Pages

Tuesday, May 14, 2013

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း၏ ကျောင်းလခ တိုးမြှင့်မှုအပေါ် စစ်ဆေးပေးရန် ကျောင်းသားမိဘ အများစုက လွှတ်တော်နှင့်သမ္မတထံ တိုင်ကြားမည်

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း၏ ကျောင်းလခ တိုးမြှင့်မှုအပေါ် စစ်ဆေးပေးရန် ကျောင်းသားမိဘ အများစုက လွှတ်တော်နှင့်သမ္မတထံ တိုင်ကြားမည်

ပညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းသူ၊ ကျောင်းသား ၁၂၀၀ ခန့်ရှိသည့် International School of Myanmar (ISM) နိုင်ငံခြားကျောင်းတွင် လာမည့်ပညာသင်နှစ်၌ ကျောင်းလခအား ၃၅ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ကောက်ခံခဲ့မှုအား စစ်ဆေးပေးရန် ကျောင်းသားမိဘ ၃၀၀ ခန့်မှ နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ထံ စာပို့တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မေ ၁၂ ရက် International School of Myanmar (ISM) မိဘ ၃၀၀ ခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့ စာပေးပို့ အရေးယူ ဆောင်ရွက်သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားမိဘများက သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များ ထံသို့ ပေးပို့သွားမည့် အိတ်ဖွင့်ပေးစာတွင် International School of Myanmar (ISM) ကျောင်းက ကျောင်းလခများ အဆမတန် တိုးမြှင့်ကောက်ခံခြင်း ကိစ္စကို စစ်ဆေးပေးပါရန်၊ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော International School များနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း စုံစမ်းပေးပါရန်နှင့် အဆိုပါ နိုင်ငံခြားကျောင်းများနှင့် ပတ်သတ်သော ဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးပါရန်တို့ ပါရှိသည်။

International School of Myanmar (ISM) ကျောင်းမှ ကလေးနှစ်ယောက်၏ ဖခင်ဖြစ်သူ ကိုဇော်မင်းက ''ကျောင်းလခကို အဆမတန် တိုးမြှင့်တာကို အဓိကထားပြီး ပြောတာ မဟုတ်ပါဘူး။ တိုးမြှင့်မယ့် ကျောင်းလခနဲ့အညီ ဘယ်လိုဝန်ဆောင်မှုမျိုးမှ ပေးနိုင်မှာ မဟုတ်တာကို သိနေပါတယ်။ ပြီးတော့ကျွန်တော်တို့က ရေပေါ်ဆီမိဘတွေ မဟုတ်ဘူး။ လက်ရှိတောင် တစ်နှစ်ကို မူလတန်း ကျောင်းသားတစ်ယောက်ကို သိန်း ၅၀ နဲ့ ၆၀ ၀န်းကျင်ကုန်တယ်။ နောက်ပြီး အထက်တန်းကျောင်းသား အတွက်ဆိုရင် သိန်း ၉၀ ကျော်လောက်မှာ ရှိနေတာ။ ထပ်တက်မယ့် ရာခိုင်နှုန်းနဲ့ ဆိုရင်တော့ တော်တော်တွေးပူစရာတွေ ဖြစ်နေပါပြီ'' ဟု ပြောသည်။

ယင်းအပြင် ကျောင်းလခတိုးမြှင့်သည့် အသိပေးစာများအားလည်း ကျောင်းပိတ်ရာသီနှင့် နီးကပ်သည့် အချိန်နှင့်ကိုက်ကာ ကြိုတင်အသိပေးမှုများ မရှိဘဲ လုပ်ဆောင်ခဲ့သည်ကိုလည်း ကျောင်းသားမိဘများမှ ဝေဖန်ခဲ့သည်။

