Pages

Monday, June 24, 2013

ပါလက်စတိုင်းတို့ဒုံးကျည်ဖြင့်ပစ်ခတ်ပြီးနောက်အစ္စရေးဘက်မှ ဂါဇာဒေသ ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

Photo: ပါလက်စတိုင်းတို့ဒုံးကျည်ဖြင့်ပစ်ခတ်ပြီးနောက်အစ္စရေးဘက်မှ ဂါဇာဒေသ ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်
Monday, June 24, 2013

ရှေ့တန်းတပ်များကြား ရက်သတ္တပတ်ပေါင်းများစွာကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတို့ ပစ်ခတ်သည့် ဒုံးကျည်အား တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် အစ္စရေးနိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ တနင်္လာနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်သည်။

ပစ်ခတ်မှုသည် ဂါဇာမြောက်ပိုင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသည့်သတင်း မထွက်ပေါ်သေးပေ။

မကြာမီပင် အစ္စရေးဘက်မှ နေရာသုံးနေရာကို လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့သည်

လွန်ခဲ့သည့်ညအတွင်း ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ခြမ်းသို့ ဒုံးကျည်ခြောက်ခုပစ်ခတ်ခဲ့ပြီး အပျက်အစီးမရှိကြောင်း ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖက်က ဆိုသည်။

အစ္စရေးဘက်မှ ဒုံးကာပစ်စနစ်ဖြင့် ဒုံးကျည်နှစ်ခုကိုပစ်ချနိုင်ခဲ့ကြောင်း စစ်တပ်က ပြောကြားသည်။

၎င်းနောက် အစ္စရေးလေယာဉ်များသည် ဂါဇာကမ်းမြောက်ဒေသသို့ ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်နှစ်ခုတပ်ယာဉ်များ ပါဝင် ခဲ့ကြောင်း စစ်တပ်က ဆိုသည်။

အစ္စလာမ္မစ်လှုပ်ရှားသူတပ်ဖွဲ့ ဟာမတ်စ်ထိန်းချုပ်ထားသည့် ကမ်းရိုးတမ်းဒေသနှင့် ဆက်သွယ်ရာလမ်းများထဲမှ တစ်ခုကိုလည်း အစ္စရေး ဘက်မှ ပိတ်ထားခဲ့သည်။

ပစ်ခတ်သည့်အကြောင်းရင်းကို မသိရသော်လည်း စနေနေ့က ဟာမတ်စရဲတပ်ဖွဲ့က အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ခေါင်းဆောင်အား သတ်ခဲ့ခြင်း နောက်တွင် ဂါဇာဒေသ၌တင်းမာမှုများရှိနေကြောင်း သိရသည်။

ပါလက်စတိုင်းမှ ပစ်ခတ်သည့်ဒုံးကျည်များကို မည်သည့်အဖွဲ့မှ ပစ်ခတ်ကြောင်း ထုတ်ဖော်မပြောကြားကြသော်လည်း ဂါဇာရှိအရာရှိများက အစ္စရေးဘက်မှ လေကြောင်းပစ်ခတ်မှု ခြောက်ခုတွင် နှစ်ခုသည် စစ်သွေးကြွအုပ်စုဖြစ်သည့် အစ္စလာမ္မစ်ဂျီဟတ် လေ့ကျင့်ရေးစခန်းများကို ထိခိုက်စေခဲ့ကြောင်း ပြောကြားသည်။

အခြားတိုက်ခိုက်မှုများတွင် ဟာမတ်စ်အုပ်စုအစိုးရတို့၏လုံခြုံရေးဝင်းတွင်းသို့ တိုက်ခိုက်မှုလည်းပါဝင်ပြီး အစ္စရေးစစ်တပ်ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က လက်နက်သိမ်းဆည်းရာ နေရာနှင့် ဒုံးပစ်ကွင်းများသည် ပစ်မှတ်များဖြစ်ကြောင်း ပြောကြားသည်။

သီးခြားဖြစ်ရပ်တစ်ခုအဖြစ် အရှေ့ဂျေရုဆလင်ရှိ အာရပ်များနေထိုင်သည့်နေရာအနီးတွင် ကားနှစ်ဆယ့်တစ်စီး တာယာများခွဲခံရပြီး ဂျူးစစ် သွေး ကြွများ အမြဲတမ်းပြုလုပ်သည့် ပေးရသည့်တန်ဖိုးလုပ်ရပ်များဖြစ်ဖွယ်ရှိပြီး ၎င်းတို့ပြုလုပ်သည်ဟု သံသယရှိနေကာ ရဲများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ပေးရသည့်တန်ဖိုးဆိုသည်မှာ စစ်သွေးကြွများက အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တွင် ဂျူးအခြေချနေထိုင် မှုကို အစိုးရက ထိန်း ချုပ်သည်ဖြစ်စေ၊ ပါလက်စတိုင်းမှ တိုက်ခိုက်သည်ဖြစ်စေ ပြန်လည်ပေးဆပ်မည်ဟု ပြောကြားခြင်းဖြစ်သည်။

မြန်မာ့ခေတ်

Monday, June 24, 2013

ရှေ့တန်းတပ်များကြား ရက်သတ္တပတ်ပေါင်းများစွာကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတို့ ပစ်ခတ်သည့် ဒုံးကျည်အား တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် အစ္စရေးနိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ တနင်္လာနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်သည်။ ပစ်ခတ်မှုသည် ဂါဇာမြောက်ပိုင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသည့်သတင်း မထွက်ပေါ်သေးပေ။

မကြာမီပင် အစ္စရေးဘက်မှ နေရာသုံးနေရာကို လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့သည်

လွန်ခဲ့သည့်ညအတွင်း ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ခြမ်းသို့ ဒုံးကျည်ခြောက်ခုပစ်ခတ်ခဲ့ပြီး အပျက်အစီးမရှိကြောင်း ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖက်က ဆိုသည်။

အစ္စရေးဘက်မှ ဒုံးကာပစ်စနစ်ဖြင့် ဒုံးကျည်နှစ်ခုကိုပစ်ချနိုင်ခဲ့ကြောင်း စစ်တပ်က ပြောကြားသည်။

၎င်းနောက် အစ္စရေးလေယာဉ်များသည် ဂါဇာကမ်းမြောက်ဒေသသို့ ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်နှစ်ခုတပ်ယာဉ်များ ပါဝင် ခဲ့ကြောင်း စစ်တပ်က ဆိုသည်။

အစ္စလာမ္မစ်လှုပ်ရှားသူတပ်ဖွဲ့ ဟာမတ်စ်ထိန်းချုပ်ထားသည့် ကမ်းရိုးတမ်းဒေသနှင့် ဆက်သွယ်ရာလမ်းများထဲမှ တစ်ခုကိုလည်း အစ္စရေး ဘက်မှ ပိတ်ထားခဲ့သည်။

ပစ်ခတ်သည့်အကြောင်းရင်းကို မသိရသော်လည်း စနေနေ့က ဟာမတ်စရဲတပ်ဖွဲ့က အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ခေါင်းဆောင်အား သတ်ခဲ့ခြင်း နောက်တွင် ဂါဇာဒေသ၌တင်းမာမှုများရှိနေကြောင်း သိရသည်။

ပါလက်စတိုင်းမှ ပစ်ခတ်သည့်ဒုံးကျည်များကို မည်သည့်အဖွဲ့မှ ပစ်ခတ်ကြောင်း ထုတ်ဖော်မပြောကြားကြသော်လည်း ဂါဇာရှိအရာရှိများက အစ္စရေးဘက်မှ လေကြောင်းပစ်ခတ်မှု ခြောက်ခုတွင် နှစ်ခုသည် စစ်သွေးကြွအုပ်စုဖြစ်သည့် အစ္စလာမ္မစ်ဂျီဟတ် လေ့ကျင့်ရေးစခန်းများကို ထိခိုက်စေခဲ့ကြောင်း ပြောကြားသည်။

အခြားတိုက်ခိုက်မှုများတွင် ဟာမတ်စ်အုပ်စုအစိုးရတို့၏လုံခြုံရေးဝင်းတွင်းသို့ တိုက်ခိုက်မှုလည်းပါဝင်ပြီး အစ္စရေးစစ်တပ်ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က လက်နက်သိမ်းဆည်းရာ နေရာနှင့် ဒုံးပစ်ကွင်းများသည် ပစ်မှတ်များဖြစ်ကြောင်း ပြောကြားသည်။

သီးခြားဖြစ်ရပ်တစ်ခုအဖြစ် အရှေ့ဂျေရုဆလင်ရှိ အာရပ်များနေထိုင်သည့်နေရာအနီးတွင် ကားနှစ်ဆယ့်တစ်စီး တာယာများခွဲခံရပြီး ဂျူးစစ် သွေး ကြွများ အမြဲတမ်းပြုလုပ်သည့် ပေးရသည့်တန်ဖိုးလုပ်ရပ်များဖြစ်ဖွယ်ရှိပြီး ၎င်းတို့ပြုလုပ်သည်ဟု သံသယရှိနေကာ ရဲများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ပေးရသည့်တန်ဖိုးဆိုသည်မှာ စစ်သွေးကြွများက အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တွင် ဂျူးအခြေချနေထိုင် မှုကို အစိုးရက ထိန်း ချုပ်သည်ဖြစ်စေ၊ ပါလက်စတိုင်းမှ တိုက်ခိုက်သည်ဖြစ်စေ ပြန်လည်ပေးဆပ်မည်ဟု ပြောကြားခြင်းဖြစ်သည်။

မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၄.၆.၂၀၁၃

0 comments:

Post a Comment