Pages

Tuesday, May 14, 2013

" MAHASEN ဆိုက်ကလုန်းမုန်း သတိပေးကြေငြာချက် အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်သို့ တိုးမြင့်သတ်မှတ်ပြီ "


မဟာစင်မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ စတင်ရွှေ့လျား လာသောကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလား
ဒေ့ရှ်နယ်စပ်ကိုဦးတည်တိုက်ခတ်ရန် ဟန်ပြင်လာပြီးမုန်တိုင်းသတိပေးမှုကို အဝါရောင်အဆင့်မှ လိမ္မော်
ရောင်အဆင့်သို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင်းမိုးဇလက ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင်မီဒီယာများမှတစ်
ဆင့် သတင်းထုတ်ပြန်သည်။
မေ(၁၃)ရက်နှင့် မေ(၁၄) နေ့ခင်းပိုင်းအထိ ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မဟာစင်မုန်တိုင်း
သည်အနောက်မြောက်ဘက် သို့ ရွှေ့လျားရာမှ မြောက်ဘက်သို့လည်းကောင်း၊

ထို့နောက် အရှေ့မြောက်ဘက်သို့ ဦးတည်ရာပြောင်းလဲရွှေ့လျားလာခြင်းဖြစ်သည်။ မုန်တိုင်းအရှေ့မြောက်

ဘက်သို့ရွှေ့လျားမှုမှာ မြန်မာ့ကမ်းရိုးတန်းသို့ စတင်ခြိမ်းခြောက်လာခြင်းဖြစ်သည်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ကို မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်၊ မုန်တိုင်းခန့်မှန်းရေးဌာနများ

 ကြိုတင်ခန့်မှန်းထားသည့်အတိုင်း မုန်တိုင်းဝင်ရောက်ရန် လမ်းကြောင်းပြောင်းလာခြင်းဖြစ်သည်။

မေ(၁၆)၊ (၁၇)တွင် အဆိုပါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ၀င်ရောက်နိုင်ကြောင်း ဦးထွန်း

လွင်နှင့် မိုးဇလတို့က ခန့်မှန်းထား သည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြာက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထား

သည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာ စိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးမည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက်လေပြင်းကျ စဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄ ၀)မှ(၄၅)မိုင်အထိတိုက်

ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီးမြန်မာနိုင်ငံ(ရခိုင်ကမ်း

ရိုးတန်းမြောက်ပိုင်း)နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ဦးတည်ရွေ့လျားနေသည့်အခြေအနေ
ဖြစ်ပါသည်။

နောက်ဆုံးတိုင်းထွာရရှိသောခန်မှန်းချက်အရမေလ(၁၆)ရက်ညပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း

မြောက်ပိုင်း) ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း မိုး
ဇလကခန်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊

င်္ဘောများ အနေဖြင့်မုန်တိုင်း အန္တရာယ်ရှောင်ရှားရန်လိုအပ်ကြော င်း မိုးဇလက အကြံပြုထားသည်။


Rangonnewsdaily
RND:  :14.5.2013

0 comments:

Post a Comment