Pages
Monday, May 6, 2013
မွေးနေ့ရှင်ကိုယ်တိုင်မတက်ရောက် နိုင်ပေမယ့် စည်စည်ကားကားကျင်းပနိုင်ခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့ ၉၄ နှစ်မြောက်မွေးနေ့ပွဲ
မွေးနေ့ရှင်ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့် စည်စည်ကားကားကျင်းပနိုင်ခဲ့တဲ့ 
ဆရာဒဂုန်တာရာရဲ့ ၉၄ နှစ်မြောက်မွေးနေ့ပွဲ
မန္တလေး၊ မေ - ၅
ငြိမ်းချမ်းရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၄) နှစ်မြောက် မွေးနေ့အခမ်းအနား ကို ဒီကနေ့မနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ အစဉ်အလာမပျက် ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
	ဆရာ့ရဲ့ (၉၄) နှစ်မြောက်မွေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရဲ့ မြို့ဟောင်းရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဆရာဒဂုန်တာရာကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ မွေးနေ့ပွဲအခမ်းအနားကျင်းပရာကို ကိုယ်တိုင်မလာရောက်နိုင်ခဲ့ပါဘူး။ နွေရာသီကာလမှာ ရန်ကုန်ကနေ ဆရာ အမြဲလာရောက် အနားယူနေထိုင်လေ့ရှိတဲ့ အောင်ပန်းမြို့၊ မြို့မဈေးနားက ဆရာ့တူမ ဒေါ်သင်းမြစန္ဒီရဲ့နေအိမ် မှာပဲ ရှိနေခဲ့ပါတယ်။
	မနက် ၉ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ဒီမွေးနေ့ပွဲကို နှစ်စဉ်အတိုင်း မုံရွာမြို့က ကဗျာဆရာကြီး ဦးအံ့မောင်ကပဲ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ဆရာ့ရဲ့ တပည့်တွေ၊ ဆွေမျိုးသားချင်းတွေ ကမကထပြု စီစဉ်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ မဟာဂန္ဓာရုံကျောင်းထိုင်ဆရာတော်က သြ၀ါဒချီးမြှင့်ပေးခဲ့ သလို ဆရာ့မွေးနေ့ပွဲဆို ပေးပို့လာလေ့ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့သ၀ဏ်လွှာတွေကို ဖတ်ကြားခဲ့ ပါတယ်။ 
	ကဗျာဆရာ မောင်နွေထက်၊ အေမွန်၊ ငြိမ်းသစ်၊ ငြိမ်းဝေ အပါအ၀င် ကဗျာဆရာတွေကလည်း မွေးနေ့ပွဲ မှာ ကဗျာတွေရွတ်ဆိုရင်း ဆရာ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်က ဆရာ့ကိုပေးပို့ခဲ့ကြတဲ့ မွေးနေ့လက်ဆောင်တွေကိုတော့ ဆရာ့ကိုယ်စား မဒေ၀ီက လက်ခံယူခဲ့ တယ်လို့ ဆိုပါတယ်။ 
	ဒီပွဲမှာ ကိုခါး(ကွန်းခြံကုန်း)က သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဆရာဒဂုန်တာရာနဲ့ပတ်သက်တဲ့ Documentary လေးတစ်ခု ပြသခဲ့တာဟာဆိုရင် ဆရာ့မွေးနေ့ပွဲသက်တမ်းတစ်လျှောက် ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆရာငယ်စဉ်ဘ၀ကစပြီး အခုထိ သမိုင်းဖြတ်သန်းမှုတွေအပြင် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ရန်ကုန်မှာ ဆရာအနားယူနေထိုင်တဲ့ပုံရိပ်တွေကိုလည်း အဲဒီ Documentary မှာ ခြယ်မှုန်းထားပါတယ်။ 
	“ဆရာက အသံတွေ ဆူဆူပူပူဖြစ်တာ၊ ရာသီဥတုအပြောင်းအလဲဖြစ်တာတွေကို သိပ်မခံနိုင်တော့ဘူး၊ ဆရာ့ကျန်းမာရေးကို အောင်ပန်းက ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်က အနီးကပ်စောင့်ရှောက်ပေးနေ တယ်၊ စကားလည်း သိပ်မပြောတော့ဘူး၊ အစာဆိုလည်း နည်းနည်းပျော့တဲ့အစာတွေပဲ စားတာတွေ့ရတယ်၊ ကျန်းမာရေးက သိပ်အစိုးရိမ်ကြီးတော့မဟုတ်ပါဘူး”လို့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ ကိုဘိုဘိုဟန်(အောင်ပန်း) က ပြောပါတယ်။ သင်္ကြန်တွင်းကာလက ဆရာ့ရဲ့ သွေးပေါင်ချိန်တွေ ကျဆင်းခဲ့ပေမယ့်  အခုတော့ သွေးပေါင် ချိန် ပြန်တက်လာတယ်လို့ ဆိုပါတယ်။ 
	“ကျွန်တော် ဆရာ့မွေးနေ့ပွဲကို တစ်ခါမှ မတက်ရောက်ဖူးဘူး၊ ကျွန်တော်ထောင်ထဲရှိနေတဲ့အချိန် ကတည်းက ရောက်ဖူးချင်နေတာ၊ ကျွန်တော်ထောင်ကလွတ်တဲ့နေ့နဲ့ ဆရာအောင်ပန်းမှာရှိနေမယ့်အချိန် တိုက်ဆိုင်ခဲ့ရင် တောင်ကြီးထောင်ကအပြန်မှာ ဆရာ့ဆီဝင်ပြီး ပိတောက်ပန်းဝင်ပေးချင်ခဲ့တယ်၊ အခု ဆရာ့ကို ဂါရ၀ပြုရလို့ ကြည့်နူးမိတယ်၊ ဆရာက ဗကသမှာလည်းပါ၊ အိုးဝေမဂ္ဂဇင်းရဲ့အယ်ဒီတာလည်းဖြစ်တော့ ဆရာ့စာပေအယူအဆတွေဟာ လက်ရှိမျိုးဆက်တွေအပေါ်လွှမ်းမိုးမှုရှိတယ်၊ ကျွန်တော်ဆို ရုပ်ပုံလွှာကို ဖတ်ပြီး တော့ ဗကသအဖွဲ့ဝင်ဖြစ်လာတာလို့ ပြောရင်ရတယ်၊ တစ်လျှောက်လုံး ပြည်သူ့ဘက်က ရပ်တည်လာတဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုစံနမူနာယူဖို့လိုတယ်”လို့ လက်ရှိ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက မြန်မာဓိကကို ပြောပါတယ်။
	ဆရာ့ရဲ့မွေးနေ့ပွဲကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး စတဲ့ နိုင်ငံအနှံ့အပြားက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဆရာ့ကို ကြည်ညိုလေးစားသူတွေ၊ နိုင်ငံရေးပါတီဝင်တွေ စုစုပေါင်း ပရိသတ် နှစ်ရာကျော်လောက် စည်စည်ကားကား တက်ရောက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
                                                                                                         အောင်မှိုင်းဆန်း
မန္တလေး၊ မေ - ၅
ငြိမ်းချမ်းရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၄) နှစ်မြောက် မွေးနေ့အခမ်းအနား ကို ဒီကနေ့မနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ အစဉ်အလာမပျက် ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။ဆရာ့ရဲ့ (၉၄) နှစ်မြောက်မွေးနေ့အခမ်းအနားကိုရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရဲ့ မြို့ဟောင်းရပ်ကွက်၊ မဟာ
ဂန္ဓာရုံကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဆရာဒဂုန်တာရာကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ
မွေးနေ့ပွဲအခမ်းအနားကျင်းပရာကို ကိုယ်တိုင်မလာရောက်နိုင်ခဲ့ပါဘူး။ နွေရာသီကာလမှာ ရန်ကုန်ကနေ ဆ
ရာ အမြဲလာရောက် အနားယူနေထိုင်လေ့ရှိတဲ့ အောင်ပန်းမြို့၊ မြို့မဈေးနားက ဆရာ့တူမ ဒေါ်သင်းမြစန္ဒီရဲ့
နေအိမ် မှာပဲ ရှိနေခဲ့ပါတယ်။
မနက် ၉ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ဒီမွေးနေ့ပွဲကို နှစ်စဉ်အတိုင်း မုံရွာမြို့က ကဗျာဆရာကြီး ဦးအံ့မောင်ကပဲ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ဆရာ့ရဲ့ တပည့်တွေ၊ ဆွေမျိုးသားချင်းတွေ ကမကထပြု စီစဉ်ကျင်းပခဲ့
တယ်လို့ ဆိုပါတယ်။အခမ်းအနားမှာ မဟာဂန္ဓာရုံကျောင်းထိုင်ဆရာတော်က သြ၀ါဒချီးမြှင့်ပေးခဲ့သလို ဆရာ့
မွေးနေ့ပွဲဆို ပေးပို့လာလေ့ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့သ၀ဏ်လွှာတွေကို ဖတ်ကြားခဲ့ ပါတယ်။ 
ဝါးခယ်မ သခင်သိန်းမောင်ပေးပို့တဲ့သ၀ဏ်လွှာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ သ၀ဏ်လွှာ၊ ဗမာနိုင်ငံ
လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသား
 ဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်းငြိမ်းချမ်းရေးကွန်(ရန်ကုန်)(မန္တ
လေး)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အ
စည်းတွေက သဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။
ကဗျာဆရာ မောင်နွေထက်၊ အေမွန်၊ ငြိမ်းသစ်၊ ငြိမ်းဝေ အပါအ၀င် ကဗျာဆရာတွေကလည်း မွေးနေ့ပွဲ မှာ ကဗျာတွေရွတ်ဆိုရင်းဆရာ့ကိုဂုဏ်ပြုခဲ့ကြပါတယ်။ ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်က ဆရာ့ကိုပေး
ပို့ခဲ့ကြတဲ့ မွေးနေ့လက်ဆောင်တွေကိုတော့ ဆရာ့ကိုယ်စား မဒေ၀ီက လက်ခံယူခဲ့ တယ်လို့ ဆိုပါတယ်။ 
ဒီပွဲမှာ ကိုခါး(ကွန်းခြံကုန်း)က သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဆရာဒဂုန်တာရာနဲ့ပတ်သက်တဲ့ Documentary
လေးတစ်ခု ပြသခဲ့တာဟာဆိုရင် ဆရာ့မွေးနေ့ပွဲသက်တမ်းတစ်လျှောက် ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆရာငယ်စဉ်ဘ၀ကစပြီး အခုထိ သမိုင်းဖြတ်သန်းမှုတွေအပြင်လွန်ခဲ့တဲ့၃ နှစ်ကတည်းက ရန်ကုန်မှာ ဆရာ
အနားယူနေထိုင်တဲ့ပုံရိပ်တွေကိုလည်း အဲဒီ Documentary မှာ ခြယ်မှုန်းထားပါတယ်။ “ဆရာက အသံတွေ ဆူ
ဆူပူပူဖြစ်တာ၊ ရာသီဥတုအပြောင်းအလဲဖြစ်တာတွေကို သိပ်မခံနိုင်တော့ဘူး၊
ဆရာ့ကျန်းမာရေးကို အောင်ပန်းက ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်က အနီးကပ်စောင့်ရှောက်ပေးနေ တယ်၊ စကားလည်း သိပ်မပြောတော့ဘူး၊ အစာဆိုလည်း နည်းနည်းပျော့တဲ့အစာတွေပဲ စားတာတွေ့ရ
တယ်၊ကျန်းမာရေးကသိပ်အစိုးရိမ်ကြီးတော့မဟုတ်ပါဘူး”လို့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ကိုဘိုဘိုဟန်(အောင်
ပန်း)က ပြောပါတယ်။သင်္ကြန်တွင်းကာလကဆရာ့ရဲ့ သွေးပေါင်ချိန်တွေကျဆင်းခဲ့ပေမယ့် အခုတော့ သွေး
ပေါင် ချိန် ပြန်တက်လာတယ်လို့ ဆိုပါတယ်။ 
“ကျွန်တော် ဆရာ့မွေးနေ့ပွဲကို တစ်ခါမှ မတက်ရောက်ဖူးဘူး၊ ကျွန်တော်ထောင်ထဲရှိနေတဲ့အချိန် ကတည်း
က ရောက်ဖူးချင်နေတာ၊ ကျွန်တော်ထောင်ကလွတ်တဲ့နေ့နဲ့ ဆရာအောင်ပန်းမှာရှိနေမယ့်အချိန် တိုက်ဆိုင်
ခဲ့ရင် တောင်ကြီးထောင်ကအပြန်မှာ ဆရာ့ဆီဝင်ပြီး ပိတောက်ပန်းဝင်ပေးချင်ခဲ့တယ်၊ အခု ဆရာ့ကို ဂါရ၀ပြု
ရလို့ ကြည့်နူးမိတယ်၊ ဆရာက ဗကသမှာလည်းပါ၊ အိုးဝေမဂ္ဂဇင်းရဲ့အယ်ဒီတာလည်းဖြစ်တော့ ဆရာ့စာပေ
အယူအဆတွေဟာ လက်ရှိမျိုးဆက်တွေအပေါ်လွှမ်းမိုးမှုရှိတယ်၊ ကျွန်တော်ဆို ရုပ်ပုံလွှာကို ဖတ်ပြီး တော့ ဗကသအဖွဲ့ဝင်ဖြစ်လာတာလို့ ပြောရင်ရတယ်၊ 
တစ်လျှောက်လုံး ပြည်သူ့ဘက်က ရပ်တည်လာတဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုစံနမူနာယူဖို့လိုတယ်”လို့ လက်ရှိ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက မြန်မာဓိကကို ပြောပါတယ်။
ဆရာ့ရဲ့မွေးနေ့ပွဲကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး စတဲ့ နိုင်ငံအနှံ့အပြားက စာရေးဆရာတွေ၊ ကဗျာ
ဆရာတွေ၊ဆရာ့ကို ကြည်ညိုလေးစားသူတွေ၊နိုင်ငံရေးပါတီဝင်တွေစုစုပေါင်းပရိသတ် နှစ်ရာကျော်လောက်
စည်စည်ကားကား တက်ရောက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောင်မှိုင်းဆန်း
မြန်မာအဓီက , Rangonnewsdaily
RND:  :6.5.2013 
0 comments:
Post a Comment