Pages

Monday, June 24, 2013

XBox One တွင် ဂိမ်းအဟောင်းများအပေါ် ကန့်သတ်ထားခြင်းအား Micorsoft ရုပ်သိမ်း

Photo: XBox One တွင် ဂိမ်းအဟောင်းများအပေါ် ကန့်သတ်ထားခြင်းအား Micorsoft ရုပ်သိမ်း
Monday, June 24, 2013

ဂိမ်းကစားသူများမှာ အပြင်းအထန်ဝေဖန်ခဲ့ပြီးနောက် Microsoft
သည် အသစ်ထုတ်လုပ်ထားသည့်Xbox One ဂိမ်းစက်သစ်များတွင် ဂိမ်း
ဟောင်းများ ပိတ်ပင်ထားမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

Microsoft ၏ ထုတ်ပြန်ချက်မှာ ယင်းတို့၏ အဓိကပြိုင်ဖက်ဖြစ်
သူ Sonyမှ Xbox One ထက် ပိုမိုဈေးသက်သာပြီး Xbox One ကဲ့သို့ ဆော့ဖ်
ဝဲသစ်များသာ ကစားနိုင်သည့် ကန့်သတ်ချက်များမရှိသော ဂိမ်းစက်သစ်
Play Station 4 အားထုတ်ဖော်မိတ်ဆက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်
သည်။ ယင်းထုတ်ပြန်ချက်အရ Microsofts သည် ပြီးခဲ့သည့်လက ထုတ်ဖော်
ခဲ့သည့် မျိုးဆက်သစ် Xbox One တွင် တစ်ပတ်ရစ်ဂိမ်းများအား ပိတ်ပင်
ထားသည့် DRM ခေါ် Digital Right Management အားဖယ်ရှားပေးမည်
ဖြစ်သည်။

လော့စ်အင်ဂျလိစ်တွင် ကျင်းပခဲ့သည့် E3တွင် Xbox One အားမိတ်
ဆက်ခဲ့စဉ်က ဂိမ်းကစားသူများသည် ဂိမ်းများအား ငှားရမ်းသုံးစွဲခြင်း၊ ဝေမျှ
သုံးစွဲခြင်းနှင့် ပြန်လည်ရောင်းချခြင်း ပြုလုပ်နိုင်မည်မဟုတ်သလို ဂိမ်းစက်
အား အင်တာနက်နှင့်ချိတ်ဆက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ရာMicrosoft သည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက်
ပြန်လည်လက်လျှော့ခဲ့ခြင်းဖြစ်သည်။

Microsoftသည် Xbox One အားလာမည့်နိုဝင်ဘာတွင် ဖြန့်ချိသွား
မည်ဖြစ်ပြီး ယင်းဂိမ်းစက်သစ်တွင် အသံမှတ်မိနိုင်ခြင်း၊ ကိုယ်အမူအယာဖြင့်
ထိမ်းချုပ်နိုင်ခြင်း၊ Skype အသုံးပြုနိုင်ခြင်း၊ Multitasking ပြုလုပ်နိုင်သည့် Snap Mode ပါဝင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ကြောင်းသိရသည်။

Ref: Daily Mail

Sithu (TSJ Tech Team)
TechSpace Journal


Monday, June 24, 2013

ဂိမ်းကစားသူများမှာအပြင်းအထန်ဝေဖန်ခဲ့ပြီးနောက် Microsoft သည်အသစ်ထုတ်လုပ်ထားသည့်Xbox One
ဂိမ်းစက်သစ်များတွင် ဂိမ်း ဟောင်းများ ပိတ်ပင်ထားမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
Microsoft ၏ ထုတ်ပြန်ချက်မှာ ယင်းတို့၏ အဓိကပြိုင်ဖက်ဖြစ်သူ Sonyမှ Xbox One ထက် ပိုမိုဈေးသက်သာ
ပြီး Xbox One ကဲ့သို့ ဆော့ဖ်ဝဲသစ်များသာ ကစားနိုင်သည့် ကန့်သတ်ချက်များမရှိသော ဂိမ်းစက်သစ်Play
Station 4 အားထုတ်ဖော်မိတ်ဆက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 
ယင်းထုတ်ပြန်ချက်အရ Microsofts သည် ပြီးခဲ့သည့်လက ထုတ်ဖော်ခဲ့သည့် မျိုးဆက်သစ် Xbox One တွင်
တစ်ပတ်ရစ်ဂိမ်းများအား ပိတ်ပင်ထားသည့် DRM ခေါ် Digital Right Management အားဖယ်ရှားပေးမည်ဖြစ်
သည်။

လော့စ်အင်ဂျလိစ်တွင် ကျင်းပခဲ့သည့် E3တွင်Xbox Oneအားမိတ်ဆက်ခဲ့စဉ်က ဂိမ်းကစားသူများသည် ဂိမ်း
များအား ငှားရမ်းသုံးစွဲခြင်း၊ ဝေမျှသုံးစွဲခြင်းနှင့် ပြန်လည်ရောင်းချခြင်း ပြုလုပ်နိုင်မည်မဟုတ်သလို ဂိမ်းစက်
အား အင်တာနက်နှင့်ချိတ်ဆက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ရာMicrosoft သည် ဝေဖန်မှုများနှင့် ရင်
ဆိုင်ခဲ့ရသည့်အတွက်ပြန်လည်လက်လျှော့ခဲ့ခြင်းဖြစ်သည်။

Microsoftသည် Xbox One အားလာမည့်နိုဝင်ဘာတွင် ဖြန့်ချိသွားမည်ဖြစ်ပြီး ယင်းဂိမ်းစက်သစ်တွင် အသံ
မှတ်မိနိုင်ခြင်း၊ ကိုယ်အမူအယာဖြင့်ထိမ်းချုပ်နိုင်ခြင်း၊ Skype အသုံးပြုနိုင်ခြင်း၊ Multitasking ပြုလုပ်နိုင်သည့် Snap Mode ပါဝင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ကြောင်းသိရသည်။

Ref: Daily Mail

Sithu (TSJ Tech Team)
TechSpace Journal , RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment