Pages

Monday, June 24, 2013

ပုဂ္ဂလိကကျောင်း ၉၀ ကျော် သက်တမ်း ၂ နှစ်အထိသာ ခွင့်ပြု

Photo: ပုဂ္ဂလိကကျောင်း ၉၀ ကျော် သက်တမ်း ၂ နှစ်အထိသာ ခွင့်ပြု
Monday, June 24, 2013

ပညာရေးဝန်ကြီးဌာနက ယခု ပညာသင်နှစ်အတွက် ထပ်မံ ခွင့်ပြုပေး ထားသော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၉၀ ကျော်ကို ယာယီ သက်တမ်း ၂ နှစ် အထိသာ အများဆုံး ခွင့်ပြုပေးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက The Voice သို့ ပြောကြားသည်။

အသစ် ခွင့်ပြုခဲ့သော ကျောင်းပေါင်း ၉၄ ခု ရှိသည့်အနက် စမ်းသပ် ကာလကျောင်းများ အများဆုံး ပါဝင်ပြီး ပုံမှန် သက်တမ်း ငါးနှစ်ကျောင်းများ ခွင့်မပြုထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ယခင် ပညာသင်နှစ် က ခွင့်ပြုထားသော ကျောင်းများ အပါအဝင် ခွင့်ပြုပြီးသော ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်း ၁၅၉ ကျောင်းထိ ရှိပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံ အမှတ်(၁)အခြေခံပညာ ဦးစီးဌာနက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်း တင်သွင်းထားသော်လည်း ၁၃ ကျောင်းသာ ခွင့်ပြုချက်ရရှိပြီး ၂ နှစ်သက်တမ်း ယာယီ ကျောင်း လေးကျောင်းနှင့် တစ်နှစ်သက်တမ်း စမ်းသပ်ကျောင်း ကိုးကျောင်းတို့ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကိုယ်ပိုင် အထက်တန်းကျောင်းများ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှု များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ပုံမှန် စစ်ဆေးပေး လျက်ရှိပြီး ဒေသအလိုက် ကွာခြားချက်များအပေါ် မူတည်ကာ ခွင့်ပြု ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး က The Voice သို့ ပြောကြားသည်။

"ရန်ကုန်မှာကျတော့ မြေနေရာ အခက်အခဲရှိလို့ တိုက်ခန်းမှာ ဖွင့်တဲ့ ကျောင်းတွေရှိတယ်။ ဒီလို ကျောင်းဆို အားကစားအချိန်ရောက်ရင် အားကစားကွင်းတွေမှာ သွားလုပ်တာရှိတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပုဒ်မ ၈ တွင် ကျောင်းပတ်ဝန်း ကျင်၊ ကျောင်း အဆောက်အအုံ၊ သင်ထောက်ကူ ပစ္စည်း၊ နေရာ ထိုင်ခင်း၊ ကျောင်း စုဝေးပွဲနှင့် အားကစား နေရာများအတွက် သတ်မှတ် ထားပြီး သင်ကြားမှုပိုင်းတွင်လည်း ထပ်ဆောင်း သင်ရိုးများနှင့် ကိုယ်ပိုင်ကျောင်း ဆရာများအတွက် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အစိုးရ သင်ရိုးသင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တရားဝင် စတင် ခွင့်ပြုခဲ့ပြီး ယင်းနှစ် က ကျောင်း အရေအတွက် ၆၆ ကျောင်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅၉ ကျောင်း ထိ တိုးမြှင့်ခဲ့သည်။

The Voice Weekly


Monday, June 24, 2013

ပညာရေးဝန်ကြီးဌာနက ယခု ပညာသင်နှစ်အတွက် ထပ်မံ ခွင့်ပြုပေး ထားသော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၉၀ ကျော်ကို ယာယီ သက်တမ်း ၂ နှစ် အထိသာ အများဆုံး ခွင့်ပြုပေးထားကြောင်း ပညာရေး စီမံကိန်းနှင့်
လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက The Voice သို့ ပြောကြားသည်။
အသစ် ခွင့်ပြုခဲ့သော ကျောင်းပေါင်း ၉၄ ခု ရှိသည့်အနက် စမ်းသပ် ကာလကျောင်းများ အများဆုံး ပါဝင်ပြီး ပုံမှန် သက်တမ်း ငါးနှစ်ကျောင်းများ ခွင့်မပြုထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်ယခင်ပညာသင်
နှစ် က ခွင့်ပြုထားသော ကျောင်းများ အပါအဝင် ခွင့်ပြုပြီးသော ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်း ၁၅၉ ကျောင်း
ထိ ရှိပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံ အမှတ်(၁)အခြေခံပညာ ဦးစီးဌာနက ကိုယ်ပိုင်ကျောင်း ၁၆
ကျောင်း တင်သွင်းထားသော်လည်း၁၃ ကျောင်းသာခွင့်ပြုချက်ရရှိပြီး ၂ နှစ်သက်တမ်း ယာယီ ကျောင်း လေး
ကျောင်းနှင့် တစ်နှစ်သက်တမ်း စမ်းသပ်ကျောင်း ကိုးကျောင်းတို့ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အမည်
မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကိုယ်ပိုင် အထက်တန်းကျောင်းများ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှု များကို တိုင်းဒေသကြီးနှင့် ပြည်
နယ် ပညာရေးမှူးများကပုံမှန်စစ်ဆေးပေးလျက်ရှိပြီး ဒေသအလိုက် ကွာခြားချက်များအပေါ် မူတည်ကာ ခွင့်
ပြု ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး က The Voice သို့ ပြောကြား
သည်။

"ရန်ကုန်မှာကျတော့ မြေနေရာ အခက်အခဲရှိလို့ တိုက်ခန်းမှာ ဖွင့်တဲ့ ကျောင်းတွေရှိတယ်။ ဒီလို ကျောင်းဆို အားကစားအချိန်ရောက်ရင် အားကစားကွင်းတွေမှာ သွားလုပ်တာရှိတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပုဒ်မ ၈ တွင် ကျောင်းပတ်ဝန်း ကျင်၊ ကျောင်း အဆောက်အအုံ၊ သင်ထောက်ကူ ပစ္စည်း၊ နေရာ ထိုင်ခင်း၊ ကျောင်း စုဝေးပွဲနှင့် အားကစား နေရာများအတွက် သတ်မှတ် ထား
ပြီးသင်ကြားမှုပိုင်းတွင်လည်းထပ်ဆောင်းသင်ရိုးများနှင့်ကိုယ်ပိုင်ကျောင်း ဆရာများအတွက် သတ်မှတ်ချက်
များ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အစိုးရ သင်ရိုးသင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တ
ရားဝင်စတင်ခွင့်ပြုခဲ့ပြီးယင်းနှစ်က ကျောင်း အရေအတွက် ၆၆ ကျောင်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅၉ ကျောင်း
ထိ တိုးမြှင့်ခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment