Pages

Sunday, June 2, 2013

နေပြည်တော်တွင် ဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားရန် သီသီလေးသာလို

ယမန်နေ့ ဇွန် (၁)ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်က နေပြည်တော် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်
တွင် ဘာသာရေး အကြမ်းဖက်မှုများပေါ်ပေါက်ရန် လှုံ့ဆော်မှုများကြောင့် အခြေအနေမှာ ရုတ်တရက် ရှုတ်
ထွေးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ယနေ့ ညနေ (၅)နာရီအချိန်ခန့်က ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေထိုင်သူ အစ္စလာမ်ဘာ
သာဝင် လူငယ်လေးများနှင့် ရန်အောင်(၂)ရပ်ကွက် မီးရထားဝင်းအတွင်းနေထိုင်သူ ဗုဒ္ဓဘာသာ လူငယ်များ
ဘောလုံးကစားရင်း ရန်ဖြစ်ရာမှ စတင်ခဲ့တာလို့ သိရပါတယ်။

အခြေအနေအား ပျဉ်းမနားမြို့ရှိ အလင်းမျက်ဝန်းစီဂျေမှ ယခုလို ပြောပြပါတယ်။

`ညနေ (၅)နာရီလောက်က တပေါင်းကွင်းထဲမှာ ဘောလုံးကန်ကြရာကစတပါ။ ဘောလုံးစကန်ကန်ချင်း မွတ်

စလင်မ်ကောင်းလေးကိုဗုဒ္ဓဘာသာကောင်လေးက ဘောလုံးကန်ဖိနပ်နဲ့ နောက်ကနေလှမ်းကန်လိုက်တော့
မွတ်စလင်မ်ကောင်လေး လဲသွားတယ်။ သူက ပြန်ထပြီး ပြန်ထိုးလိုက်တာပါ။ ဒီတော့ တခြားကောင်တွေက
လည်း ၀င်ပြီး ဒီမွတ်စလင်မ်ကောင်လေးကို ၀ိုင်းထိုးကြတာပါ။

 ကောင်လေးနာမည်က ပိုပိုပါ။ ပိုပို လဲကျသွားတော့ မျက်နှာပေါ်ကို ဘောလုံးကန်ဖိနပ်နဲ့ စောစောက စကန်
တဲ့ကောင်က နင်းထားတယ်။ သူ့နာမည်က ကိုဌေးလို့ပြောတယ်။ ဒီအချိန်မှာ ပိုပိုရဲ့အစ်ကိုနှစ်ယောက်က
လည်းတွေ့သွားတော့ အနားကရှိတဲ့ ၀ါးလုံးဆွဲပြီး ၀ိုင်းထိုးတဲ့ကြားထဲကို ပြေးရိုက်တော့ လူစုကွဲသွားတယ်။ မျက်နှာပေါ်နင်းထားတဲ့ ကိုဌေးကတော့ နင်းထားတုံးပဲ။ 

ဒါကိုမွတ်စလင်မ်ကောင်လေးတစ်ယောက်ကကိုဌေးကိုခုန်ပြီးထိုးလိုက်တော့မှ လွှတ်ပေးလိုက်တယ်။ ကိုဌေး
ရဲ့ မျက်ကွင်းတည့်တည့်ထိသွားတယ်။ ကိုဌေးက ထိုးခံရတော့ နင်းထားတဲ့ခြေထောက်လွတ်သွားတော့ ပိုပို
က ထပြီး ထပ်ထိုးတာ ကိုဌေးနှာခေါင်းသွေးထွက်သွားပြီး မဆော့တော့ဘဲ ပွဲကို ရပ်လိုက်ကြတယ်။ အားလုံး
လဲ ပြန်ကြဖို့ ကိုယ့်အထုတ်ကိုယ်ယူပြီး စက်ဘီးတွေဆီသွားနေတုံး ရန်အောင်(၂)ထဲက ဂိမ်းဆိုင်ဖွင့်ထားတဲ့ ကိုသက်ဆိုတဲ့တစ်ယောက်က ပြေးလာပြီး အော်ဟစ်တာပါ။ 

မင်းတို့ ကုလားကို အရှုံးပေးလိုက်တာလားကွ။ ဘာကြည့်နေတာလဲ။ မင်းတို့မလုပ်လဲ ငါတော့ ဒီကုလားတွေ
ကိုခွင့်မလွှတ်ဘူးကွလို့ပြောပြီး စောစောက၀ါးလုံးကိုကောက်ယူပြီးပိုပိုတို့နောက်ကို ပြေးလိုက်တယ်။ဒီတော့
 တခြားလူတွေကလည်း အနီးနားကဆိုင်တွေက ၀ါးလုံးတွေကို ဆွဲထုတ်ပြီးတော့ မွတ်စလင်မ်ကောင်လေး
တွေဆီကို ပြေးကြတယ်။ အားလုံး ထွက်ပြေးကြတာပေါ့။ အနီးနားမှာ ဘုရားလဲရှိတယ်။ 

