Pages

Saturday, June 15, 2013

ဓားပြတိုက်မှု ဖြစ်စဉ် အပြီး နှစ်ရက်အကြာ အောင်မင်္ဂလာအဝေးပြေး ယာဉ်လိုင်းများကို CCTV တပ်ဆင်ရန်ညွှန်ကြားပြီ

အဝေးပြေးခရီး သည်ယာဉ်တစ်စီးကို ဓားပြတိုက် မှုဖြစ်စဉ်အပြီး နှစ်ရက်မြောက် တွင် အောင်မင်္ဂလာအဝေး
ပြေးကားဝင်းရှိယာဉ်လိုင်း ဂိတ်များအားလုံးတွင် လုံခြုံရေးကင်မရာ များ တပ်ဆင်ရန်ညွှန်ကြား လိုက် ပြီးဖြစ်
ကြောင်း အဝေးပြေးယာဉ် လိုင်းများထံမှ သိရသည်။
ဇွန် ၉ ရက်ကရာဇာမင်း ခရီးသည် တင်ယာဉ် ကိုသထုံမြို့ နယ်အတွင်းဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနှစ်ရက်
အကြာ ဇွန် ၁၁ ရက်၌ အောင်မင်္ဂလာအဝေးပြေး ရှိ စည်ပင်သာယာရုံးတွင်ပြုလုပ် သည့် ယာဉ်လိုင်း အစည်း
အဝေးကိုတက်ရောက်ခဲ့သည့်ရန်ကုန်တိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဗိုလ်မှူး ကြီးတင်ဝင်း
က ယာဉ်လိုင်းဂိတ်များတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရန်အ တွက် ညွှန်ကြားခြင်းဖြစ်ကြောင်း အ
စည်းအဝေးတက်ရောက်ခဲ့သည့် ယာဉ်လိုင်းများထံက သိရသည်။

ရွှေစင်စင်္ကြာ ယာဉ်လိုင်းက ယာဉ်လိုင်းအစည်းအဝေးတက်ခဲ့ သူတစ်ဦးက''ယာဉ်လိုင်းတွေရဲ့ဂိတ် တွေမှာ လုံ

ခြုံရေးကင်မရာတွေတပ်ဖို့ညွှန်ကြားပါတယ်။ အခြား ညွှန်ကြား မှုတွေအနေနဲ့ ကတော့ မှတ်ပုံတင်နဲ့ လူနဲ့ကား
ပေါ်မှာ တိုက်စစ်ဆေးတာမျိုးပေါ့။ အဲဒီ လိုတပ်ဆင်ထားတဲ့ဂိတ်က ဒီကား ဝင်းမှာ အရမ်းနည်းတယ်''ဟု ပြော
သည်။

ယင်းကဲ့သို့ အောင်မင်္ဂလာ အဝေးပြေကားဝင်းတွင် လုံခြုံရေး ကင်မရာများတပ်ရန် ညွှန်ကြား သကဲ့သို့ မော်

လမြိုင်ကားဝင်းရှိ ယာဉ်လိုင်းဂိတ်များတွင်လည်း ယင်း ကင်မရာ များ တပ်ဆင်ရန် ညွှန်ကြားလိုက်ကြောင်း ဓားပြ တိုက်ခံရသည့် ရာဇာမင်းယာဉ် လိုင်းမှ ဒါရိုက်တာတစ်ဦးကပြော ကြားခဲ့သည်။

ရာဇာ မင်းယာဉ်လိုင်း ဒါရိုက်တာ ဦးခိုင်မြင့်က ''မော်လမြိုင်ယာဉ် ကြီးကြပ်ရေးအဖွဲ့က လုံခြုံရေးအ တွက် တပ်

ခိုင်းတာလို့သိရတယ်။ ကားဝင်းထဲမှာရှိတဲ့ ကားဂိတ် တွေ အားလုံးကို တပ်ခိုင်း တာ''ဟု ပြော သည်။

''အခုလို ကင်မရာတွေတပ်ခိုင်းတာကလုံခြုံရေးကိုအထောက် အကူပြုတာမှန်ပေမယ့် ဥပဒေကို ထိန်းသိမ်း

စောင့်ရှောက်တဲ့ဝန်ထမ်းတွေကိုအလုပ်မှာတာဝန် ပျက်တာ မျိုးတွေ၊ ပေါ့လျော့တာ မျိုးတွေ ရှိလာနိုင်တယ်။ အဓိကက လုံခြုံရေးကင်မရာ တပ်တာ ထက် တရားဥပဒေစိုးမိုးဖို့ပါ''ဟု ယင်းက ဆက်လက်ပြီး လုံခြုံရေး ကင်
မရာ တပ်ဆင်ခြင်း နှင့်ပတ် သက်သည့် ညွှန်ကြားမှုများအပေါ် တွင်သုံးသပ်သည်။

လက်ရှိထွက်ပေါ်နေသည့် မော်လမြိုင်ပြေးဆွဲသည့် ယာဉ် လိုင်းများကို လုံခြုံရေးကင်မရာ တပ်ဆင်ရမည်ဆို

သည့် သတင်း များနှင့်ပတ်သက်ပြီး မဟုတ်မှန် ကြောင်း ကိုလဲ အဆိုပါလိုင်းပိုင် ရှင်က အတည်ပြုပေးသည်။ ''ယာဉ်ပေါ်မှာတပ်ခိုင်းတာ မဟုတ်ပါဘူး။ ဂိတ်တွေမှာတပ်ခိုင်း တာပါ''ဟု ယင်းရာဇာမင်းယာဉ် လိုင်း ဒါရိုက်
တာ က ပြောသည်။

အဆိုပါဓားပြတိုက်မှုဖြစ် ပွားပြီးနောက်ပိုင်းအဝေးပြေးယာဉ်လိုင်းများတွင်လုံခြုံရေးပိုင်းတပ်လှန့်လိုက်သည်

ဆိုသော်လည်းကင်မရာတပ်ဆင်မှုကိုအမိန့်သ ဘောမျိုးထုတ်ပြန်မည်မဟုတ် ကြောင်း အောင်မင်္ဂလာအဝေး
 ပြေးကားဝင်း စည်ပင်သာယာရုံး မှ သိရသည်။

စည်ပင်ရုံးဌာနခွဲမှူးက'လုံ ခြုံရေးကင်မရာတပ်ရင်ကားဂိတ်လုံခြုံရေးတွေအတွက် ကောင်းလို့အကြုံပြုပြီးတပ်

ခိုင်းတာပါ။ ဒီကင် မရာတွေကို မဖြစ်မနေတပ်ဆင် ဖို့အတွက်စာထုတ်ပြီး မညွှန်ကြား သေးပါဘူး''ဟု ပြော
သည်။ လက်ရှိ တွင် အောင်မင်္ဂလာ အဝေးပြေးယာဉ်လိုင်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထား သည့် ကားဂိတ်သည် ရှစ်ခုခန့်သာ ရှိကြောင်း ဂိတ်လုပ် ငန်းရှင် များ ထံမှ သိရ သည်။

ကျော်ဇေယျ

Yangon Media , RangonNewsDaily
kolatt(PBDN): 15.6.2013

0 comments:

Post a Comment