Pages

Monday, May 6, 2013

လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး

မြန်မာနိုင်ငံတဝှန်း ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွားခဲ့သဖြင့် ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှတဆင့် သိရသည်။ ထို ကာလအတွင်း မီးလောင်မှုများမှာ မီးဖိုမီး ၂၅၅ ကြိမ်၊ ပေါ့ဆမီး ၃၀၀ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၁၂၇ ကြိမ်၊ မသမာသူရှို့မီး ၁၁၉ ကြိမ်၊ တောမီး ၁၀၅ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် ဖြစ်ပွားခဲ့၍ အိမ်ခြေ
အဆောက်အဦ ၃,၇၇၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၃၈ လုံး၊ သေဆုံးသူ လူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၆၆ ဦး၊ မီးဘေးဒုက္ခသည် ၁၂,၁၄၂ ဦးနှင့် တိရိစ္ဆာန် ဆုံးရှုံးမှု ၂,၅၀၂ ကောင် ရှိခဲ့သည်။

လေးလ အတွင်း မီးလောင်မှု ကြိမ်ရေ အများဆုံး ဖြစ်ခဲ့သည့် မန္တလေးတိုင်းတွင် ၁၃၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁,၀၃၆ ဒဿမ ၇၅ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ဒုတိယမြောက် ကြိမ်ရေ အများဆုံးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ရန်ကုန်တိုင်းတွင် ၁၀၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁၉၇ ဒဿမ ၀၄ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ကြိမ်ရေ အနည်းဆုံး ဖြစ်ခဲ့သည့် ကယားပြည်နယ်တွင် ၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂ ဒဿမ ၇၈ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

နေပြည်တော်တွင် ၉၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂၄ ဒဿမ ၃၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ကျန် ပြည်နယ်နှင့်တိုင်းများအလိုက် လေးလတာအတွင်း မီးလောင်ကျွမ်းမှု ကြိမ်ရေနှင့် ဆုံးရှုံးရမှု တန်ဖိုးမှာ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၃၅ ဒဿမ ၆၄ သန်းဖိုး၊ ကရင်ပြည်နယ်တွင် ၁၆ ကြိမ် ကျပ် ၁၈ ဒဿမ ၁၃ သန်းဖိုး၊ ချင်းပြည်နယ်တွင် ၁၂ ကြိမ် ကျပ် ၁၅၇ ဒဿမ ၉၇ သန်းဖိုး၊ စစ်ကိုင်းတိုင်းတွင် ၉၂ ကြိမ် ကျပ် ၂၅၀ ဒဿမ ၈၈ သန်းဖိုး၊တနင်္သာရီတိုင်းတွင်၂၉ ကြိမ် ကျပ် ၆၂ ဒဿမ ၂၇ သန်းဖိုး၊ ပဲခူးတိုင်းတွင် ၈၃ ကြိမ်
ကျပ် ၁၉၂ ဒဿမ ၆၂ သန်းဖိုး၊ မကွေးတိုင်းတွင် ၈၆ ကြိမ် ကျပ် ၂၇ ဒဿမ ၉၃ သန်းဖိုး၊ မွန်ပြည်နယ်တွင် ၃၆ ကြိမ်ကျပ် ၆၇၂ ဒဿမ ၄၈သန်းဖိုး၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ် ကျပ် ၃၄ ဒဿမ ၅၃ သန်းဖိုး၊ ရှမ်းပြည်
နယ်တွင် ၇၈ ကြိမ် ကျပ် ၆၂ ဒဿမ ၈၃ သန်းဖိုးနှင့် ဧရာဝတီတိုင်းတွင် ၆၃ ကြိမ် ကျပ် ၂၄ ဒဿမ ၄၇ သန်း
ဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

မဇ္ဈိမ , Rangonnewsdaily
RND:  :6.5.2013

0 comments:

Post a Comment