Pages

Wednesday, May 22, 2013

မိုးရွာသွန်းပြီး မိနစ်ပိုင်းအတွင်းရေကြီးရေလျှံမှုများဖြစ်ပွားနေတဲ့ မြို့ရန်ကုန်


ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံ
မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ လူဦးရေးထူထပ်လာခြင်းနှင့် အထပ်မြင့်တိုက်များဆောက်လုပ်ပြီးစီးနေ
သော်လည်း ရန်ကုန်မြို့ မိလ္လာရေသွင်းရေထုပ်စနစ်များမှာ ပြုပြင်ခြင်းမရှိသဖြင့် အမှိုက်သရိုက်များနှင့်ဆိုး
ရွားစွားပိတ်ဆိုးမှုများဖြစ်နေခြင်းလဲဖြစ်သည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနှင့် အခါအားလျှော်စွာ သန့်၇ှင်းရေးများပြုလုပ်ပေးနေသော်
လည်း နောက်ဖေးလမ်းကြားများတွင်အမှိုက်စွန့်ပစ်ခြင်းနှင့် လမ်းသွားလမ်းလာများ၏ စည်းကမ်းမဲ့စွာ အ
မှိုက်စွန့်ပစ်မှုများလည်းရှိနေဆဲဖြစ်သည်။

ရန်ကုန်မြို့နေပြည်သူတစ်ဦးရဲ့ပြောပြချက်အရ ' ကျွန်တော်တို့မြို့နယ်မှာ စည်ပင်ကအမှိုက်တွေသိမ်းဆည်း
မှုများ ရေစီးရေလာကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ဒါပေမယ့် မြောင်းတွေအတွင်းမှာ တစ်ရက်
နှစ်ရက်အတွင်း အမှိုက်တွေပြန်ပြည့်သွားတော့ ယခင်ကလိုပဲ မိုးရွာရင် ရေလျှံနေတုန်းပဲ အန္တရယ်တော်
တော်ကြီးပါတယ်။ တချို့မြောင်းတွေဆို အဖုံးကလဲမရှိတော့ မိုးရွာတိုင်း လူတွေကျွံကြနေတာပြီးအသက်
အန္တရယ်ခြိမ်းခြောက်မှုကိုဖြစ်စေပါတယ် " လို့မြို့ခံတစ်ဦးက ပြောပြသွားပါတယ်။

ကိုလတ်(ပန်ဘဲတန်း)
Rangonnewsdaily
RND:  :22.5.2013


0 comments:

Post a Comment