Pages

Wednesday, August 28, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်တွင် ၉၆၉ အကြမ်းဖက်အဖွဲ့ဝင်များ ဆူပှုမှုဖြစ်ပေါ်စေရန်လှုံဆော်မှုများပြုလုပ်နေ

RangonNewsDaily:: Aug 28, 2013

25-8-2013 နေ့ကမွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်နယ်ငန်းတေးအရပ်တွင် မော်လဝီဆပ်တစ်ယောက်
စီးလာတဲ့ ဆိုင်ကယ်နဲ့ ကိုရင်တစ်ပါးတို့ ပွတ်တိုက်မိခဲ့တယ်။ ကျောင်းထိုင်ဆရာတော်က အဲဒီကိစ္စကို ဖြေရှင်း
ပေးပြီးဖြစ်ပါသည်။သို့သော်လည်း ဆူပူလိုတဲ့ ၉၆၉ ဂိုဏ်းသားတွေကတော့ ငန်းတေးမှာ မဟုတ်မမှန်သတင်းဖြန့်နေကြောင်းသတင်းရရှိပါသည်။
27-8-2013 နေ့ ညနေ ငါးနာရီအချိန်လောက်မှာ မော်လမြိုင်ဘက်ကို စစ်ကား (ပေ ၂၀ ရှိ) အစီး 50 လောက် အလုံနီးပါး တာလပတ်တွေ ပိတ်ပြီး သွားနေတာကို ကျိုက်ထို အနီးမှာ တွေ့ခဲ့တယ်။ တရုတ်လုပ် FAW ကားတွေဖြစ်နိုင်တယ်။

နောက်ထူးခြားတာက အဲသည်ကားတွေနဲ့ စစ်လက်နက် တွေတင်ထားတာ မဖြစ်လောက်ဘူး။ ဒေါသ

ထွက်နေတဲ့ ဘယ်က ရောက်လာမှန်းမသိတဲ့ လူအုပ်ကြီးကို မော်လမြိုင်ဘက်ကို ရွှေ့နေတာ ဖြစ်လောက်
တယ်။ ဘာ့ကြောင့်လဲဆိုရင် အားလုံးသတိထားမိမှာပေါ့။ 27-8-2013 တစ်နေ့လုံးလောက်ကို ဖုန်းတွေ ဆက်မရ ဖြစ်နေတယ်လေ။ ရန်ကုန် - မော်လမြိုင်လမ်းမှာလည်း လူ၊ ကား မှန်သမျှ အားလုံးကို စစ်ဆေးနေတာ ။ စစ်ဆင်ရေးကြီးတစ်ခုလိုပဲ။

ခုဒီသတင်း သင်ဖတ်နေရချိန်မှာ အဲသည် ကားစီးရေ 50 လောက်က မောင်ငံရောက်နေလောက်ပြီ။

မျက်မြင်သက်သေတွေရဲ့ သတင်းပေးပို့ချက်ကို ပြန်လည်ဝေမျှပါသည်။ မော်လမြိုင်နဲ့ မြန်မာတစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကို ဒီသတင်း အမြန်သိအောင်လုပ်ပေးပါ။ မွတ်စလင်မ်အပေါင်းအတွက် ဒုအာလုပ်ပေးပါ။


Md Bailah 
RangonNewsDaily
kolatt (Pabedan): 28.8.2013

0 comments:

Post a Comment