Pages

Monday, May 13, 2013

ဘောလုံးပိရိသတ်များအတွက် မန်ချက်စတာယူနိုက်တတ်နည်းပြကြီးဆာအဲလက်စ်ရဲ့ နှုတ်ဆက်စကား

ပရိသတ်များအတွက် ဆာအဲလက်စ်ရဲ့ နှုတ်ဆက်စကား

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး လူပုဂ္ဂိုလ်တွေပါ။ ကျွန်တော်ဟာ ဒီနိုင်ငံမှာ ရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို စီမံအုပ်ချုပ်ခွင့် ရခဲ့တာ အရမ်းကံကောင်းခဲ့ပါတယ်။ ဒီကစားသမားတွေ အကုန်လုံးဟာ ဒီပြိုင်ပွဲကြီးကို လှလှပပ အောင်နိုင်ခဲ့ကြဖူးတယ်။ သူတို့တွေ အကောင်းဆုံး လုပ်ဆောင်သွားခဲ့တာပါ။ သူတို့တွေဟာ ကျွန်တော်တို့ အသင်းကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကိုယ်စားပြုပေးခဲ့ပါတယ်။ ကျွန်တော် အနားယူတော့မယ်ဆိုတာ ကလပ်နဲ့ကျွန်တော်နဲ့ကြားက ဆက်ဆံရေး ပြီးဆုံးသွားတာမျိုးမဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ပွဲတွေကို ကြည့်နေဦးမှာပါ။ ထိခိုက်နာကျင်စရာ ရှိလည်း အတူတူပေါ့ဗျာ။  တကယ်လို့ ပြန်တွေးမိမယ်ဆိုရင် နောက်ဆုံးမိနစ်ဂိုး၊ ပြန်လည်အနိုင်ယူပြခြင်းနဲ့ ရှုံးနိမ့်မှုတွေဟာ ဒီခမ်းနားကြီးကျယ်တဲ့ ဘောလုံးအသင်းရဲ့ အစိတ်အပိုင်းတွေပါပဲ။ မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတွေပေါ့။ 

ကျွန်တော်ခင်ဗျားတို့ကို ပြန်ပြီးပြောပြချင်တာ တစ်ချိန်က ကျွန်တော့်မှာ အဆိုးဆုံးကာလတွေ ရှိခဲ့ဖူးတယ်။ ကလပ်အသင်း၊ ၀န်ထမ်းတွေနဲ့ ကစားသမားတွေဟာ အားလုံး ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့ကြတယ်။ အဲ့ဒီလို လုပ်ရပ်မျိုးကို ခင်ဗျားတို့ မန်နေဂျာအသစ်အပေါ်မှာလည်း ဆက်လက်ဖြည့်ဆည်း ပေးကြပါ။ ကျွန်တော်က စိတ်ထဲမှာ ထားတဲ့သူမဟုတ်ဘူး။ ကျွန်တော့်ပါးစပ်က ပွစိပွစိ ပြောတတ်တယ်။ တစ်လက်စတည်း ဒီနေ့မှာ ဘောလုံးကစားခြင်းက အနားယူမယ့် ပေါလ်စခိုးကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်။ ဒီကလပ်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာ သူဟာလည်း တစ်ယောက် အပါအ၀င်အဖြစ် အမြဲရှိနေမှာပါ။ သူ့ရဲ့ အနားယူခြင်းအတွက်လည်း ကျွန်တော်ဆုတောင်းပေးပါတယ်။ ဒါ့အပြင် ဒါရင်ဖလက်ချာကိုလည်း ဒဏ်ရာကနေ အမြန်သက်သာလာပါစေလို့ ဆုတောင်းပေးပါတယ်။ အနာဂါတ်မှာ ကစားသမားတွေ အကုန်လုံး ဆက်လက်အောင်မြင်ပါစေလို့လည်း ကျွန်တော်ဆုတောင်းပေးပါတယ်။ သူတို့ ဘယ်လောက်တော်လည်း သူတို့သိရမှာပါ။ ဘာအတွက်နဲ့မှ စိတ်ဓါတ်မကျပါနဲ့။ ဒီမှာ မျှော်လင့်ချက်တွေ အမြဲရှိနေပါတယ်။ ခင်ဗျားတို့ကို ဖာဂူဆင်မိသားစု ကိုယ်စားကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြီးတော့ ကျွန်တော့်မြေးတွေကိုလည်း ကျွန်တော်ချစ်ပါတယ်။”

