Pages

Saturday, June 15, 2013

စီမံအုပ်ချုပ်နည်းအပိုင်း ( ၁ )


စီမံအုပ်ချုပ်နည်း လေးတွေပါ။.နောင်တစ်ချိန်မှာ ဒီဆိုဒ်လေးမှာရှိနေတဲ့ သူငယ်ချင်းတို့က နောင်တစ်ချိန်မှာ လုပ်ငန်းကြီးလုပ်နိုင်တဲ့အခါ ကိုယ့်ဝန်ထမ်းတွေကို ဘယ်လို စီမံအုပ်ချုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေပါ။ 
သူငယ်ချင်းအားလုံးကို တင်ပြလိုက်ပါတယ်။. အပိုင်း ( ၁ )

(1) လူသားတိုင်း အမှားမကင်းပါ ဒါကြောင့် အမှားတစ်ခု လုပ်လိုက်မိရင် မှားပြီလို့လက်ခံလိုက်ပါ ပြီးရင် မှန်
အောင် ပြင်ပါ ။

(2) ကိုယ့်ဝန်းကျင်က လူတွေရဲ့ မွေးနေ့တွေကိုဒိုင်ယာရီသတ်သတ်စာအုပ်နဲ့ ရေးမှတ်ထားတာမျိုး သီးသန့်
ထားပါ လူတိုင်းကို သူတို့မွေးနေ့တွေမှာ ဆုတောင်းပေးနိုင်တာပေါ့ ( မွေးနေ့ အမှန်ဖြစ်ဖို့တော့ ဂရုစိုက်ပါ )

(3) ရုံးဝန်ထမ်းတိုင်းရဲ့ မွေးနေ့တွေမှာ ကျန်လူတွေက ငွေစုထည့်ကျင်းပတဲ့ မွေးနေ့ပါတီ လုပ်ကြဖို့ စည်းရုံးထားပါ ဆော်ဩပါ ။

(4) ဝန်ထမ်းတွေက ပြောစရာရှိလာရင် ဂရုတစိုက် နားထောင်ပါ သူတို့တင်ပြတဲ့ အကြံဥာဏ်တွေကို အသိ
အမှတ်ပြုပါ ။

(5) သူများ စိတ်ကူးကို ကိုယ့်စိတ်ကူးလုပ်ပြီး အမှတ်မယူမိပါစေနဲ့ ။

(6) အဖွဲ့နဲ့ လုပ်ရတဲ့ လုပ်ငန်းတစ်ခု စီမံချက်တစ်ခု ပြီးသွားတိုင်းမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေအတွက် ကျေးဇူးစကားပြောပါ ။

(7) ကိုယ့်ဝန်ထမ်းတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအရ လက်ဖက်ရည် ကော်ဖီ ဘီစကွပ် စတဲ့ သရေစာတွေ ပံ့ပိုးပေးထားပါ ။

(8) လုပ်ငန်းခွင်က သိပူအိုက်လွန်းတာ သိပ်အေးတာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အခက်အခဲ တွေ့ပါတယ် ပန်ကာတို့ အပူပေးစက်တို့ ဖန်တီးပေးထားပါ ။

(9) ဝန်ထမ်းအသစ်ကို လုပ်ငန်းခွင်နဲ့ အကျွမ်းဝင်သွားအောင် လိုက်ပြပေးပါ သက်ဆိုင်သူတွေနဲ့လည်း မိတ်
ဆက်ပေးပါ ။

(10) အရင်တုန်းက အဆင်ပြေခဲ့တဲ့ နည်းစနစ်ဟာ ယခုအဆင်ပြေချင် ပြေမယ် ပြေချင်မှလည်း ပြေမယ် ဝန်း
ထမ်းတွေဟာ ကောင်းမယ်ထင်တာထွင်လုပ်ကြည့်စမ်းကြည့်နိုင်ကြကြောင်း ပြောပြထားပါလိုအပ်တဲ့နေရာ
မှာကူးပြီး အကြံပေးပါ ။

(11) တစ်ခုခုမှာ ပိုကောင်းအောင် လုပ်ချင်နေတဲ့ တိုးတက်မှု ရချင်နေတဲ့ ဝန်ထမ်းတစ်ဦးကို ညှိနှိုင်းအကြံပေး
လိုက်ရတဲ့ အခါမျိုးမှာ သူ့ အခြေအနေ ဘယ်လိုလဲဆိုတာ ( နောက်တစ်ပတ် တစ်လအကြာ ) ထပ် စစ်ဆေး
မေးမြန်းပါ တိုးတက်မှုရလာတာ တွေ့ရင် သူ့ ကိုအသိပေးပါ ။

(12)ကိုယ်တစ်ယောက်တည်းတာဝန်ခံလုပ်ကိုင်ရတဲ့လုပ်ငန်းမျိုးမှာကိုယ့်ရဲ့စိတ်ပါမှုတက်ကြွမှု ဘယ်လောက်
များပြားနေသေးသလဲ ဆိုတာ အမြဲပြန်စစ်ပါ မနိုင်ရင် အကူရှာပါ မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး အနားယူပါ ။

(13) တစ်နေ့နေ့မှာ ကော်ဖီတို့ မုန့်တို့နဲ့ ညနေခင်းပါတီကလေးလုပ်ပေးပါ ကိုယ့်အဖွဲ့သားအားလုံးကို ဖိတ်ပါ သူတို့လည်း လန်းသွား မယ် အချင်းချင်းလည်း ပိုရင်းနှီးတာပေါ့ ။

(14) လုပ်ကြီးတစ်ခုပြီးမြောက်သွားရင် အထိမ်းအမှတ်ပွဲတစ်မျိုးမျိုး ဖန်တီးပေးပါ ။

(15) လုပ်ငန်းတစ်ခု စီမံကိန်းတစ်ခုစီစဉ်ရင် ဝန်ထမ်းတွေအပေါ်ကျလာမယ့် အလုပ်ဒဏ်ကို တည့်စဉ်းစားပါ အလုပ်တွေ စုပြုံမလာအောင် လွှဲပေးခြင်း ခွဲပေးခြင်း အားဖြင့် ဝန်ထမ်းတွေအပေါ်မလိုအပ်ဘဲ အလုပ်ဒဏ်ပိ
တာမျိုးကို ရှောင်နိုင်ဖို့ စီမံပါ ။

(16) တကယ်အကောင်အထညိဖော်/ ကိုယ်တိုင်လုပ်ရတဲ့လူမျိုးကို အထောက်အကူပေးဖို့လိုပါတယ် အကြံ
ပေးပြီး ပံ့ပိုးတာမျိုးပိုပြီးသုံးပါ ။

(17) ဝန်ထမ်းတွေကို ရုံးတယ်လီဖုန်းမှာကိုယ်ရေးကိုယ်တာကိစ္စအတွက် ပြောခွင့်ပြုထားလိုက်ပါ ။(18) အပြင်
က ရေပိုက်ပြင်သမား မီးပြင်သမားတွေ ရုံးလာအလုပ်လုပ်တဲ့အခါ သူတို့ကို ရုံးဝန်ထမ်းတွေအတွက် သရေ
စာကျွေးမွေးသလိုပဲ ကျွေးမွေးဧည့်ခံပါ ပစ်မထားပါနဲ့ ။

(19) ဝန်ထမ်းတွေကို ဌာနတွင်းသင်တန်းတွေ စီစဉ်ပေးပြီး အဆင့်မြှင့်တင်ပေးပါ အပြင်သင်တန်းတွေ သွားတက်နိုင်အောင် ပံ့ပိုးပေးပါ ဒါမှ သူတို့ရဲ့ အရည်အသွေးတွေ မြင့်လာမယ် ။

(20) ကြီးကြီးမားမား မျှော်လင့်ထားရင် ကြီးကြီးမားမားတွေရလာတက်ပါတယ် အကောင်ဆုံး အားထုတ်ကြိုး
ပမ်းမှုမျိုးကိုပဲ မျှော်လင့်ထား ကြောင်း ဝန်ထမ်းတွေကို ပြောပြထားပါ ကြိုးစားပြနိုင်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောင့်စားပါ ။

(21) ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတစ်ခုကို ကိုယ်က ဖြေရှင်းမပေးသာတဲ့ အနေအထားမျိုးရှိတက်
တယ် ဖြေရှင်းမပေးနိုင်ပေမယ့် စာနာမှုကို ပြနိုင်မှာပါ အဲဒိလို စာနာပြလိုက်ခြင်းဟာ ထူးခြားမှု ရှိလာပါလိမ့်
မယ် သူအားငယ်နေတဲ့အချိန်မှာ ကိုယ်က ရောက်လာပြီး အားပေးတာကို သူ နားလည်မှာပါ ။

(22) ကိုယ့် ဝန်ထမ်းတွေဟာ “ကိုယ်နဲ့ လက်တွဲလုပ်ကြသူတွေ“ လို့ပြောဖို့နဲ့ “ကိုယ့်အတွက်လုပ်ကိုင်ပေး
နေကြတဲ့သူတွေ“ ဆိုတဲ့ သဘော မျိုးမပြောမိဖို့ သတိထားပါ ။

(23) လိုရင် ရှာမတွေ့နိုင်တာမျိုးမလုပ်ပါနဲ့ ကိုယ့်ကိုဘယ်မှာ တွေ့နိုင်မယ် ဘယ်မှာရှိနိုင်မယ်ဆိုတာ အသိ
ပေးထားပါ ။

(24) အတိုင်းအတာတွေကြောင့်ဖြေရှင်းရဖို့ရှိလာရင်မကျေနပ်ချက်တိုင်ချက်ကို သေသေချာချာနားထောင်
ပါ အချက်အလက်မှန်မမှန် ထပ်စစ်ပါ ပြီးမှလုပ်စရာရှိတာလုပ်ပါ ပြဿနာရဲ့ သဘာဝကို အရင်းဆိုက်အောင်
မရှာဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချရင် မျက်နှာ ပူစရာ အားနာစရာတွေ ဖြစ်လာတက်တယ် ။

(25) သိချင်တာတွေအကြံပေးချင်တာတွေရှိရင် ရေးသူနာမည် ဖော်ပြစရာမလိုတဲ့စာတွေရေးပို့ပြီးစုံစမ်းနိုင်
 အကြံပေးနိုင် ကြောင်းကိုပါ ဝန်ထမ်းတွေကိုအသိပေးထားပါအဲဒီစာမျိုးတွေ လက်ခံဖို့ပုံးတစ်ပုံးထောင်ထား
ပေးပါ ကိုယ့်အုပ်စုကို ပုံမှန်အစည်းအဝေးခေါ်ပြီးအဲဒီစာတွေမှာပါတဲ့ မေးမြန်းချက်တွေဖြေပြပါအကြံပေးချက်
တွေကို အားလုံးရှေ့မှာ ပြောပြပါ ။

သူငယ်ချင်းတို့ရေ...............ဒီလောက်နဲ့ပဲခဏနားလိုက်ပါအုံးမယ် ကျန်ရှိနေတဲ့အကြောင်းအရာတွေကို အ
ပိုင်းပိုင်းတွေနဲ့ ပြန်လည်ဖော်ပြပေးသွားပါမယ်..................သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ................

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်

မိုးမင်းသော် ( ရန်ကုန် )(ရွေအိမ်စည်စာကြည့်တိုက်)
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃

0 comments:

Post a Comment