Pages

Saturday, June 15, 2013

မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတွေမှာ မရသေးတဲ့ MMS ဆိုတာဘာလဲ?

မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတွေမှာ မရသေးတဲ့ MMS ဆိုတာ
___________________________________________

မိုဘိုင်းဖုန်းကိုင်တဲ့သူတိုင်း SMS ကို သိကြမှာပါ။ အရမ်းအသုံးဝင်ပြီး nကိုယ်ပို့ချင်တဲ့စာကြောင်းလေးတွေ ပို့လို့ရတာမို့ ဖုန်းပြောတာထက် SMS ကို ပိုအသုံးများတယ်လို့တောင် ထင်စရာပါပဲ။ တကယ်တမ်း SMS ထက် ပိုအသုံးဝင်တဲ့ MMS ဆိုတာ ရှိနေပြီး ကျွန်တော်တို့ နိုင်ငံမှာတော့ အခုအချိန် သုံးစွဲခွင့်မရသေးပါဘူး။

SMS မှာ စာတွေပဲ ပို့လို့ရပြီး Multimedia Messaging Service လို့ ခေါ်တဲ့ MMS ကတော့ ပုံတွေ၊အသံတွေ၊လှုပ်ရှားမှုတွေ၊ဗီဒီယိုတွေကိုပါ ပေးပို့နိုင်ပါတယ်။ အင်တာနက်မလိုဘဲ သုံးစွဲနေတဲ့ ဖုန်းလိုင်းကနေတစ်ဆင့် ပေးပို့ခြင်းပဲဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံလောက် သူငယ်ချင်းဆီ ပို့ဖို့အရေး အီးမေးလ်ကနေတစ်ဆင့် သွားနေရတာ တကယ်တော့ အတော်လေးကို ခေတ်နောက်ကျနေပြီလို့ ပြောလို့ ရမလားပဲ။ MMS နဲ့ဆိုရင်တော့ သူ့ဖုန်းနံပါတ်ကိုသိရုံနဲ့ သူ့ဆီကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ပုံကြီး ပို့လို့ရပါတယ်။ ဒါ့အပြင် SMS မှာ စာလုံးရေ ၁၆၀ ပဲပို့လို့ရတဲ့ ကန့်သတ်ချက်ရှိနေပြီး MMS မှာတော့ အဲဒီလိုမရှိပါဘူး။

စမတ်ဖုန်းအားလုံးနီးပါးမှာ MMS ပေးပို့လက်ခံနိုင်တဲ့ လုပ်ဆောင်ချက်က အရန်သင့်ပါပြီးသား ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးမှာ MMS စင်တာတစ်ခု ဖန်တီးလိုက်တာနဲ့ သို့မဟုတ် MMS လိုင်းဖွင့်ပေးလိုက်တာနဲ့ အားလုံးဟာ MMS ကို ပျော်ပျော်ကြီး သုံးလို့ရကြမယ့် အနေအထားတစ်ခုကို အခုဆို ရောက်ရှိ လို့နေပါပြီ။ 4G ကွန်ယက်ကို ဖန်တီးမယ်ဆိုပြီး ကြွေးကြော်နေပေမယ့် 3G ရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ MMS ကိုတောင် မရသေးတာ ဘာကြောင့်မှန်းလဲတော့ ကျွန်တော်လည်း မတွေးတတ်တော့ပါ။


crebit >Zaw Thurein Tun
KZY(MM)

မိုဘိုင်းဖုန်းကိုင်တဲ့သူတိုင်း SMS ကို သိကြမှာပါ။ အရမ်းအသုံးဝင်ပြီး nကိုယ်ပို့ချင်တဲ့စာကြောင်းလေးတွေ ပို့လို့ရတာမို့ ဖုန်းပြောတာထက် SMS ကို ပိုအသုံးများတယ်လို့တောင် ထင်စရာပါပဲ။ တကယ်တမ်း SMS ထက် ပိုအသုံးဝင်တဲ့ MMS ဆိုတာ ရှိနေပြီး ကျွန်တော်တို့ နိုင်ငံမှာတော့ အခုအချိန် သုံးစွဲခွင့်မရသေးပါဘူး။ SMS မှာ စာတွေပဲ ပို့လို့ရပြီး Multimedia Messaging Service လို့ ခေါ်တဲ့ MMSကတော့ပုံတွေ၊အသံတွေ၊လှုပ်
ရှားမှုတွေ၊ဗီဒီယိုတွေကိုပါ ပေးပို့နိုင်ပါတယ်။ အင်တာနက်မလိုဘဲ သုံးစွဲနေတဲ့ ဖုန်းလိုင်းကနေတစ်ဆင့် ပေး
ပို့ခြင်းပဲဖြစ်ပါတယ်။ဓာတ်ပုံတစ်ပုံလောက်သူငယ်ချင်းဆီပို့ဖို့အရေး အီးမေးလ်ကနေတစ်ဆင့်သွားနေရတာ
တကယ်တော့ အတော်လေးကို ခေတ်နောက်ကျနေပြီလို့ ပြောလို့ ရမလားပဲ။ 
 
MMSနဲ့ဆိုရင်တော့သူ့ဖုန်းနံပါတ်ကိုသိရုံနဲ့သူ့ဆီကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ပုံကြီးပို့လို့ရပါတယ်။ဒါ့အပြင်
SMS မှာ စာလုံးရေ ၁၆၀ ပဲပို့လို့ရတဲ့ ကန့်သတ်ချက်ရှိနေပြီး MMS မှာတော့ အဲဒီလိုမရှိပါဘူး။

စမတ်ဖုန်းအားလုံးနီးပါးမှာMMS ပေးပို့လက်ခံနိုင်တဲ့လုပ်ဆောင်ချက်က အရန်သင့်ပါပြီးသား ဖြစ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးမှာ MMS စင်တာတစ်ခု ဖန်တီးလိုက်တာနဲ့ သို့မဟုတ် MMS လိုင်းဖွင့်ပေးလိုက်တာနဲ့ အားလုံးဟာ MMS ကို ပျော်ပျော်ကြီး သုံးလို့ရကြမယ့် အနေအထားတစ်ခုကို အခုဆို ရောက်ရှိ လို့နေပါပြီ။ 4G ကွန်ယက်ကို ဖန်တီးမယ်ဆိုပြီး ကြွေးကြော်နေပေမယ့် 3G ရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ MMS ကိုတောင် မရသေးတာ ဘာကြောင့်မှန်းလဲတော့ ကျွန်တော်လည်း မတွေးတတ်တော့ပါ။


Zaw Thurein Tun
KZY(MM) , RangonNewsDaily
kolatt(PBDN): 15.6.2013

0 comments:

Post a Comment