Pages

Sunday, June 2, 2013

လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျ

hilux-june1
ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့သော ဟိုင်းလပ်ယာဉ်ကို ဇွန် ၁ ရက် ည ၁၁ နာရီခန့်က ပြန်လည်ဆယ်ယူနေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)


လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျ
သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီတွင် လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင်  ကိုသက်နိုင် မောင်းနှင်
သော ဟိုင်းလပ် ၃ခ/.... အစိမ်းရောင် ယာဉ်သည် RORO IIIဇက်ပေါ်သို့ မောင်းတက်ခဲ့ပြီးရပ်ထားခဲ့ရာမှ မြစ်
ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

"အယ်ဒီ ဟိုင်းလပ်ကားက ပထမဆုံး ဇက်ပေါ်သို့ အရင်စတက်သွားပြီး အရှေ့ဆုံးမှာ ရပ်ထားတယ်။ နောက်
ကားတွေ ဆက်တက်တဲ့ အခါမှာ တက်တဲ့အရှိန်ကြောင့် ဇက်ကလှုပ်ပြီး ဂျမ်းတုံးကိုကျော်၍ ရေထဲကို ကျသွား
တာပါ။ ကားပေါ်မှာတော့ လူတစ်ယောက် ပါသွားတယ်။ နောက်ပြီး ခဏအကြာမှာတော့ အယ်ဒီလူက ရေ
ကူးပြီး အပေါ်ကို ပြန်တက်လာတာ တွေ့ပါတယ်" ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ကိုဆွေဦးက ဆိုသည်။

ပြုတ်ကျသွားသည့် ယာဉ်ပိုင်ရှင် ဦးသက်နိုင်က "ကျွန်တော်က ကော့မှူးကို ပြန်မှာပါ။ ဇက်ပေါ်ရောက်တော့ ကျွန်တော်ကားကိုဂီယာထိုးပြီးဂျမ်းတုံးခုထားတယ်။ နောက်ကားတွေ တက်တော့ဇက်လှုပ်ပြီး ဂျမ်းတုံးကျော်
ကာ ပြုတ်သွားတာပါ" ဟု ဆိုသည်။

ဝါးတန်းဇက်ဆိပ်တွင် တစ်နေ့လျှင် ဇက်နှစ်စီးဖြင့် ကားများကို ပို့ဆောင်ပေးနေပြီး ဇက်တစ်စီးပေါ်တွင် ကား
အစီးရေ ၂၅ စီးခန့် ဆံ့ကြောင်း RORO III ဇက်ပေါ်မှ စက်ပိုင်းဆိုင်ရာ တာဝန်ခံ ဦးမြင့်နိုင်က ပြောကြားခဲ့
သည်။           

Eleven Media :Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):1.6.2013

0 comments:

Post a Comment