Pages

Sunday, June 2, 2013

Fam-Frenz Asean Championship 2013 ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိ

Photo: မြန်မာက ဖိလစ်ပိုင်ကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိ
Sunday, June 02, 2013

မလေးရှား ဘောလုံး အဖွဲ့ချုပ်နှင့် Fam-Frenz ဘောလုံး အကယ်ဒမီတို့မှ ပူးပေါင်း ကျင်းပသည့် Fam-Frenz Asean Championship 2013 ပြိုင်ပွဲ ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ မန္တလေး ဘောလုံး အကယ်ဒမီ အသင်းနှင့် ဖိလစ်ပိုင် လူငယ် ယူ-၁၆ လက်ရွေးစင် အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီက အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ မန္တလေး အကယ်ဒမီ အသင်းက (၄-၁)ဂိုးဖြင့် အပြတ် အနိုင်ရရှိခဲ့သည်။

မန္တလေး ဘောလုံးအကယ်ဒမီ အသင်းသည် ပွဲစသည်နှင့် ပြိင်ဘက် ဖိလစ်ပိုင် လူငယ်အသင်းကို တရစပ် ထိုးဖောက် တိုက်စစ်ဆင် ခဲ့သော်လည်း ဖိလစ်ပိုင် လူငယ်အသင်း ခုခံ ကာကွယ်မှုများကြောင့် ဂိုးမရရှိခဲ့ပေ။ ပွဲချိန် ကြာလာသည်နှင့်အမျှ မြန်မာလူငယ်တို့ ပိုမို တိုက်စစ်ဆင် ကစားလာနိုင်ခဲ့ရာ ဖိလစ်ပိုင်အသင်း ခံစစ်ဖြင့် ကစားနေခဲ့ရသည်။ ဖိလစ်ပိုင် လူငယ်အသင်းသည် Global FC အသင်း မှ လူငယ်ကစားသမားများကို စုဖွဲ့ထားသော အသင်းဖြစ်ပြီး အရပ်အမောင်းနှင့် ကြံ့ခိုင်မှုအရ မြန်မာအသင်းထက် အစစ အရာရာ သာလွန်ခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှုတွင် မြန်မာက အသာရရှိခဲ့သည်။

ပွဲချိန် ၃၀ မိနစ်တွင် ဖိလစ်ပိုင် ဂိုးသမား လက်မှလွတ်ကျသည့် ဘောလုံးကို ရှေ့တန်းလူ ဇွဲသက်ပိုင် လုယူကန်သွင်းသော်လည်း ဂိုးပေါက်နှင့် အံ့ဖွယ်လွဲချော်ခဲ့သဖြင့် ဦးဆောင် ဂိုးရရန် ခက်ခဲသွားခဲ့ရသည်။ သို့သော် တစ်မိနစ်အကြာတွင် အသင်းခေါင်းဆောင် ရဲရင့်အောင် ၂၈ ကိုက်အကွာမှ အပြင်းကန်သွင်းယူပြီး မြန်မာအသင်း အတွက် ဗွေဆော်ဦးဂိုး ကို သွင်းယူပေးနိုင်ခဲ့သည်။ ၃၅ မိနစ် တွင်လည်း နောက်ခံလူ ရဲရင့်ကိုနှင့် ကွင်းလယ်လူ စိုးမိုးထွန်းတို့ ၁၈ ကိုက်စည်းအတွင်း ချိတ်ဆက် ပေးပို့မှုမှ အသင်းခေါင်းဆောင် ရရင့်ပိုင် အပြင်းကန်သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိစေသည်။

ဒုတိယပိုင်း ၅၂ မိနစ်တွင် အောင်ပြည့်ဦး ကွင်းလယ်မှ အပြင်းကန်သွင်းမှုကို ဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်ခြင်းမရှိသဖြင့် မြန်မာ တို့ ၃-၀ ဂိုးဖြင့် အနိုင်ရရှိနေသည်။ ဖိလစ်ပိုင် အသင်းမှာ ကစားအား ကောင်းသော်လည်း မြန်မာ ကွင်းလယ်ကို ကျော်လွန်နိုင်ခြင်းမရှိသဖြင့် ဂိုးရရန် ခက်ခဲနေခဲ့သည်။ ပွဲချိန် ၈၅ မိနစ်တွင် စိုးမိုးထွန်း အဝေးမှ လှလှပပ ထပ်မံ ကန်သွင်းယူခဲ့သဖြင့် မြန်မာအသင်း ၄-၀ ဂိုးအနိုင်ရရှိနေခဲ့ပြီး ဖိလစ်ပိုင်ဘက်မှ တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဒိုင်ယာမန်တီက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ Fam-Frenz Asean Championship 2013 ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ၂ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရရှိထားပြီး ဇွန်လ ၆ ရက်နေ့တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဘရူနိုင်းလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


