Pages

Monday, May 6, 2013

လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံရေးပါတီများနှင့် တတိယအကြိမ် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ပြောကြား

လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံရေးပါတီများနှင့် တတိယအကြိမ် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ပြောကြား
======================================
Monday.May 06,2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စသည့် ပါတီများ ပါဝင်ခဲ့ကာ အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မပါဝင်ခဲ့ပေ။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေး ဖြစ်စဉ်များဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ပါတီအနေနဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် မသုံးဘဲ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာတွေကိုပါ ခွဲဝေပေးဖို့၊ ဒါမှသာ ဘာသာရေး ခွဲခြားမှု မရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြနိုင်မယ် ဆိုတာရယ်၊ အိန္ဒိယနိုင်ငံက ဖလမ်းနဲ့ကပ်နေတဲ့ ပြည်နယ်က ချင်းရွာတစ်ရွာ မီးရှို့ခံရတဲ့ကိစ္စကို ပြည်ထောင်စု အစိုးရအနေနဲ့ တာဝန်ယူပေးဖို့ တိုက်တွန်းတာရယ် ပြောဖြစ်ခဲ့တယ်'' ဟု ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ၎င်းအနေဖြင့် လယ်ယာမြေ မှတ်ပုံတင်ခွင့် ကာလကို အချိန်တိုးပေးရန်နှင့် စိုက်ပျိုးစရိတ် ချေးငွေများ လယ်သမားများလက်ထဲသို့ အမှန်တကယ် ရောက်ရှိစေရန်၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် အာဏာခွဲဝေပေးမှုတွင် တိုင်းနှင့်ပြည်နယ်များ၌ အောက်ခြေဘောင်အတွင်း လုပ်သင့်လုပ်ထိုက်သည်များကို ဖြေလျော့ပေးရန် တင်ပြခဲ့ပြီး သမ္မတက ငြိမ်းချမ်းရေးပန်းတိုင် ရောက်ရှိရန်အတွက် ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ တပ်မတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ပြောသည်။

''သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ပါတီရဲ့ ရည်မှန်းချက်နဲ့ တူတာရယ်၊ သမ္မတကြီးအနေနဲ့ ဘယ်လိုပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေ ချမှတ်နေပေမယ့် အောက်ခြေမှာ ဘာမှ မထူးခြားဘူးလို့။ ပြဿနာတွေ အများကြီး ရှိတယ်လို့ တင်ပြတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ထောက်ခံတယ်။ အဲဒါကို သမ္မတကြီးက အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောတယ်။ လိုအပ်ချက်တွေကို တင်ပြလို့ ၀မ်းသာတယ်လို့ ပြောတယ်'' ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ၎င်းအနေဖြင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခြင်းနှင့် ဘူးသီးတောင်၊ မောင်တော၌ စည်ပင်သာယာ လိုင်စင်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် ယင်းပြဿနာမှတစ်ဆင့် ဆူပူမှုများ ပြန်ဖြစ်လာနိုင်သည် ဆိုသည်ကို တင်ပြခဲ့ကြောင်း ပြောသည်။

Credit & Copy From ✍ Eleven Media Group✍ Thanks
May 6,2013, အင်းလေးမီဒီယာ

Monday.May 06,2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ၁၈ပါတီတို့သည် မေ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး

 ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင်တိုင်းရင်းသား
များ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ
(မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း
ရေးပါတီ စသည့် ပါတီများ ပါဝင်ခဲ့ကာ အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မပါဝင်ခဲ့ပေ။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါ

ဝင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေး ဖြစ်စဉ်များဖြင့် တည်ဆောက်ထား
သည့် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာ
တွင် အစိုးရတစ်ဖွဲ့တည်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လိုလားသည့် တိုင်းရင်းသား လက်
နက်ကိုင် အဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရ
သည်။

''ကျွန်တော်တို့ ပါတီအနေနဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် မ

သုံးဘဲ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာတွေကိုပါ ခွဲဝေပေးဖို့၊ ဒါမှသာ ဘာသာရေး ခွဲခြားမှု မရှိတဲ့ နိုင်ငံတစ်
နိုင်ငံ ဖြစ်ကြောင်း ပြနိုင်မယ် ဆိုတာရယ်၊ အိန္ဒိယနိုင်ငံက ဖလမ်းနဲ့ကပ်နေတဲ့ ပြည်နယ်က ချင်းရွာတစ်ရွာ မီး
ရှို့ခံရတဲ့ကိစ္စကို ပြည်ထောင်စု အစိုးရအနေနဲ့ တာဝန်ယူပေးဖို့ တိုက်တွန်းတာရယ် ပြောဖြစ်ခဲ့တယ်'' ဟု ချင်း
အမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ၎င်းအနေဖြင့် လယ်ယာမြေ မှတ်ပုံ

တင်ခွင့်ကာလကိုအချိန်တိုးပေးရန်နှင့် စိုက်ပျိုးစရိတ် ချေးငွေများလယ်သမားများလက်ထဲသို့ အမှန်တကယ်
 ရောက်ရှိစေရန်၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် အာဏာခွဲဝေပေးမှုတွင် တိုင်းနှင့်ပြည်နယ်များ၌ အောက်ခြေ
ဘောင်အတွင်းလုပ်သင့်လုပ်ထိုက်သည်များကို ဖြေလျော့ပေးရန်တင်ပြခဲ့ပြီး သမ္မတက ငြိမ်းချမ်းရေးပန်းတိုင်
 ရောက်ရှိရန်အတွက် ပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တပ်မတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်း
များ ပါဝင်ရန် လိုအပ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ပြောသည်။

''သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ပါတီရဲ့ ရည်မှန်းချက်နဲ့ တူ

တာရယ်၊ သမ္မတကြီးအနေနဲ့ ဘယ်လိုပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေ ချမှတ်နေပေမယ့် အောက်ခြေမှာ ဘာ
မှ မထူးခြားဘူးလို့။ ပြဿနာတွေ အများကြီး ရှိတယ်လို့ တင်ပြတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး
သိန်းညွန့်ကလည်း ထောက်ခံတယ်။ အဲဒါကို သမ္မတကြီးက အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့အတွက် အုပ်ချုပ်ရေး
ပိုင်းကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောတယ်။ လိုအပ်ချက်တွေကို တင်ပြလို့ ၀မ်းသာတယ်
လို့ ပြောတယ်'' ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ၎င်းအနေဖြင့် ရခိုင်ပြည် လွတ်

မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခြင်းနှင့် ဘူးသီးတောင်၊ မောင်တော၌ စည်
ပင်သာယာ လိုင်စင်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် ယင်းပြဿနာမှတစ်ဆင့် ဆူပူမှု
များ ပြန်ဖြစ်လာနိုင်သည် ဆိုသည်ကို တင်ပြခဲ့ကြောင်း ပြောသည်။

Eleven Media Group , Rangonnewsdaily
RND:  :6.5.2013

0 comments:

Post a Comment