Pages

Monday, May 13, 2013

ဆိုက်ကလုန်းမုန်တိုင်း 01B MAHASEN နဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်

01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်	

မေလ ၁၂ ရက် ၂၀၁၃ 

(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။
အချိန် ည(၁၁း၁၅)နာရီ။ 
ရက် (၁၂-၅-၂၀၁၃)။

မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ နေ့လည်ပိုင်းတုံးကတော့ ကာလကတ္တားဘက်က လေပူတွေ တိုးဝင်လာလို့ အားတစ်ချက်လျော့သွား ခဲ့ရပါသေးတယ်။ အခုညပိုင်းမှာတော့ အားတွေပြန်ပျိုးပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ပြန်လည် ချီတက်နေပြီဖြစ်ပါတယ်။ ညနေပိုင်း(၃)နာရီခွဲ အချိန်တိုင်းတာချက်အရ တစ်နာရီ လေတိုက်နှုန်း တစ်နာရီ (၆၅)မိုင် ရှိနေပါတယ်။

အဆုံးအဖြတ်ကတော့ မနက်ဖန် (၁၃-၅-၂၀၁၃)ရက် ပါ။ နေ့လယ်(၁၂)နာရီခွဲမှာ အနောက်မြောက် ဖက် သွားနေရာကနေ မြောက်ဖက်ကို စလှည့်ပါလိမ့်မယ်။ နောက်တော့ အရှေ့မြောက်ဖက်ကို တဖြည်းဖြည်း ပြောင်းသွားပါလိမ့်မယ်။ အဲဒီနောက်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဆီကို စတင် ဦးတည် ရွေ့လျှားတော့မှာဖြစ်ပါတယ်။

ကမ်းကိုဝင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနားက ၀င်မယ်လို့ခန့်မှန်းထား ပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၈၅-၁၀၅ မိုင် နှုန်းရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ လေပြင်းကြောင့် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် (၁၈)ပေ နဲ့ မုန်တိုင်းဒီရေအမြင့်ကတော့ (၃-၅)ပေခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းပါဗျာ။
မေလ (၁၅)(၁၆)ရက်များကိုတော့h ရခိုငပြည်နယ် ကမ်းရိုးတန်းဒေသ နဲ့ ကမ်းလွန် ပင်လယ်ပြင် ဒေသတွေကိုတော့ ရေလှိုင်း နဲ့ လေပြင်းအန္တရာယ်ရှိနိုင်တဲ့ဒေသလို့ သတ်မှတ်ထားစေချင်ပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)

မေလ ၁၃ ရက် ၂၀၁၃

(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။ မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့
လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ
(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ ဒါဟာ အိန္ဒိယနိုင်
ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်
လက် ရှိနေဆဲဖြစ်ပါတယ်။ နေ့လည်ပိုင်းတုံးကတော့ ကာလကတ္တားဘက်က လေပူတွေ တိုးဝင်လာလို့ အားတစ်ချက်လျော့သွား ခဲ့ရ
ပါသေးတယ်။ အခုညပိုင်းမှာတော့ အားတွေပြန်ပျိုးပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ပြန်လည် ချီတက်
နေပြီဖြစ်ပါတယ်။ ညနေပိုင်း(၃)နာရီခွဲ အချိန်တိုင်းတာချက်အရ တစ်နာရီ လေတိုက်နှုန်း တစ်နာရီ (၆၅)မိုင် ရှိနေပါတယ်။

အဆုံးအဖြတ်ကတော့ မနက်ဖန် (၁၃-၅-၂၀၁၃)ရက် ပါ။ နေ့လယ်(၁၂)နာရီခွဲမှာ အနောက်မြောက် ဖက် သွားနေရာကနေ မြောက်ဖက်ကိုစလှည့်ပါလိမ့်မယ်။ နောက်တော့အရှေ့မြောက်ဖက်ကိုတဖြည်းဖြည်း ပြောင်း
သွားပါလိမ့်မယ်။ အဲဒီနောက်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဆီကို စတင် ဦးတည် ရွေ့လျှားတော့မှာဖြစ်
ပါတယ်။

ကမ်းကိုဝင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနားက ၀င်မယ်လို့ခန့်မှန်းထား ပါတယ်။ လေ
တိုက်နှုန်းကတော့တစ်နာရီကို၈၅-၁၀၅ မိုင် နှုန်းရှိနိုင်တယ်လို့ခန့်မှန်းပါတယ်။ လေပြင်းကြောင့်ပင်လယ်
ပြင်မှာ ရေလှိုင်းအမြင့် (၁၈)ပေ နဲ့ မုန်တိုင်းဒီရေအမြင့်ကတော့ (၃-၅)ပေခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထား
ကြောင်းပါဗျာ။

မေလ (၁၅)(၁၆)ရက်များကိုတော့h ရခိုငပြည်နယ် ကမ်းရိုးတန်းဒေသ နဲ့ ကမ်းလွန် ပင်လယ်ပြင် ဒေသတွေ
ကိုတော့ ရေလှိုင်း နဲ့ လေပြင်းအန္တရာယ်ရှိနိုင်တဲ့ဒေသလို့ သတ်မှတ်ထားစေချင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment