Pages

Saturday, June 15, 2013

မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ.....

မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်
ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိ
သည်။
''နွေရာသီမှာ ဆိုလို့ရှိရင် သစ်ခိုးတဲ့ ကားတွေက ခြောက်လမ်းသွား မြေလမ်းမကြီးဖောက်ပြီးသယ်ယူကြတယ်
။ မိုးရာသီရောက်လာတဲ့ အခါမှာတော့ ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို ပြောင်းပြီးသုံးလာကြတယ်။ ခိုး
ထုတ်တာကတော့ BDY ဆိုတဲ့ တရုတ်တွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကုမ္ပဏီက ဦးဆောင်ပြီးတော့ ထုတ်တာ
ပါ။

ဒီကုမ္ပဏီကို နောင်ကောင်းမှာ အခြေစိုက်ထားတာပါ။ အခုသစ်ပင်မျိုးစိတ်က တော်တော်ပျက်သွားပါပြီ။ က
ချင်ပြည်နယ်က ရွှေကူ၊ မန္တလေးတိုင်းက မဘိန်း၊ ရှမ်းပြည်နယ်က ကျောက်မဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ
ဆိုရင် ကသာအထိ ကိုယ်ပိုင်ယန္တရားတွေနဲ့ ခုတ်လှဲ ယူကြတာပါ'' ဟု တရုတ်မြန်မာ နယ်စပ်ဒေသမှ ဒေသခံ
တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါသစ်ခိုးထုတ်သည့်ဂိုဏ်းမှာတရုတ်ပြည်၊ နောင်တောင်းဆိုသည့်မြို့တွင်အခြေစိုက်ထားပြီး မြန်မာပြည်

တွင် ရှားပါးလာသည့် ပေ ၃၀၊ ပေ ၄၀ လုံးပတ်ရှိသော သစ်များ အမြောက်အမြား ရှိနေကြောင်း သိရသည်။

''မြန်မာပြည်က နန်းခမ်းဒေသမှာ အိမ်ဆောက်ဖို့အတွက် ဒေသခံတွေက ၀ါးတိုင်လေးတွေ သုံးနေရတဲ့အခါ

မှာ သူတို့ရဲ့ မြန်မာ မိုင်တိုင် ၆၄ နားမှာ သစ်ပုံကြီးတွေကအကြီးကြီးပဲ။တန်နှစ်သောင်း၊သုံးလောက်လောက် 
ရှိတယ်။ အထူးသဖြင့် ပွင့်လင်းရာသီဖြစ်တဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ အဲဒီလတွေမှာ ထုတ်ယူမှုအများ
ဆုံးပဲ။ အဲဒီချိန်မှာ တစ်ရက်ကို အစီး ၈၀၀ လောက် ၀င်လာတတ်တယ်။ သူတို့ရဲ့ ၂၂ ဘီးကားကြီးတွေနဲ့ ရွှေ
လီကိုပို့တယ်။ အဲဒါကိုမှ တချို့ကို အိမ်ထောင်ပရိဘောဂ ပြန်လုပ်ပြီး အမြစ်တွေကိုကျတော့ ပန်းပုပြန်ထု၊ ဒီ
ဇိုင်းအမျိုးမျိုး ဖော်ပြီးတော့ နိုင်ငံတကာ ဈေးကွက်ကို တင်ကြတယ်'' ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ နွေရာသီတွင် ခြောက်လမ်းသွားလမ်းဖြင့် သယ်ဆောင်ရာတွင် မြန်မာပြည် နန်းခမ်းနောက်ကျောရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အဆုံးနေရာတွင် မန်းဝိန်းဆိုသည့် နေရာရှိကြောင်း မန်းဝိန်းနောက်ကျော

မှ တောက်လျှောက်သွားလျှင် ဗန်းမော်သို့ ရောက်ပြီး ထိုမှတစ်ဆင့် မန်စီ၊ မန်စီမှ တစ်ဆင့် ရွှေလီမြစ်ကိုဖြတ်
ပြီး မန္တလေးတိုင်း မဘိန်းအထိ ရောက်လာကြောင်း သိရသည်။

''မဘိန်းကတစ်ဆင့် မန္တလေးညောင်ကွဲ ဆိုတဲ့ရွာမှာ စစ်ကိုင်းတိုင်းက ခိုးထုတ်လာတဲ့ သစ်တွေအကုန်လုံး လာစုကြတယ်။ ပြီးရင် အဲဒီမှာ ဈေးကွက်ဖြစ်တယ်။ အဲဒီမှာ အကုန်ရှိတယ်။ ဒုစရိုက်မှု၊ ငွေအတု၊ စိတ်ကြွဆေး

၊ ကျွဲ၊ နွားမှောင်ခို အစုံပါပဲ'' ဟု မန္တလေးတိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ တရုတ်သူခိုးဂိုဏ်း၏ သစ်ခိုးထုတ်မှုများကြောင့် ဒေသတွင်း သစ်ပင်များ အတော်ပင် ရှင်းလင်းသွားပြီ ဖြစ်ကြောင်း၊ သဘာဝ ပတ်
ဝန်းကျင်ကိုပင် ထိခိုက်လာပြီး နွေရာသီတွင် အလွန်ပူးပြင်းလာကြောင်း ဒေသခံများက ပြောပြခဲ့သည်။

EMG ,RangonNewsDaily
kolatt(PBDN): 15.6.2013

0 comments:

Post a Comment