ISM မူလတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်မာလာက ''သင်္ကြန်မတိုင်ခင် နှစ်ရက်အလိုမှာ ကလေးတွေနဲ့ ကျောင်းလခ တိုးမယ်ဆိုတဲ့ စာရွက်ကို ထည့်ပေးလိုက်တယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်တာလား ဘာကြောင့် လုပ်တာလည်းဆိုတာ အခုထိ အတိအကျ မသိသေးပါဘူး။ နောက်ကျောင်းကို ပြောင်းဖို့လည်း အခတ်အခဲတွေ ဖြစ်နေပါတယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် ကျောင်းသားမိဘများမှ တိုးမြှင့်ခဲ့သော ကျောင်းလခအား လျော့ချနိုင်ရေးအတွက် ကျောင်းတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေသော်လည်းကျောင်းမှ လာမည့်ပညာသင်နှစ်အတွက် ကျောင်းသားတစ်ဦးလျှင် ၅၀၀၀၀၀ ကျပ်အား မေလ ၁၅ ရက်မတိုင်မီ Deposit တင်သွင်းရမည်ဖြစ်ကြောင်း မသွင်းပါက   လာမည့်စာသင်နှစ်တွင် တက်ရောက်ခွင့်ရရန် သေချာစေမည် မဟုတ်ဟု ကျောင်း၏အုပ်ချုပ်ရေးပိုင်းမှ အကြောင်းကြားထားကြောင်း (ISM) ကျောင်းသားမိဘအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

ISM ကျောင်းသားမိဘ အဖွဲ့ဝင် အမည်မဖော်လိုသူ တစ်ဦးက ''သူတို့က မကျေနပ်ရင် ထွက်ဆိုတဲ့အတိုင်း လုပ်နေတာ။ ပြီးတော့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွှန်တမ်းတွေက တူညီမှုလည်း မရှိတာတွေရယ် ကလေးတစ်ယောက်ရဲ့ ကျောင်းပြောင်းရတဲ့အပေါ် သူတို့နားလည်မှု မရှိပါဘူး'' ဟု ပြောသည်။

ဆရာများ၏ လစာတိုးမြှင့်ပေးရခြင်း၊ ဆရာများနေထိုင်သည့် Apartment ISM အခန်းလစာများ အဆမတန် မြင့်သွားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အာမခံစရိတ်များ ကြီးမြင့်သွားခြင်း၊ ဆရာများ၏ ခံစားခွင့်များ တိုးမြှင့်ပေးရခြင်းတို့ကြောင့် ISM ကျောင်း၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၃၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ရခြင်းဟု သိရှိရကြောင်း ကျောင်းသားမိဘများက ဆိုသည်။

ကျောင်းသားမိဘဖြစ်သူ ဦးသိန်းအောင်က ''အခြေခံစရိတ်တွေကတော့ အားလုံးလိုလို တက်နေတာပါပဲ။ အခုလက်ရှိ တိုးလိုက်တဲ့ ကျောင်းလခ စရိတ်ကတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိပါဘူး၊ တစ်ခြားကျောင်းတွေရဲ့ ပညာသင်မှု အပိုင်းတွေ၊ ကျောင်းသားတွေ အပေါ်ထားတဲ့ Facility အပိုင်းတွေက ဘယ်အချက်မှ သာတာမရှိဘူး။ လျော့နည်းတာတွေပဲရှိတယ်။ နောက်ပြီး ဒီအချိန်မှာ ကလေးကို ကျောင်းပြောင်းမယ်ဆိုရင်လည်း အသားကျနေတဲ့ ပတ်ဝန်းကျင် တစ်ခုကနေ ဆွဲထုတ်ခဲ့တာက ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချိုးနှိမ့်ရာ ရောက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။

International School of Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉ -၂၀၁၀ ပညာသင်နှစ်တွင် ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် အသီးသီး ကျောင်းလခများ တိုးမြှင့်ခဲ့သော်လည်း လာမည့်ပညာသင်နှစ်အတွက် ၃၅ ရာခိုင်နှုန်းခန့် ကောက်ခံမည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် မေလ ၇ ရက်နေ့က ကျောင်းရှေ့၌ ကျောင်းသားမိဘ ၃၀၀ ခန့်စုဝေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

''လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ကျောင်းလခက မူတန်းမှာဆိုရင် ဒေါ်လာနှစ်ထောင် မကျော်ခဲ့ပါဘူး။ အထက်တန်းမှာဆိုရင် ဒေါ်လာခုနစ်ထောင် မကျော်တဲ့နှုန်းပဲ ရှိခဲ့တာပါ။အခုနောက်ဆုံး ကောက်ထားတဲ့ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာဆိုရင် အထက်တန်းကျောင်းသားတစ်ဦးကို ဒေါ်လာတစ်သောင်းကျော် ရှိခဲ့တယ်။ အခုထက်တိုးမယ့်အရာနဲ့ ဆိုရင်တော့ မတွေးရဲစရာ ပမဏတစ်ခုဖြစ်ပါပြီ'' ဟု ဦးဇော်မင်းက ထပ်မံပြောကြားခဲ့သည်။             

ယင်းဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ISM နိုင်ငံခြားကျောင်းသို့ မေ ၁၃ ရက် ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းရာတွင် ''တာဝန်ရှိသူ မရှိသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း'' ISM ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ISM နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre -K3 ၃၆၀၀၊ Pre-K4 ၅၆၀၀၊ KG ၆၁၀၀၊ Grade -1 မှ Grade -5 ထိ ၈၄၀၀၊ Grade -6 မှ Grade -8 ထိ ၉၇၀၀၊ Grade -9 မှ Grade -11 အထိ ၁၀၆၀၀၊ Grade -12 ၁၁၅၀၀ ထိ လက်ရှိ ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် နောက်ဆုံးကောက်ခံထားသော နှုန်းထားဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကောက်ခံကြောင်း သိရသည်။

အဆိုပါကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4 skill အပြင် သင်ရိုးညွှန်းတမ်းအတိုင်း အမေရိကန် course ဖြင့် သင်ကြားပေးနေပြီး အသက်သုံးနှစ် အရွယ်မှစ၍ မူလတန်း (Elementary School)၊ အလယ်တန်း(Middle School)၊အထက်တန်း (High School)Grade 12 အထိ သင်ကြားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ ကောလိပ်များနှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း (Search Associate) မှ ဆရာအများစုမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ISM နိုင်ငံခြားကျောင်းမှာ ယခင်က ကျူရှင်အနေဖြင့် သင်ကြားခဲ့သော်လည်း ၁၉၉၉ နောက်ပိုင်းတွင် International School of Myanmar(ISM) ကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ဦးစီးဖွင့်လှစ်ခဲ့သူများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး အစိုးရပိုင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းသူ၊ ကျောင်းသား ၁၂၀၀ ခန့်ရှိသည့် International School of Myanmar (ISM) နိုင်ငံခြားကျောင်းတွင်လာမည့်ပညာသင်နှစ်၌ ကျောင်း
လခအား ၃၅ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ကောက်ခံခဲ့မှုအား စစ်ဆေးပေးရန် ကျောင်းသားမိဘ ၃၀၀ ခန့်မှ နိုင်
ငံတော် သမ္မတနှင့် လွှတ်တော်ထံ စာပို့တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
မေ ၁၂ ရက် International School of Myanmar (ISM) မိဘ ၃၀၀ ခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့ စာပေးပို့ အရေးယူ ဆောင်ရွက်သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားမိဘများက သမ္မတ၊ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်များ ထံသို့ ပေးပို့သွားမည့် အိတ်
ဖွင့်ပေးစာတွင် International School of Myanmar (ISM) ကျောင်းက ကျောင်းလခများ အဆမတန် တိုးမြှင့်
ကောက်ခံခြင်း ကိစ္စကို စစ်ဆေးပေးပါရန်၊ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော International School များနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း စုံစမ်းပေးပါရန်နှင့် အဆိုပါ နိုင်ငံခြားကျောင်းများနှင့် ပတ်သတ်သော ဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးပါရန်
တို့ ပါရှိသည်။

International School of Myanmar (ISM) ကျောင်းမှကလေးနှစ်ယောက်၏ဖခင်ဖြစ်သူကိုဇော်မင်းက''ကျောင်း

လခကို အဆမတန် တိုးမြှင့်တာကို အဓိကထားပြီး ပြောတာ မဟုတ်ပါဘူး။ တိုးမြှင့်မယ့် ကျောင်းလခနဲ့အညီ ဘယ်လိုဝန်ဆောင်မှုမျိုးမှ ပေးနိုင်မှာ မဟုတ်တာကို သိနေပါတယ်။ ပြီးတော့ကျွန်တော်တို့က ရေပေါ်ဆီမိဘ
တွေ မဟုတ်ဘူး။ လက်ရှိတောင် တစ်နှစ်ကို မူလတန်း ကျောင်းသားတစ်ယောက်ကို သိန်း ၅၀ နဲ့ ၆၀ ၀န်း
ကျင်ကုန်တယ်။ နောက်ပြီး အထက်တန်းကျောင်းသား အတွက်ဆိုရင် သိန်း ၉၀ ကျော်လောက်မှာ ရှိနေတာ။ ထပ်တက်မယ့် ရာခိုင်နှုန်းနဲ့ ဆိုရင်တော့ တော်တော်တွေးပူစရာတွေ ဖြစ်နေပါပြီ'' ဟု ပြောသည်။