ဘုန်းကြီးကျောင်းတွေလဲရှိတော့ အဲ့ဒီတွေကို ထွက်ပြေးကြတယ်။ ကိုရင်တွေကလည်း အပင်ပေါ်တွေ၊ အုတ်
တံတိုင်းတွေပေါ်ကနေ တက်ကြည့်နေကြတယ်။ ကိုဌေးတို့ ကိုသက်တို့က ပိုပိုတို့အုပ်စုကို ဘုရားပေါ်တက်
သွားတော့မလိုက်တော့ဘဲလမ်းပေါ်မှာ အော်ဟစ်နေကြတယ်။သူတို့အော်နေတော့လူအုပ်ကတဖြည်းဖြည်း
 များလာတယ်။ အနီးနား မြို့စွန်က မြောက်လွတ်ကုန်းတို့၊ ကျောက်တောင်တို့က လူတွေကပါ တုတ်တွေ၊ ဓားတွေနဲ့ တပေါင်းကွင်းနားကို လူတွေစုလာတယ်။ ရွာတွေ များလာတယ်။ လာပြီးဝိုင်းလာတဲ့သူတွေက ဘု
မသိ ဘမသိဘဲ တုတ်၊ ဓားတွေနဲ့ စုစု စုစု ဖြစ်လာတာပါ။ 

တချို့လည်း ရဲစခန်းက ရဲတွေ လာပြီဆိုတော့ ပါလာတဲ့ ဓားတွေ၊တုတ်တွေကိုအနီးက မြောင်းထဲပစ်ထည့်တဲ့
သူထည့်၊ ခြုံပုတ်ထဲ ပစ်ထည့်လိုထည့်နဲ့ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပါ။ ပြီးတော့ ကိုဌေးရဲ့
အစ်မတွေ အမေတွေလဲ ရောက်လာကြတယ်။ ဒီတော့ လူတွေက အရမ်းများနေတော့ ရုံးအကြောင်း ဂတ်
အကြောင်း နားလည်ရင်းနှီးတဲ့ ကိုသက်က ရုံးသွားပြီးတိုင်လို့ စကားလွှဲပြီး ပျောက်သွားတယ်။ ကိုဌေးရဲ့အမေ
နဲ့ အစ်မတွေက ရုံးကို တစ်လမ်းလုံး အော်ဟစ်ပြီး သွားတိုင်တော့ ရုံးမှာ နှစ်ဖက် ခေါ်ပြီး ရှင်းကြပါတယ်။ ရန်
အောင်(၂)ရုံးပါ။ ဘူတာနားကပါ။ ဟုတ်ကဲ့။ 

ဘုန်းကြီးက ဒီအတိုင်း လာပြီး လေ့လာတဲ့သဘောပါ။ တစ်ပါးတည်းပါ။ ရုံးမှာ နှစ်ဖက်ကို ရှင်းပေးနေတာကို ဘယ်က ဘယ်လိုလူတွေမှန်းမသိဘူး နောက်ကနေ အော်ဟစ်နေတယ်။ အော်ဟစ်တော့ လူက ပိုများလာပြီး စိတ်ဝင်စားလာတာပေါ့။ ဘယ်လိုမှ မကျေနပ်နိုင်ဘူးလို့ ကိုဌေးအမေက ပြောနေတော့ ရဲစခန်းကိုသွားကြ
တော့လို့ ပြောလိုက်တာကြောင့် ရဲစခန်းကို လမ်းပေါ်မှာ ဆဲဆို အော်ဟစ်ပြီး အုပ်လိုက်ကြီး လိုက်သွားကြ
တာပါ။ 

ရဲစခန်းရောက်တော့ရှင်းကြလင်းကြတာမှာစခန်းမှူးကအခြေအနေကိုဂရုစိုက်ပြီး နှစ်ဖက်ကို ကောင်းကောင်း
မွန်မွန် ပြောပေးတယ်လို့ သိရပါတယ်။ စခန်းအပြင်မှာတော့ လူအုပ်က အော်ဟစ်တာမျိုး၊ မွတ်စလင်မ်တွေ
ကို ဆဲဆိုနေတာမျိုးတွေတော့ ရှိနေပေမယ့် တဖြည်းဖြည်းပဲ လူစု နည်းသွားပါတယ်။ည(၈)နာရီကျော်ကျော်
လောက်မှာတော့ လူရှင်းသွားပါတယ်။´ ပျဉ်းမနားစီဂျေက သတင်းပေးပို့ ပြောပြတာ ဖြစ်ပါတယ်။

ဤကိစ္စနှင့်ပတ်သက်၍ ပျဉ်းမနား ရဲစခန်းနဲ့ ရန်အောင်(၂)ရပ်ကွက်ရုံးများကို အလင်းမျက်ဝန်းက ဆက်သွယ်