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး လူပုဂ္ဂိုလ်တွေပါ။ ကျွန်တော်ဟာ ဒီနိုင်ငံမှာ ရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို စီမံ
အုပ်ချုပ်ခွင့် ရခဲ့တာ အရမ်းကံကောင်းခဲ့ပါတယ်။ ဒီကစားသမားတွေ အကုန်လုံးဟာ ဒီပြိုင်ပွဲကြီးကို လှလှပပ
အောင်နိုင်ခဲ့ကြဖူးတယ်။
သူတို့တွေ အကောင်းဆုံး လုပ်ဆောင်သွားခဲ့တာပါ။ သူတို့တွေဟာ ကျွန်တော်တို့ အသင်းကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကိုယ်စားပြုပေးခဲ့ပါတယ်။

ကျွန်တော် အနားယူတော့မယ်ဆိုတာ ကလပ်နဲ့ကျွန်တော်နဲ့ကြားက ဆက်ဆံရေး ပြီးဆုံးသွားတာမျိုးမဟုတ်
ပါဘူး။ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ပွဲတွေကို ကြည့်နေဦးမှာပါ။ ထိခိုက်နာကျင်စရာ ရှိလည်း အတူတူပေါ့ဗျာ။တကယ်လို့ ပြန်တွေးမိမယ်ဆိုရင် နောက်ဆုံးမိနစ်ဂိုး၊ ပြန်လည်အနိုင်ယူပြခြင်းနဲ့ ရှုံးနိမ့်မှု
တွေဟာ ဒီခမ်းနားကြီးကျယ်တဲ့ ဘောလုံးအသင်းရဲ့ အစိတ်အပိုင်းတွေပါပဲ။ မယုံနိုင်စရာကောင်းတဲ့ အတွေ့
အကြုံတွေပေါ့။

ကျွန်တော်ခင်ဗျားတို့ကို ပြန်ပြီးပြောပြချင်တာ တစ်ချိန်က ကျွန်တော့်မှာ အဆိုးဆုံးကာလတွေ ရှိခဲ့ဖူးတယ်။ ကလပ်အသင်း၊ ၀န်ထမ်းတွေနဲ့ ကစားသမားတွေဟာ အားလုံး ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့ကြတယ်။ အဲ့ဒီလို လုပ်ရပ်မျိုးကို ခင်ဗျားတို့ မန်နေဂျာအသစ်အပေါ်မှာလည်း ဆက်လက်ဖြည့်ဆည်း ပေးကြပါ။ ကျွန်

တော်က စိတ်ထဲမှာ ထားတဲ့သူမဟုတ်ဘူး။ ကျွန်တော့်ပါးစပ်က ပွစိပွစိ ပြောတတ်တယ်။ တစ်လက်စတည်း ဒီနေ့မှာ ဘောလုံးကစားခြင်းက အနားယူမယ့် ပေါလ်စခိုးကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်။ ဒီကလပ်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာ သူဟာလည်း တစ်ယောက် အပါအ၀င်အဖြစ် အမြဲရှိနေမှာပါ။ သူ့ရဲ့ အနားယူခြင်းအတွက်လည်း ကျွန်တော်ဆုတောင်းပေးပါတယ်။ 

ဒါ့အပြင် ဒါရင်ဖလက်ချာကိုလည်း ဒဏ်ရာကနေ အမြန်သက်သာလာပါစေလို့ ဆုတောင်းပေးပါတယ်။ အနာ
ဂါတ်မှာ ကစားသမားတွေ အကုန်လုံးဆက်လက်အောင်မြင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်
။ သူတို့ ဘယ်လောက်တော်လည်း သူတို့သိရမှာပါ။ 

ဘာအတွက်နဲ့မှ စိတ်ဓါတ်မကျပါနဲ့။ ဒီမှာ မျှော်လင့်ချက်တွေ အမြဲရှိနေပါတယ်။ ခင်ဗျားတို့ကို ဖာဂူဆင်
မိသားစု ကိုယ်စားကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြီးတော့ ကျွန်တော့်မြေးတွေကိုလည်း ကျွန်တော်ချစ်ပါတယ်။”

Rangonnewsdaily
RND:  :13.5.2013

0 comments:

Post a Comment