Pages

Monday, June 24, 2013

မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် သုံးဆင့်တက်

Photo: မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် သုံးဆင့်တက်
Monday, June 24, 2013

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီး ဘောလုံးအဆင့် သတ်မှတ်ချက်များကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ရာ မြန်မာအမျိုးသမီး အသင်းသည် မတ်လကထက် သုံးဆင့် မြင့်တက်ခဲ့ကြောင်း ဖော်ပြလိုက်သည်။

မြန်မာအမျိုးသမီး အသင်းသည် မတ်လ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၄၆ နေရာမှ ဇွန်လတွင် ရမှတ် ၁၅၅၀ ဖြင့် အဆင့် ၄၃ နေရာသို့ တက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖီဖာ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင့် တစ်နေရာကို အမေရိကန် အမျိုးသမီး အသင်းက ဆက်လက် ဦးဆောင်ထားပြီး ၎င်း၏နောက်တွင် ဂျာမနီနင့် ဂျပန်နိုင်ငံတို့က မတ်လက ထုတ်ပြန်ချက်အတိုင်း ရပ်တည်ခဲ့ကြောင်း တွေ့ရသည်။

မြန်မာအမျိုးသမီး အသင်းသည် ဇွန်လအတွက် ကမ္ဘာ့အဆင့် သုံးဆင့် တက်လာသော်လည်း အာရှအဆင့် သတ်မှတ်ချက်တွင်မူ မတ်လ ထုတ်ပြန်ချက် အတိုင်း အဆင့်ကိုး နေရာတွင် ဆက်လက် ရပ်တည်လျက် ရှိသည်ကို တွေ့ရသည်။ မြန်မာအသင်း နည်းတူ ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်အသင်း နှစ်ဆင့် မြင့်တက်လာခဲ့ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂၈၊ ထိုင်းအသင်းက တစ်ဆင့်ကျပြီး အဆင့် ၃၀ နေရာ၌ ရပ်တည်လျက် ရှိသည်။

အရှေ့တောင်အာရှ ဒေသ၏ အဆင့် တစ်နေရာကို ဗီယက်နမ်က ဆက်လက် ဦးဆောင်ထားပြီး ထိုင်းကဒုတိယ၊ မြန်မာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

အမျိုးသမီး အသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အမျိုးသား အသင်းများကဲ့သို့ ဖီဖာက လစဉ် ထုတ်ပြန်ခြင်း မရှိဘဲ သုံးလသို့မဟုတ် လေးလ တစ်ကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၄ အာရှဖလား ဝင်ခွင့် ရရှိထားပြီး၂၀၁၃ ခုနှစ်အတွင်း SEA Games ပြိုင်ပွဲနှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲများ ဆက်တိုက် ကစားရမည် ဖြစ် ရာ ယင်းပြိုင်ပွဲများကြောင့် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ ဆက်လက် မြင့်တက်လာမည် ဖြစ်သည်။

The Voice Weekly

Monday, June 24, 2013

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီး ဘောလုံးအဆင့် သတ်မှတ်ချက်များကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ရာ မြန်မာအမျိုးသမီး အသင်းသည် မတ်လကထက် သုံးဆင့် မြင့်တက်ခဲ့ကြောင်း ဖော်ပြလိုက်
သည်။
မြန်မာအမျိုးသမီးအသင်းသည်မတ်လကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်အဆင့်၄၆ နေရာမှ ဇွန်လတွင်ရမှတ်
၁၅၅၀ ဖြင့် အဆင့် ၄၃ နေရာသို့ တက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖီဖာ၏ထုတ်ပြန်ချက်အရကမ္ဘာ့အဆင့်တစ်နေရာကိုအမေရိကန်အမျိုးသမီးအသင်းကဆက်လက် ဦးဆောင်
ထားပြီး ၎င်း၏နောက်တွင် ဂျာမနီနင့် ဂျပန်နိုင်ငံတို့က မတ်လက ထုတ်ပြန်ချက်အတိုင်းရပ်တည်ခဲ့ကြောင်း
တွေ့ရသည်။

မြန်မာအမျိုးသမီးအသင်းသည်ဇွန်လအတွက်ကမ္ဘာ့အဆင့်သုံးဆင့်တက်လာသော်လည်းအာရှအဆင့် သတ်
မှတ်ချက်တွင်မူ မတ်လ ထုတ်ပြန်ချက် အတိုင်း အဆင့်ကိုး နေရာတွင် ဆက်လက် ရပ်တည်လျက် ရှိသည်ကို
တွေ့ရသည်။ မြန်မာအသင်းနည်းတူ ဒေသတွင်း ပြိုင်ဘက်ဗီယက်နမ်အသင် နှစ်ဆင့် မြင့်တက်လာခဲ့ရာ
ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂၈၊ ထိုင်းအသင်းက တစ်ဆင့်ကျပြီး အဆင့် ၃၀ နေရာ၌ ရပ်တည်
လျက် ရှိသည်။

အရှေ့တောင်အာရှ ဒေသ၏ အဆင့် တစ်နေရာကို ဗီယက်နမ်က ဆက်လက် ဦးဆောင်ထားပြီး ထိုင်းကဒုတိ
ယ၊ မြန်မာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

အမျိုးသမီးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အမျိုးသား အသင်းများကဲ့သို့ ဖီဖာက လစဉ် ထုတ်
ပြန်ခြင်း မရှိဘဲ သုံးလသို့မဟုတ် လေးလ တစ်ကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်၂၀၁၄ အာရှဖလား ဝင်ခွင့် ရရှိထားပြီး၂၀၁၃ ခုနှစ်အတွင်း SEA
Games ပြိုင်ပွဲနှင့်အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများဆက်တိုက်ကစားရမည် ဖြစ်ရာယင်းပြိုင်ပွဲများကြောင့် နှစ်
ကုန်ပိုင်းတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ ဆက်လက် မြင့်တက်လာမည် ဖြစ်သည်။

The Voice Weekly ,
RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment