်လခန့်သာ ရှိသေးပြီး ပူတာအို ခရိုင်စာရင်းရုံးမှာ စာရင်းစစ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး ) ဦးဇော်သိန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းမ တွင်း ရောက်နေလို့ နောက်မှ ပြန်ဆက်ရန် ဖြေကြားခဲ့ပါတယ်။

မန္တလေးခေတ် , RangonNewsDaily
kolatt (Pabedan): 28.8.2013

0 comments:

Post a Comment