Pages

Monday, May 6, 2013

Huawei Branded Show Room ပေါင်း ၆၀ ဖွင့်လှစ်သွားမည်

Huawei Branded Show Room ပေါင်း ၆၀ ဖွင့်လှစ်သွားမည် 

မေလ ၆ ရက် ၂၀၁၃ 

 Huawei Show Room ပေါင်း ၆၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Huawei ကုမ္ပဏီ၏ SEA Regional Director မစ္စတာသောမတ်စ်က ပြောသည်။

၎င်းက “ မြန်မာနိုင်ငံမှာ Huawei Show Room လာဖွင့်တာဟာ Huawei ၀ယ်ယူအားပေးတဲ့သူတွေ အတွက် Service ပိုင်း၊ ပစ္စည်းအရည်အသွေးပိုင်းတွေကအစ ၀န်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။	

Service Counter ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီး Service ပေးသည့်အခါတွင် ကုမ္ပဏီက တင်သွင်းသော ပစ္စည်းများလည်း ရှိကာ အခြားနည်းလမ်းများဖြင့် ၀င်လာသော Huawei ဖုန်းများလည်း ရှိနေကြောင်း၊ သို့ရာတွင် Huawei အမှတ်တံဆိပ် ပစ္စည်းများပင်ဖြစ်သည့်အတွက်  အားလုံး အဆင်ပြေမယ့် နည်းလမ်း ကို စီစဉ်သွားမည်ဟု Huawei ၏ Public Relation ကိုကျော်ဦး က ပြောသည်။	

မြန်မာပြည်သူတွေကြိုက်နှစ်သက်တဲ့ မြန်မာစာသုံးဖုန်းတွေ ထုတ်လုပ်နိုင်အောင် စမ်းသပ်နေပြီး ယခုလက်ရှိ တွင် ဆိုင်ခွဲ ၂၀ ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း Huaweiမှ သတင်းရရှိသည်။	

Huawei Show Room ဖွင့်ပွဲတွင် လာရောက် ၀ယ်ယူသူ မပြည့်ဖြိုးက “Huawei D2 ကို ၀ယ်ယူအားပေးထား တယ်။ ကံစမ်းမဲဖောက်ပေးမှာကို စောင့်နေတယ်။ အခုလို Huawei Brand ထုတ်တဲ့ ကုမ္ပဏီက ၀ယ်ယူရတဲ့ အတွက် ပိုပြီး စိတ်ချ ယုံကြည်ရတာပေါ့ ” ဟု ဆိုသည်။	

Huawei သည် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၁၄၀ တွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားသည်။

အဆိုပါ ဆိုင်ဖွင့်ပွဲတွင် Huawei ၏ နောက်ဆုံးထွက် Model ဖြစ်သည့် Huawei D2 နှင့် Huawei Mate တို့ကို အကန့်အသတ်ဖြင့် ရောင်းချ ပေးခဲ့ပြီး Huawei Media Pad၊  Huawei Y 300 နှင့် အခြား ဆုမဲများကို လက်ငင်း မဲဖောက်ပေးခဲ့သည်။

ရွှေပြည်အေးကွန်ဒိုရှိ Huawei Show Room  တွင် မေလ ၅ ရက်မှ ၁၂ ရက်ထိ ၀ယ်ယူ အားပေး သူများကို အထူးလက်ဆောင်များ ပေးသွားမည် ဖြစ်သည်။

Mizzima

မေလ ၆ ရက် ၂၀၁၃
Huawei Show Room ပေါင်း ၆၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Huawei ကုမ္ပဏီ၏ SEA Regional Director မစ္စတာသောမတ်စ်က ပြောသည်။ ၎င်းက “ မြန်မာနိုင်ငံမှာ Huawei Show Room လာဖွင့်တာဟာ Huawei ၀ယ်ယူအားပေးတဲ့သူတွေ အတွက် Service ပိုင်း၊ ပစ္စည်းအရည်အသွေးပိုင်းတွေကအစ ၀န်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။

Service Counter ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီး Service ပေးသည့်အခါတွင် ကုမ္ပဏီက တင်သွင်းသော ပစ္စည်းများလည်း ရှိကာ အခြားနည်းလမ်းများဖြင့် ၀င်လာသော Huawei ဖုန်းများလည်း ရှိနေကြောင်း၊ သို့ရာ
တွင် Huawei အမှတ်တံဆိပ် ပစ္စည်းများပင်ဖြစ်သည့်အတွက် အားလုံး အဆင်ပြေမယ့် နည်းလမ်း ကို စီစဉ်
သွားမည်ဟု Huawei ၏ Public Relation ကိုကျော်ဦး က ပြောသည်။

မြန်မာပြည်သူတွေကြိုက်နှစ်သက်တဲ့ မြန်မာစာသုံးဖုန်းတွေ ထုတ်လုပ်နိုင်အောင် စမ်းသပ်နေပြီး ယခုလက်ရှိ တွင် ဆိုင်ခွဲ ၂၀ ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း Huaweiမှ သတင်းရရှိသည်။

Huawei Show Room ဖွင့်ပွဲတွင် လာရောက် ၀ယ်ယူသူ မပြည့်ဖြိုးက “Huawei D2 ကို ၀ယ်ယူအားပေးထား တယ်။ ကံစမ်းမဲဖောက်ပေးမှာကို စောင့်နေတယ်။ အခုလို Huawei Brand ထုတ်တဲ့ ကုမ္ပဏီက ၀ယ်ယူရတဲ့ အတွက် ပိုပြီး စိတ်ချ ယုံကြည်ရတာပေါ့ ” ဟု ဆိုသည်။

Huawei သည် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၁၄၀ တွင် ကုမ္ပဏီခွဲ
များ ဖွင့်လှစ်ထားသည်။

အဆိုပါ ဆိုင်ဖွင့်ပွဲတွင် Huawei ၏ နောက်ဆုံးထွက် Model ဖြစ်သည့် Huawei D2 နှင့် Huawei Mate တို့ကို အကန့်အသတ်ဖြင့် ရောင်းချ ပေးခဲ့ပြီး Huawei Media Pad၊ Huawei Y 300 နှင့် အခြား ဆုမဲများကို လက်ငင်း မဲဖောက်ပေးခဲ့သည်။

ရွှေပြည်အေးကွန်ဒိုရှိ Huawei Show Room တွင် မေလ ၅ ရက်မှ ၁၂ ရက်ထိ ၀ယ်ယူ အားပေး သူများကို အ
ထူးလက်ဆောင်များ ပေးသွားမည် ဖြစ်သည်။

Mizzima News , Rangonnewsdaily
RND:  :6.5.2013

0 comments:

Post a Comment