ယင်းအပြင် ကျောင်းလခတိုးမြှင့်သည့် အသိပေးစာများအားလည်း ကျောင်းပိတ်ရာသီနှင့် နီးကပ်သည့် အ

ချိန်နှင့်ကိုက်ကာ ကြိုတင်အသိပေးမှုများ မရှိဘဲ လုပ်ဆောင်ခဲ့သည်ကိုလည်း ကျောင်းသားမိဘများမှ ဝေဖန်
ခဲ့သည်။

ISM မူလတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်မာလာက''သင်္ကြန်မတိုင်ခင် နှစ်ရက်အလိုမှာ ကလေး

တွေနဲ့ ကျောင်းလခတိုးမယ်ဆိုတဲ့စာရွက်ကိုထည့်ပေးလိုက်တယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်တာလား ဘာ
ကြောင့်လုပ်တာလည်းဆိုတာအခုထိအတိအကျ မသိသေးပါဘူး။ နောက်ကျောင်းကို ပြောင်းဖို့လည်း အခတ်
အခဲတွေ ဖြစ်နေပါတယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် ကျောင်းသားမိဘများမှတိုးမြှင့်ခဲ့သော ကျောင်းလခအား လျော့ချနိုင်ရေးအတွက် ကျောင်း

တာဝန်ရှိသူများနှင့်ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေသော်လည်းကျောင်းမှလာမည့်ပညာသင်နှစ်အတွက်
 ကျောင်းသားတစ်ဦးလျှင် ၅၀၀၀၀၀ ကျပ်အား မေလ ၁၅ ရက်မတိုင်မီ Deposit တင်သွင်းရမည်ဖြစ်ကြောင်း မသွင်းပါက လာမည့်စာသင်နှစ်တွင် တက်ရောက်ခွင့်ရရန် သေချာစေမည် မဟုတ်ဟု ကျောင်း၏အုပ်ချုပ်
ရေးပိုင်းမှ အကြောင်းကြားထားကြောင်း (ISM) ကျောင်းသားမိဘအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

ISM ကျောင်းသားမိဘ အဖွဲ့ဝင် အမည်မဖော်လိုသူ တစ်ဦးက ''သူတို့က မကျေနပ်ရင် ထွက်ဆိုတဲ့အတိုင်း လုပ်နေတာ။ ပြီးတော့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွှန်တမ်းတွေက တူညီမှုလည်း မရှိတာတွေရယ် ကလေးတစ်ယောက်ရဲ့ ကျောင်းပြောင်းရတဲ့အပေါ် သူတို့နားလည်မှု မရှိပါဘူး'' ဟု ပြောသည်။

ဆရာများ၏ လစာတိုးမြှင့်ပေးရခြင်း၊ ဆရာများနေထိုင်သည့် Apartment ISM အခန်းလစာများ အဆမတန်

 မြင့်သွားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အာမခံစရိတ်များ ကြီးမြင့်သွားခြင်း၊ ဆရာများ၏ ခံစားခွင့်များ
 တိုးမြှင့်ပေးရခြင်းတို့ကြောင့် ISM ကျောင်း၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၃၅ ရာခိုင်နှုန်းခန့် တိုးမြှင့်
ရခြင်းဟု သိရှိရကြောင်း ကျောင်းသားမိဘများက ဆိုသည်။

ကျောင်းသားမိဘဖြစ်သူ ဦးသိန်းအောင်က ''အခြေခံစရိတ်တွေကတော့ အားလုံးလိုလို တက်နေတာပါပဲ။ အခုလက်ရှိ တိုးလိုက်တဲ့ ကျောင်းလခ စရိတ်ကတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိပါဘူး၊ တစ်ခြားကျောင်း

