Pages

Wednesday, May 22, 2013

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ ကုလအထူးကိုယ်စားလှယ် နမ်ဘီးယား တက်မည်

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ ကုလအထူးကိုယ်စားလှယ် နမ်ဘီးယား တက်မည်

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေး
နွေးပွဲသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေး မစ္စတာ နမ်ဘီးယားတက်ရောက် မည်
ဖြစ်ကြောင်း သတင်းရရှိသည်။
“ ပထမ မေ ၂၂ရက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ထားပေမယ့်သူ(နမ်ဘီးယား) မအားလို့ ဆိုတာနဲ့ သူအားတဲ့ ၂၈ ရက်ကိုပြောင်းလုပ်ရတာ”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာကပြောသည်။

ကုလသမဂ္ဂအနေနှင့် ပထမဆုံးတက်ရောက်မည့် ဆွေးနွေးပွဲတွင် ထူးခြားမှုရှိမည်ဟု မျှော်လင့်ထားကြပြီး ထို
ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိနိုင်ကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်
ငန်းကော်မတီဒုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေ ၁၉ ရက်တွင် ပြောကြားသည်။ “ဒီဆွေးနွေးပွဲက အောင်
မြင်မှာဖြစ်တယ်။ အဲဒီဆွေးနွေးပွဲပြီးရင် အလုံးစုံအပစ်အခတ်ရပ်စဲရေးကြီး ဖြစ်လာလိမ့်မယ်”ဟု ၀န်ကြီးက 7Day Daily ကိုပြောကြားခဲ့သည်။
 
အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဆိုတာ မြန်မာအစိုးရအပေါ်မှာပဲမူတည်ပါတယ်”ဟုစစ်ရေးနိုင်ငံရေး စောင့်ကြည့်
လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။ မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
ပြည်တွင်းပြည်ပမှ လေ့လာသူဖိတ်ကြားရေးအား KIO အဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာငြိမ်းချမ်း
ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ယခုကျင်းပမည့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရနိုင်သည်ဟုလည်း ဦးလမိုင်ဂွန်ဂျာ ကပြောကြားသည်။ “ရွှေလီဆွေးနွေးပွဲပြီးကတည်းက အရင်ကထက်စာရင် တိုက်ပွဲတွေက ပြောပလောက်
အောင်မဖြစ်တော့ဘူး”ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်း
ချမ်းရေးဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တား
နားကို သက်သေအဖြစ် တက်ရောက်ပေးရန် ကချင်ဒေသခံများက ဖေဖော်ဝါရီလအတွင်းကတောင်းဆိုခဲ့ကြ
သည်။
 
သူတို့ (KIO)ယုံကြည်တဲ့အဖွဲ့အစည်းသို့မဟုတ်လူတစ်ယောက်ရဲ့ ရှေ့မှာပြောကြတာဟာယုံကြည်မှု ဖြစ်စေ
တယ်။ စိတ်ချလက်ချဖြစ်တာပေါ့။ ဒါကြောင့်ယူအင်န်ပါလာတဲ့ကိစ္စက အရေးပါတယ်” ဟု ပဋိပက္ခဖြေရှင်းရေး
ကျွမ်းကျင်သူ ဦးတင်မောင်သန်းကပြောကြားသည်။ ရွှေလီမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
တွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC), RCSS/SSAနှင့်ကရင်အမျိုးသားအစည်းအရုံး မှ ခေါင်းဆောင်များ လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်မူ တရုတ်အစိုးရကိုယ်စားလှယ်တက်ရောက်ရန် အစီအစဉ်ရှိသော်လည်းမသေချာသေးကြောင်းဦးလမိုင်ဂွန် ဂျာကဆိုသည်။ကုလသမဂ္ဂအထွေထွေ အတွင်း
ရေးမှူးချုပ်၏ အထူးအကြံပေးပုဂိုလ်မစ္စတာနမ်ဘီယားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်
နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုခဲ့သည်။

7Day Daily News ,Rangonnewsdaily
RND:  :22.5.2013

0 comments:

Post a Comment