Pages

Tuesday, May 14, 2013

မုန်တိုင်းရှောင်သည့် ရိုဟင်ဂျာစက်လှေ တစ်စီး နစ်မြှပ်

မုန်တိုင်းရှောင်သည့် ရိုဟင်ဂျာစက်လှေ တစ်စီး နစ်မြှပ်

RB News
14.5.2013

ရခိုင် ပြည်နယ်ရှိ နိုင်ငံ တကာ အန်ဂျီအို များရဲ့ ပြောကြားချက် အရ ရိုဟင်ဂျာ မွတ်စလင် များကို သယ်ဆောင် လာသည့် စက်လှေ တစ်စီး မှောက်သွား ခဲ့သည်ဟု သိရသည်။ စက်လှေ ပေါ်တွင် ခရီးသည် ၂၀၀ ခန့် ပါရှိပြီး၊ ၎င်းတို့သည် ယခု ရက်သတ္တပတ် အတွင်း တိုက်ခိုက်မည့် မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းကို ရှောင်တိမ်း နိုင်ရန် အတွက် ထွက်ခွာ လာသူ များဖြစ်သည်။ 

အဆိုပါ စက်လှေသည် တနင်္လာနေ့ (မေလ ၁၃ ရက်) နှောင်းပိုင်းတွင် ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ် အနီး နစ်မြှပ် ခဲ့ခြင်း ဖြစ်ပြီး၊ ယခု အချိန်ထိ ပျောက်ဆုံး နေသည့် လူဦးရေ အရေ အတွက်ကို မသိရှိ ရသေးကြောင်း သိရသည်။

ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် များသည် လွန်ခဲ့သည့် နှစ်တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများ ပြီးနောက် ယာယီ ဒုက္ခသည် စခန်း များတွင် နေထိုင် နေရသည်။ ကုလ သမဂ္ဂမှ ဒုက္ခသည် များကို မုန်တိုင်း ဘေးကင်းရာ သို့ပြောင်းရွှေ့ ရန် သတိပေး နှိုးဆော် ခဲ့ပြီး၊ ယခု ဒုက္ခသည် များရှိရာ နေရာသည် ပင်လယ်ပြင် နှင့်နီးကပ်၍ ရေကြီးမှု အန္တာရယ်နှင့် ရင်ဆိုင် ရဖွယ် ရှိသည်။ 

ကုလ သမဂ္ဂ လူသားချင်း စာနာရေး ဌာနမှ အကြီးအကဲ ဖြစ်သူ ဘာဘရာ မန်ဇီမှ စစ်တွေမြို့တွင် ကယ်ဆယ်ရေး အတွက် ပြင်ဆင် ထားပြီ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာန သို့ပြောကြား ခဲ့သည်။ ၎င်းက စက်လှေ ပေါ်တွင် ပါဝင် သူများသည် အစိုးရ၏ အစီအစဉ် ဖြင့်မုန်တိုင်း အန္တာရယ် ကိုရှောင်ရှားရန် ထွက်ခွာ လာသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ စက်လှေ ပေါ်တွင် လူဦးရေ ၁၀၀ မှ ၂၀၀ အတွင်း ပါဝင်နိုင်ပြီး အသက်ရှင် သူများလည်း ရှိကြောင်း ပြောခဲ့သည် ဟု ယနေ့ ဘီဘီစီ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြ ထားသည်။ 

ကိုးကား ။ ။ BBC News

http://bit.ly/169E9vv

ရခိုင် ပြည်နယ်ရှိ နိုင်ငံ တကာ အန်ဂျီအို များရဲ့ ပြောကြားချက်အရ ရိုဟင်ဂျာ မွတ်စလင် များကို သယ်ဆောင်
 လာသည့် စက်လှေ တစ်စီး မှောက်သွား ခဲ့သည်ဟု သိရသည်။ စက်လှေ ပေါ်တွင် ခရီးသည် ၂၀၀ ခန့်ပါရှိပြီး
၊ ၎င်းတို့သည် ယခု ရက်သတ္တပတ် အတွင်း တိုက်ခိုက်မည့် မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းကို ရှောင်တိမ်း
 နိုင်ရန် အတွက် ထွက်ခွာ လာသူ များဖြစ်သည်။
အဆိုပါ စက်လှေသည် တနင်္လာနေ့ (မေလ ၁၃ ရက်) နှောင်းပိုင်းတွင် ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ် အနီး နစ်မြှပ် ခဲ့ခြင်း ဖြစ်ပြီး၊ ယခု အချိန်ထိ ပျောက်ဆုံး နေသည့် လူဦးရေ အရေ အတွက်ကို မသိရှိ ရသေး
ကြောင်း သိရသည်။

ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် များသည် လွန်ခဲ့သည့် နှစ်တွင် ဖြစ်ပွား ခဲ့သော အကြမ်း

ဖက် မှုများ ပြီးနောက် ယာယီ ဒုက္ခသည် စခန်း များတွင် နေထိုင် နေရသည်။ ကုလ သမဂ္ဂမှ ဒုက္ခသည် များ
ကို မုန်တိုင်း ဘေးကင်းရာ သို့ပြောင်းရွှေ့ ရန် သတိပေး နှိုးဆော် ခဲ့ပြီး၊ ယခု ဒုက္ခသည် များရှိရာ နေရာသည် ပင်လယ်ပြင် နှင့်နီးကပ်၍ ရေကြီးမှု အန္တာရယ်နှင့် ရင်ဆိုင် ရဖွယ် ရှိသည်။

ကုလ သမဂ္ဂ လူသားချင်း စာနာရေး ဌာနမှ အကြီးအကဲ ဖြစ်သူ ဘာဘရာ မန်ဇီမှ စစ်တွေမြို့တွင်ကယ်ဆယ်

ရေး အတွက် ပြင်ဆင် ထားပြီ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာန သို့ပြောကြား ခဲ့သည်။ ၎င်းက စက်လှေ ပေါ်
တွင် ပါဝင် သူများသည် အစိုးရ၏ အစီအစဉ် ဖြင့်မုန်တိုင်း အန္တာရယ် ကိုရှောင်ရှားရန် ထွက်ခွာ လာသူများ
 ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

စက်လှေ ပေါ်တွင် လူဦးရေ ၁၀၀ မှ ၂၀၀ အတွင်း ပါဝင်နိုင်ပြီး အသက်ရှင် သူများလည်း ရှိကြောင်း ပြောခဲ့
သည် ဟု ယနေ့ ဘီဘီစီ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြ ထားသည်။

BBC News , Rangonnewsdaily
RND:  :13.5.2013

0 comments:

Post a Comment