ပေမယ့်တယ်လီဖုန်းလိုင်းများ ခေါ်ဆိုရန်ခက်ခဲနေတာကြောင့် ဆက်သွယ်၍မရခဲ့ပေမယ့်၊ ရဲစခန်းမှ ပြန်လာ
သူတစ်ဦးကတော့ စီဂျေမှတဆင့် ယခုလို ပြောပြပါတယ်။ `စခန်းမှူးက ကမ္ဘာကျော်ဘောလုံးသမားတွေမှာ
တောင် အခုလို ရန်ပွဲမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အားကစားစိတ်ဓာတ်နဲ့ပဲ ကွင်းထဲကပြဿနာကို အပြင်
ယူမလာဘူး။ 

မွတ်စလင်မ်ကောင်လေးတွေက မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲဝင်တွေဖြစ်တယ်ဆိုတာလဲ သိရတယ်။ စခန်း
မှူးကပြောပါတယ်။ ပြဿနာကို သေးတာကို ပျောက်သွားအောင်ပဲလုပ်ပါ။ပုံကြီးချဲ့ရင်ခင်ဗျားတို့လဲမကောင်း
ဘူး။ ဒီနေ့သာ ပြဿနာတက်ကြတာ။ နောက်နေ့ ပြန်ပြီး အတူတူ ကစားကြမယ့်သူတွေပဲ၊ မလိုတဲ့သူတွေက အခုကို အုံကြွနေကြပြီဆိုတာ ခင်ဗျားတို့လဲ အသိပဲ´ဆိုတာတွေ ပြောပါတယ်။

အဆိုပါ ရန်ပွဲကြောင့်မွတ်စလင်မ်ကောင်းလေးဖြစ်တဲ့ မောင်ပိုပိုရဲ့မျက်နှာပေါ်မှာတော့ ဘောလုံးကန်ဖိနပ်

ဖင့် နင်းခံရတဲ့ဒဏ်ရာများကြောင့် ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေတယ်လို့ သိရပါ
တယ်။

ရန်စသူ ကိုဌေးဟာ ရန်အောင်(၂)မီးရထားဝင်းအတွင်း နေထိုင်၍ ရထားဆီများ မှောင်ခိုယူဆောင်သည့်အ

လုပ်ဖြင့် အသက်မွေးသူဖြစ်ကာ မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း အဆိုပါဘောလုံးကစားရာနေရာ
တွင် ဘောလုံးကစားသူ ကိုရင်လေးတစ်ပါးအား ၀ါးလုံးဖြင့် ခါးအား ဖြတ်ရိုက်ခဲ့သူလည်းဖြစ်ပြီး ဘောလုံးက
စားသူများရဲ့ အင်္ကျီ၊ ဖိနပ်နဲ့ ပိုက်ဆံများကိုလည်း ခိုးယူတက်သူဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူများက ပြောပြကြ
ပါတယ်။

ကြီးထွားစေရန် လှုံ့ဆော်သည့်ကိုသက်ကတော့ရပ်ကွက်တွင်း လောင်းကစား မှောင်ခိုလုပ်ငန်းများလုပ်ကိုင်

၍ အသက်မွေးဝမ်းကျောင်းသူတစ်ဦးဖြစ်ကာ ဒေသတွင်း 969 အကြမ်းဖက်မှုအရေးတော်ပုံအတွက် တက်ကြွ
စွာ ဆောင်ရွက်နေသူဖြစ်ပြီး ယမန်နေ့ညပိုင်းကတည်းကရပ်ကွက်အတွင်းလှည့်လည်၍ကုလားတွေက ဒီနိုင်
ငံမှာလာနေပြီး အိမ်ရှင်ကိုတောင် ပြန်ပြီး ရန်ပြုလာနေတာ မခံသင့်ကြောင်း၊ ဧည့်သည်တွေဟာ ဧည့်သည်
လိုနေရမည်ဖြစ်ကြောင်း လိုက်လံပြောဆိုနေတယ်လို့ သိရပါတယ်။

ယမန်နေ့ညပိုင်းကတည်းက ဤရန်ပွဲကြောင့် တပေါင်းကွင်းအား မီးများဖြတ်တောက်၍ လူဝင်ခွင့်ပိတ်ပင်

ထားကြောင်း သိရပြီး၊ ဒေသတွင်း အခြေအနေကတော့ ညနေ (၆)နာရီလောက်မှာ ဘိုးဘွားရိပ်သာလမ်းမ
ကြီး အတိုင်း မြောက်မှတောင်သို့ 969 စတေကာ ကပ်ထားသည့် လိုက်ထရပ်ကားများ ဥဒဟို သွားလာနေ
ကြောင်းလဲ သိရပြီး၊ ယနေ့မှာတော့ အခြေအနေ တည်ငြိမ်နေပေမယ့် ဒေသခံ အချို့ကတော့ မိမိတို့ အိမ်
တွင်းရှိ အရေးကြီးပစ္စည်းပစ္စယများအား လုံခြုံစိတ်ချရသည့်နေရာများသို့ ရွှေ့ပြောင်းနေကြတယ်လို့ သိရပါ
တယ်။
 

အလင်းမျက်ဝန်း ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၂.၆.၂၀၁၃

0 comments:

Post a Comment