Pages

Wednesday, May 22, 2013

လူ(၉၁)ဦး သေဆုံးပြီး ယင်းတို့အနက် ကလေးငယ် (၂၄)ဦးလည်း အသက်ဆုံးရှုံးခဲ့သည့် အမေရိကန် အိုကလာဟိုးမား လေဆင်နှာမောင်း တိုက်ခတ်မှု

Photo

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားတွင် လေဆင်နှာမောင်း မွှေ့ယမ်းတိုက်ခတ်မှုကြောင့်အနည်းဆုံး လူ(၉၁)
ဦး သေဆုံးပြီး ယင်းတို့အနက် ကလေးငယ် (၂၄)ဦးလည်း အသက်ဆုံးရှုံး ခဲ့သည်ဟု ယူဆရကြောင်း သတင်း
များက ဖော်ပြခဲ့သည်။
အိုကလာဟိုးမားရှိ မောရ်အရပ်တတွင် ကျောင်းနှစ်ခုသည် အားကောင်း ပြင်းထန်လွန်းသည့် လေဆင်နှာ
မောင်းကြီးကြောင့် ပြားပြားဝပ်သွားသလို(၂)မိုင်မျှကျယ်ပြန့်သည့်ဧရိယာတစ်လျှောက်လူနေအိမ် မြောက်မြား
စွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည်။ 

တာဝန်ရှိသူများက ပလာဇာတာဝါ ကျောင်းအတွင်း ကလေးငယ် (၂)ဒါဇင်ထက်မနည်းသည် အပျက်အစီးပုံ
များအောက် ပိတ်မိနေသည်ဟု ယူဆရကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့၏ အသက်ဘေးအတွက်လည်း စိုးရိမ်နေ
ရကြောင်း ဝန်ခံခဲ့သည်။ 

Planet Myanmar Network , Rangonnewsdaily
RND:  :22.5.2013

0 comments:

Post a Comment