Pages

Tuesday, May 14, 2013

ဆိုက်ကလုန်းမုန်တိုင်း မဟာဆန် အိန္ဒိယနိုင်ငံ ကိုစတင်အကဲစမ်းပြီ

“မဟာဆန် အကဲစမ်းပြီ”

မန္တလေး၊မေ ၁၃-၂၀၁၃(၁၁း၁၅ နာရီ)

ဘင်္ဂလားပင်လယ်မှာ အားကောင်းနေတဲ့ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်” စတင်ဝင်ရောက်လာပြီဖြစ်တာကြောင့် အိန္ဒိယနိုင်ငံ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ မိုင်းသက်လေပြင်းများ တိုက်ခတ်လျှက်ရှိရာ Guntur, Visakhapatnam နဲ့ Vizianagaram မြို့တွေမှာ မိုးကြိုးထိမှန်သေဆုံးသူ ၈-ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄-ဦးရှိပြီဖြစ်ကြောင်း AP ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးမင်းကြီး တီရာဒါးက ထုတ်ဖေါ်ပြောကြားသွားကြောင်း
“ဒေးလီး ဘာရှ်ကာ” အင်တာနက် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
မိုးသက်မုန်တိုင်းဒဏ်ကြောင့် ခြံထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်”ဟာ ဒီကနေ့မနက်ပိုင်းက ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဖက် မိုင်၇၀၀ကိုဗဟိုပြုနေပြီး မြန်မာ-ဘင်္ဂလားနိုင်ငံနယ်စပ်ဒေသဆီ ဦးတည်ရွှေ့လျားနေကြောင်း၊ နောက် ၂၄-နာရီအထိ အင်ဒါပရာဒက်ရှ်ပြည်နယ်အတွင်း မိုးသက်လေပြင်းတွေ ဆက်လက်တိုက်ခတ်နိုင်ဖွယ်ရှိပြီး၊ လေပူလှိုင်းတွေ အားကောင်းနေဆဲဖြစ်ပြီး လေထုအပူချိန်မှာလည်း ၄၀ ဒီကရီ စင်တီဂရိတ်ကျော်အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း၊ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ Rentachintala မှာ အပူချိန် ၄၆ ဒီကရီ စင်တီဂရိတ်အထိ ရောက်ရှိနေကြောင်း၊ Nellore၊ Prakasam၊ Guntur နဲ့Krishna၊ Chittoor Kurnool ခရိုင်တွေမှာ ၄၄ ဒီကရီ စင်တီဂရိတ်အထိ ရောက်ရှိနေလျှက်ရှိရာ နောက် ၄၈-နာရီအထိ အပူချိန်မြင့်တက်နေဦးမှာဖြစ်ကြောင်း သတင်းမှာဆက်လက်ဖေါ်ပြထားပါတယ်။ ။

s.m.Aunng

ကိုးကား-

PTI
http://www.business-standard.com/article/pti-stories/heat-wave-grips-andhra-pradesh-113051200557_1.html
http://newindianexpress.com/states/andhra_pradesh/Mahasen-weakens-heatwave-to-stay/2013/05/13/article1587703.ece

မေ ၁၃-၂၀၁၃(၁၁း၁၅ နာရီ)
ဘင်္ဂလားပင်လယ်မှာ အားကောင်းနေတဲ့ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်” စတင်ဝင်ရောက်လာပြီဖြစ်တာ
ကြောင့် အိန္ဒိယနိုင်ငံ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ မိုင်းသက်လေပြင်းများ တိုက်
ခတ်လျှက်ရှိရာGuntur, Visakhapatnam နဲ့ Vizianagaram မြို့တွေမှာ မိုးကြိုးထိမှန်သေဆုံးသူ ၈-ဦးရှိပြီး ထိခိုက်
ဒဏ်ရာရသူ ၄-ဦးရှိပြီဖြစ်ကြောင်း AP ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးမင်းကြီး တီရာဒါးက ထုတ်
ဖေါ်ပြောကြားသွားကြောင်း“ဒေးလီး ဘာရှ်ကာ” အင်တာနက် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။မိုးသက်မုန်တိုင်းဒဏ်ကြောင့် ခြံထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဆိုင်ကလုံး
မုန်တိုင်း“မဟာဆန်”ဟာ ဒီကနေ့မနက်ပိုင်းက ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဖက် မိုင်၇၀၀ကိုဗဟိုပြုနေပြီး မြန်
မာ-ဘင်္ဂလားနိုင်ငံနယ်စပ်ဒေသဆီ ဦးတည်ရွှေ့လျားနေကြောင်းသိရသည်။
 
နောက် ၂၄-နာရီအထိ အင်ဒါပရာဒက်ရှ်ပြည်နယ်အတွင်း မိုးသက်လေပြင်းတွေ ဆက်လက်တိုက်ခတ်နိုင်
ဖွယ်ရှိပြီး၊ လေပူလှိုင်းတွေ အားကောင်းနေဆဲဖြစ်ပြီး လေထုအပူချိန်မှာလည်း ၄၀ ဒီကရီ စင်တီဂရိတ်ကျော်
အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်းပြောကြားသွားသည်။
 
အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ Rentachintala မှာ အပူချိန် ၄၆ ဒီကရီ စင်တီဂရိတ်
အထိ ရောက်ရှိနေကြောင်း၊ Nellore၊ Prakasam၊ Guntur နဲ့Krishna၊ Chittoor Kurnool ခရိုင်တွေမှာ ၄၄ ဒီကရီ စင်တီဂရိတ်အထိ ရောက်ရှိနေလျှက်ရှိရာ နောက် ၄၈-နာရီအထိ အပူချိန်မြင့်တက်နေဦးမှာဖြစ်ကြောင်း သ
တင်းမှာဆက်လက်ဖေါ်ပြထားပါတယ်။ ။

New Indian Express , Rangonnewsdaily
RND:  :13.5.2013

0 comments:

Post a Comment