Pages

Sunday, June 2, 2013

ပထမဆုံးသော Data Center ကို တစ်နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်

Sunday, June 02, 2013

ပြည်တွင်းမှ မြန်မာသတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက် (MICTDC) နှင့် ဂျပန်နိုင်ငံမှ Hitachi ကုမ္ပဏီတို့ ပူးပေါင်း၍ MICT Park အတွင်း တည်ဆောက်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Data Center ကို တစ်နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု သတင်းရရှိသည်။ "Data Center တည်ဆောက်ဖို့ လုပ်ငန်း မစသေးပေမယ့် စဖို့အတွက် ပြင်ဆင်နေပါပြီ။ MICTDC က Phase 1 ထဲမှာပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်တော့ ဒေါ်လာ ၁၀ သန်းနှင့် ၁၅ သန်းကြား ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်" ဟု MICTDC မှ ဦးခွန်ဦးက ပြောကြားခဲ့ပါသည်။

ယင်း Data Center ကို ၂၀၁၄၊ ဧပြီလ မတိုင်ခင် အပြီးတည်ဆောက် သွားမည်ဟု သိရသည်။

Hatichi ကုမ္ပဏီမှာ ၁၉၁၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် Data Center များ တည်ဆောက်ပေးခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ဘဏ်များ၊ အာမခံ လုပ်ငန်းများနှင့် ကုမ္ပဏီများ အနေဖြင့် အချက်အလက်များ၊ မှတ်တမ်းများကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ရန် Data Center များ လိုအပ်ကြောင်း သိရသည်။ ယနေ့ခေတ်တွင် ကွန်တိန်နာကား များအတွင်း ထည့်သွင်းတည်ဆောက် ထားသော Portable Data Center များလည်း ရှိလာကြောင်း သိရသည်။ Data Center တစ်ခုအတွက် လျှပ်စစ်မီး အမြဲမပြတ် ရရှိနိုင်ရန် အရေးကြီးပြီး မီးဘေးကာကွယ်ရေးနှင့် အခြားလုံခြုံရေး စနစ်များမှာလည်း အရေးပါကြောင်း သိရသည်။

EMG ,Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):၂.၆.၂၀၁၃

0 comments:

Post a Comment