တွေရဲ့ ပညာသင်မှု အပိုင်းတွေ၊ ကျောင်းသားတွေ အပေါ်ထားတဲ့ Facility အပိုင်းတွေက ဘယ်အချက်မှ သာ
တာမရှိဘူး။ လျော့နည်းတာတွေပဲရှိတယ်။ နောက်ပြီးဒီအချိန်မှာကလေးကို ကျောင်းပြောင်းမယ်ဆိုရင်လည်း 
အသားကျနေတဲ့ ပတ်ဝန်းကျင် တစ်ခုကနေ ဆွဲထုတ်ခဲ့တာက ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချိုးနှိမ့်
ရာ ရောက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။

International School of Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉ -၂၀၁၀ ပညာသင်နှစ်တွင်

 ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် အသီးသီး ကျောင်းလခများတိုးမြှင့်ခဲ့သော်လည်းလာမည့်ပညာသင်နှစ်အတွက် ၃၅ ရာခိုင်နှုန်း
ခန့် ကောက်ခံမည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် မေလ ၇ ရက်နေ့က ကျောင်းရှေ့၌ ကျောင်း
သားမိဘ ၃၀၀ ခန့်စုဝေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

''လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ကျောင်းလခက မူတန်းမှာဆိုရင် ဒေါ်လာနှစ်ထောင် မကျော်ခဲ့ပါဘူး။ အထက်

တန်းမှာဆိုရင် ဒေါ်လာခုနစ်ထောင် မကျော်တဲ့နှုန်းပဲ ရှိခဲ့တာပါ။အခုနောက်ဆုံး ကောက်ထားတဲ့ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာဆိုရင် အထက်တန်းကျောင်းသားတစ်ဦးကို ဒေါ်လာတစ်သောင်းကျော် ရှိခဲ့တယ်။ အခု
ထက်တိုးမယ့်အရာနဲ့ ဆိုရင်တော့ မတွေးရဲစရာ ပမဏတစ်ခုဖြစ်ပါပြီ'' ဟု ဦးဇော်မင်းက ထပ်မံပြောကြားခဲ့
သည်။

ယင်းဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ISM နိုင်ငံခြားကျောင်းသို့ မေ ၁၃ ရက် ညနေပိုင်းတွင် ဆက်သွယ်မေးမြန်း

ရာတွင် ''တာဝန်ရှိသူ မရှိသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း'' ISM ၀န်ထမ်းတစ်ဦးက ပြောကြား
ခဲ့သည်။

လက်ရှိ ISM နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre -K3 ၃၆၀၀၊ Pre-K4 ၅၆၀၀၊ KG ၆၁၀၀၊ Grade -1 မှ Grade -5 ထိ ၈၄၀၀၊ Grade -6 မှ Grade -8 ထိ ၉၇၀၀၊ Grade -9 မှ Grade -11အထိ ၁၀၆၀၀၊Grade -12၁၁၅၀၀ထိလက်ရှိ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် နောက်ဆုံးကောက်

ခံထားသော နှုန်းထားဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကောက်ခံကြောင်း သိရသည်။

အဆိုပါကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4 skill အပြင် သင်ရိုးညွှန်းတမ်း

အတိုင်း အမေရိကန် course ဖြင့် သင်ကြားပေးနေပြီး အသက်သုံးနှစ် အရွယ်မှစ၍ မူလတန်း (Elementary School)၊ အလယ်တန်း(Middle School)၊အထက်တန်း (High School)Grade 12 အထိ သင်ကြားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ ကောလိပ်များနှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာ အသိအ
မှတ်ပြု အဖွဲ့အစည်း (Search Associate) မှ ဆရာအများစုမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ISM နိုင်ငံခြားကျောင်းမှာ ယခင်က ကျူရှင်အနေဖြင့် သင်ကြားခဲ့သော်လည်း ၁၉၉၉ နောက်ပိုင်းတွင် International School of Myanmar(ISM) ကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ဦးစီးဖွင့်လှစ်ခဲ့သူများမှာ မြန်

မာနိုင်ငံသားများဖြစ်ပြီးအစိုးရပိုင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရကြောင်း ကျောင်းသားမိဘများထံမှ သိရ
သည်။

Eleven Media ,  Rangonnewsdaily
RND:  :14.5.2013

0 comments:

Post a Comment