http://themff.org/

Sunday, June 02, 2013

မလေးရှား ဘောလုံး အဖွဲ့ချုပ်နှင့် Fam-Frenz ဘောလုံး အကယ်ဒမီတို့မှ ပူးပေါင်း ကျင်းပသည့် Fam-Frenz Asean Championship 2013 ပြိုင်ပွဲ ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ မန္တလေး ဘောလုံး အကယ်ဒမီ အ
သင်းနှင့် ဖိလစ်ပိုင် လူငယ် ယူ-၁၆ လက်ရွေးစင် အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီက အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ မန္တလေး အကယ်ဒမီ အသင်းက (၄-၁)ဂိုးဖြင့် အပြတ် အနိုင်ရရှိခဲ့
သည်။ မန္တလေး ဘောလုံးအကယ်ဒမီ အသင်းသည် ပွဲစသည်နှင့် ပြိင်ဘက် ဖိလစ်ပိုင် လူငယ်အသင်းကို တရစပ် ထိုး
ဖောက် တိုက်စစ်ဆင်ခဲ့သော်လည်းဖိလစ်ပိုင် လူငယ်အသင်း ခုခံ ကာကွယ်မှုများကြောင့် ဂိုးမရရှိခဲ့ပေ။ ပွဲချိန် ကြာလာသည်နှင့်အမျှ မြန်မာလူငယ်တို့ ပိုမို တိုက်စစ်ဆင် ကစားလာနိုင်ခဲ့ရာ ဖိလစ်ပိုင်အသင်း ခံစစ်ဖြင့် က
စားနေခဲ့ရသည်။ ဖိလစ်ပိုင် လူငယ်အသင်းသည် Global FC အသင်း မှ လူငယ်ကစားသမားများကို စုဖွဲ့ထား
သော အသင်းဖြစ်ပြီး အရပ်အမောင်းနှင့် ကြံ့ခိုင်မှုအရ မြန်မာအသင်းထက် အစစ အရာရာ သာလွန်ခဲ့သော်
လည်း ဘောလုံးပိုင်ဆိုင်မှုတွင် မြန်မာက အသာရရှိခဲ့သည်။

ပွဲချိန် ၃၀ မိနစ်တွင် ဖိလစ်ပိုင် ဂိုးသမား လက်မှလွတ်ကျသည့် ဘောလုံးကို ရှေ့တန်းလူ ဇွဲသက်ပိုင်လုယူကန်
သွင်းသော်လည်း ဂိုးပေါက်နှင့် အံ့ဖွယ်လွဲချော်ခဲ့သဖြင့် ဦးဆောင် ဂိုးရရန် ခက်ခဲသွားခဲ့ရသည်။ သို့သော် တစ်
မိနစ်အကြာတွင် အသင်းခေါင်းဆောင် ရဲရင့်အောင် ၂၈ ကိုက်အကွာမှ အပြင်းကန်သွင်းယူပြီး မြန်မာအသင်း အတွက် ဗွေဆော်ဦးဂိုး ကို သွင်းယူပေးနိုင်ခဲ့သည်။ ၃၅ မိနစ် တွင်လည်း နောက်ခံလူ ရဲရင့်ကိုနှင့် ကွင်းလယ်
လူ စိုးမိုးထွန်းတို့ ၁၈ ကိုက်စည်းအတွင်း ချိတ်ဆက် ပေးပို့မှုမှ အသင်းခေါင်းဆောင် ရရင့်ပိုင် အပြင်းကန်သွင်း
ယူနိုင်ခဲ့ပြီး မြန်မာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိစေသည်။

ဒုတိယပိုင်း ၅၂ မိနစ်တွင် အောင်ပြည့်ဦးကွင်းလယ်မှအပြင်းကန်သွင်းမှုကိုဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်
ခြင်းမရှိသဖြင့် မြန်မာ တို့ ၃-၀ ဂိုးဖြင့် အနိုင်ရရှိနေသည်။ ဖိလစ်ပိုင် အသင်းမှာ ကစားအား ကောင်းသော်
လည်း မြန်မာ ကွင်းလယ်ကို ကျော်လွန်နိုင်ခြင်းမရှိသဖြင့် ဂိုးရရန် ခက်ခဲနေခဲ့သည်။ 
 
ပွဲချိန် ၈၅ မိနစ်တွင် စိုးမိုးထွန်း အဝေးမှ လှလှပပ ထပ်မံ ကန်သွင်းယူခဲ့သဖြင့် မြန်မာအသင်း ၄-၀ ဂိုးအနိုင်ရ
ရှိနေခဲ့ပြီး ဖိလစ်ပိုင်ဘက်မှ တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဒိုင်ယာမန်တီက ပင်နယ်တီ
မှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ Fam-Frenz Asean Championship 2013 ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ၂ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရရှိထားပြီး ဇွန်လ ၆ ရက်နေ့တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဘရူနိုင်း
လူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၂.၆.၂၀၁၃

0 comments:

Post a Comment